ချစ်ခြင်းတရား

Words
46
Reading
1 min
Listen
Play
8y

image
နူးညံ့လှတဲ့ ချစ်ခြင်းတရားတွေ
လူတိုင်းရင်မှာ ဖြစ်တည်ကြစမြဲ
ချစ်ခြင်းတွေ ရုပ်မဆိုးစေဖို့
သာယာလှပတဲ့ ချစ်ခြင်းမေတ္တာတွေ
ဖန်တီးတတ်ကြပါစေ. . .

အစိုင်အခဲတွေ တဖြေးဖြေးနဲ့
စုစည်းလို့ သံသယတွေပွား
ဒီလိုနဲ့ ချစ်သူတွေကြား
မလိုလားအပ်တဲ့ အဆိပ်တွေများ
မထားပါနဲ့လား. . .

တစ်ယောက်နှင့်တစ်ယောက်
နားလည်မှုတွေနဲ့တည်ဆောက်လို့
ယုံကြည်မှု တံတိုင်းတွေနဲ့
ခတ်ထားလိုက်ပါလား. . .

ချစ်သူတွေတိုင်း
အချစ်ကို အချစ်နဲ့
ဖွဲ့သီလို့
အေးမြတဲ့ ချစ်ခြင်းတရားတွေ
ဖန်တီးလို့ သာယာကြပါစေလို့. . .

Author- Pannthiri
myanmar steemit
photo credit - http://www.psychicsuniverse.com/articles/love-relationships/relationships/compatibility/physical