ငတတ်ပြားပေးသွားတဲ့သင်ခန်းစာ "အနီးကပ်ရန်သူ"

Words
130
Reading
1 min
Listen
Play
9y

ကျွန်တော်တို့ရှေးရာဇဝင်တွေထဲတွင်စိတ်အဝင်စားရဆုံးအကြောင်းများထဲမှ အင်းဝခေတ်ကကျွန်တော်သိသောသူခိုးကြီးငတတ်ပြားအကြောင်းကိုတင်ပြလိုပါသည်.သူပေးသွားသောသင်ခန်းစာက ကျွန်တော်တို့ယနေ့ခေတ်ထိကို အကျိုးရှိမည်ဟု ထင်မိသည်.
image

ကျွန်တော်တို့တို့ကြားဖူးခဲ့သည့်အတိုင်းသူခိုးကြီးငတတ်ပြားသည် ခိုးသည့်အလုပ်ကိုလုပ်သည်ဆိုပေမဲ့အလွန်သစ္စာရှိသည်ဟု ကျွန်တော်တို့ကြာဖူးသည်.ဟုတ်ပါသည်.သူသည် သူခိုးမည့်အိမ်တိုင်းတွင် မရှိဆင်းရဲသားအိမ်တို့တွင်မခိုးယူဘဲ သူဋေးသူကြွယ်တို့အိမ်များတွင်သာခိုးယူလေ့ရှိသည်.နောက်ပီးသူခိုးယူပီးရလာသောပစ္စည်းများကိုလည်းအကုန်လုံးကိုသူကိုယ်ကျိုးကောင်းဖို့အတွက်တစ်ခုထဲမကြည့်ဘဲ မရှိဆင်းရဲသားများကို ခွဲယူပေးလေ့ရှိသည်.ထို့ကြောင်းလည်းလူကုန်တန် သူဋေး သူကြွယ် မူးကြီးမတ်ရာများကအလွန်အမင်းအမျက်နော်ရှကြသော်လည်း သူဆင်းရဲများက သူခိုးကြီးငတတ်ပြားကို အလွန်အမင်းချစ်ကြလေသည်.သူတို့ချစ်သာလည်းအပြစ်မဆိုကြေ ငတတ်ပြားသည် အထိုက်ပသင့်ပင် သူတို့၏ကျေးဇူးရှင်ဖြစ်နေလေသည်ကိုး.ကျွန်နော်သိရသေလာက်တော့ငတတ်ပြားသည် သူ၏ဝါသနာကိုကား သူများပစ္စည်းကိုခိုးဖို့ရာကသူ၏ဝါသနာကြောင့်ပင်ဖြစ်လေသည်.ဖြစ်မည်ဆိုလျှင်လည်းဖြစ်နိုင်ပါသည်.သူသည် တန်ဆောင်မုန်းလပြည့်ည ၁၂နာရီသန်းခေါင်းယံအချိန်တွင်သူ့ကိုမွေးဖွားလေသည်.ထို့ကြောင့်လည်းသူခိုးနက္ခတ်ပါလာလေသည်.ကျွန်နော်ထင်မိပါသည်.ကျွန်တော်တို့ယနေ့ခေတ်ထိ တန်းတောင်မုန်းလပြည့်ညကို အရပ်စကားအရ
"ထင်းခိုးည" ဟုခေါ်ဝေါ်ရခြင်းမှာ တန်းဆောင်မုန်းလပြည့်ည ၁၂နာရီသန်းခါင်ယံအချိန်တွင်ဖွင်းမြင်သော သူခိုးကြီးငတတ်ပြားကြောင့်ပင်ခေါ်ဝေါ်ရခြင်းဖြစ်သည်.
image

