အုံ့မှိုင်တဲ့ ရာသီ
စိုစွတ်စွာနဲ့ ငိုနေသည်။
ဒီဝဿဿန်ရဲ့ အလွမ်းပန်ချီ
မေ့ရင်ထဲ မချိပြီ
မေ့အသည်းဘဝင်
အလွမ်းတွေစီပြီ
ဒီမိုးရဲ့ အလွမ်းပန်ချီ
ငေးငိုင်ကာ စိတ်ဘဝင်က
မခိုင်ခန့်တဲ့ မေ့မျက်ရည်ကို
သွန်းဖွဲ့လို့ ခေါ်ကာနေပြီ
ဒီဝဿ န်ရဲ့ အတွေးပန်ချီ
မျက်ဝန်းတစ်စုံ မမှိတ်ချနိုင်ပြီ
မိုးစက်တွေရဲ့ တေးပန်ချီ
မေ မအိပ်နိုင်ပြီ
အို. . . ဝဿ န်ရဲ့
ရွှဲစိုးတဲ့ ဒီရာသီ. . .
Author - pannthiri
photo model - lovely sister
myanmar steemit