သူခိုးကြီးငတတ်ပြားသည်အင်းဝခေတ်တွင်ထင်ရှကျော်ကြားသော သူခိုးတစ်ယောက်ဖြစ်သည်.သူ့ကိုဖမ်းစီးရန် မင်းမူထမ်းများကအကြိမ်ကြိမ်ကြိုးပမ်းသော်လည်း တစ်ကြိမ်တစ်ခါမျှမအောင်မြင်ပေ.သူ၏အစွမ်းထက်ပုံကလည်း အမခန်းစရာပဲဖစ်သည်.စာရေးသူကျွန်တော်ကိုယ်တိုင်သိရသလောက်တော့သူသည် ငှက်ပျောရွက်ပေါ်ဠ်ပင် အိပ်နိုင်သည်ဟု သိရသည်.ဒီလောက်အစွမ်းထက်သောကြောင့် မင်းမူထမ်းများမဖမ်းနိုင်လျင်လည်း အပြစ်မဆိုသာချေ.သူ၏ကျွန်တော်တို့မသိသေးသောအစွမ်းအစများလည်းအများအပြားရှိပေလိမ့်မည်.ထို့ကြောင့်လည်းလည်း သူခိုးကြီးငတ်ပြားကိုဖမ်းဆီးရန် မင်းမူထမ်းတို့အတွက်များစွာအခက်အခဲရှိခဲ့သည်.
နောက်ဆုံးတွင်ထိုသတင်းကို အင်းဝဘုရင်နားတော်တွင်ရောက်ရှိပီး အမျက်တော်ရှလေသည်.ထို့ကြောင်းအင်းဝဘုရင် သူတိုးမင်းဖျားသည် သူခိုးကြီးငတတ်ပြားကိုသူကိုယ်တိုင်ဖမ်းဆီးရန်ဆုံးဖြတ်ချင်ချလိုက်လေသည်.သူခိုးကြီးနည်းမျိုးစုံဖြင့်ကပ်ပီးနောက်ဆုံးတွင် ဘုရင်အဖြစ်မှရုပ်ဖျက်ကာ သူခိုးကြီယငတတ်ပျား၏အနီးနားကို ရုက်ဖျက်ကာသူခိုးကြီးငတတ်ပြား၏တပည့်အဖြစ်လက်ခံရန် အသနားခံလေသည်.သူခိုးကြီးငတတ်ပြား၏ သူခိုးယူမည့်အိမ်ကို ခိုးယူပုံ
ချဉ်းကပ်ပုံတို့ကို သင်ယူသောအခါ သူခိုးကြီးငတတ်ပြားလည်း သူတပည့်၏လုပ်ပုံကိုင်ပုံကိုကြည့်ကာ သူ၏တပည့်အဖြစ်တဖြည်းဖြည်းနှင့်လက်ခံလာလေသည်.နောက်ဆုံးတွင် သူခိုးကြီးငတတ်ပြားကို အယုံသွင်းကာ.ယုံကြည်စိတ်ချလောက်တဲ့အချိန်မှ အသာအယာဖမ်းဆီးခဲ့လေသည်.ထို့ေုကာင့် ကျွန်တော်တို့ယနေ့ထက်ထိ တွင်တွင်ကျယ်ကျယ်သုံးနေသောစကားတစ်လုံရှိလာခဲ့သည်.ထိုစကားမှာ
"လူယုံသတ်ရင် သေနိုင်တယ်"
"ကြောက်စကာအရမ်းကောင်းတယ် "
ဟူ၍ဖြစ်သည်.

သူခိုးကြီးငတတ်ပြားလည်း သူ့ကိုတပည့်အဖြစ်လိမ်လည်ပီး လူယုံသွင်းသွားသော အင်းဝဘုရင်၏ပရိယာယ်ကြောင့်ပင် အဖမ်းဆီးခံခဲ့ရသည်.အင်းဝဘုရင်သည် သူခိုးကြီးငတတ်ပြားကိုအင်းဝဘုရင်၏အဖမ်းဆီးခံရပီး အင်းဝဘုရင်က မေးလေသည်.
အသင့်ကိုသေဒဏ်ပြစ်ဒက်ပေးမည်.
တုတ်/ဓား/လေး/မြှား လက်နက်မျိုးစုံမေးပီး ဘယ်လက်နက်နှင့်အသေခံမည်လဲဟု သူခိုးကြီးငတတ်ပြားကိုမေးရာ
သူခိုးကြီးငတတ်ပြားက
"ကျွန်တော်မျိုးဘာမှ အလိုမရှိပါ.
အရှင်မင်းကြီး၏မိဘုရား စောဥမ္မာကိုသာအလိုရှိပါသည်" ဟုဖြေကြားလိုက်ရာမူးကြီးမတ်ရာများအားလုံးအံအားသင့်သွားခဲ့ရသည်.ကျွန်တော်ဆိုလျှင်လည်း အဲ့ဒီ ဘုရင့်နေရာဆိုလျင် ငတတ်ပြားကို ဒေါသစိတ်ဖြင့် ချက်ချင်းကွပ်မျက်ပစ်ရင် ကွပ်မျက်ဖို့တွေးမိလိမ့်မည်.
ဒါပေမဲ့အင်းဝဘုရင်က ဒေါသမထွက်ပဲ
ရဲရင့်သောသူခိုးကြီး ငတတ်ပြားကို မကွက်မျက် ဘဲဘုရင့်အမူတော်အရာထမ်းရန်သာ တာဝန်ပေးအပ်လေတော့သည်.
image
ထို့ကြောင့် လူယုံကိုအရမ်းကြီးမယုံဘဲသတိထားဖို့နှင့် ကိုယ့်စိတ်ထဲတွင်ရှိသောအကြောင်းအရာကိုရဲရဲဝံ့ဝံ့ပြောဆိုရန် သူခိုးကြငတ်ပြားက သင်ခန်းစာပေးသွားလေသည်.
Photo credit from google image

ကျွန်တော်သည် ရှေးခေတ်သမိုင်းများကို အရမ်းစိတ်ဝင်စားသောကြောင့်သိသောအကြောင်းအရာများကို တင်ပြခြင်းဖြစ်ပါသည်.စာရေးဆရာ မဟုတ်သောကြောင့်တစ်ခုခုအမှားပါခဲ့သည်ရှိသော် ခွင့်လွှတ်ပေးပါရန် ကျွန်တော်ဒီကနေပဲ တောင်းပန်လိုက်ပါသည်.
Steemit platformတွင်ရှိသော
သင်ဆရာ/မြင်ဆရာ/ကြားဆရာ အားလုံးကို ဦးထိပ်ထားလျှက်
Author patrickshar@patrickshar
MSC-174

ငတတ်ပြားပေးသွားတဲ့သင်ခန်းစာ "အနီးကပ်ရန်သူ" | Ecency