နေဝင်ချိန် တိတ်တဆိတ်

Words
37
Reading
1 min
Listen
Play
8y

နေဝင်ချိန်တချို့
ကိုယ်မသိလိုက်ဘဲနဲ့
သူတိတ်တဆိတ်
ပျောက်ကွယ်သွားခဲ့တယ်. . .

နေထွက်ချိန်တွေ
လူမသိ သူမသိနဲ့
ငါ ကြောက်လန့်နေမိပြန်တယ်

မနက်ခင်းအတွက်
အသက်ရှုသံတွေ
ပြည့်စုံဖို့
သံသရာခရီး ဆက်နှင်ဖို့
အင်အားတွေနဲ့
တွန်းလှန်လို့ ရုန်းကန်ရဦးမယ်. .

ရုန်းကန်ခြင်းရဲ့ အဆုံးမှာ
သေဆုံးခြင်းက သေချာပေါက်
လက်ကမ်းကြိုနေပြန်တာ. .
သေချာတဲ့ ကြိုဆိုမှုကို
မည်သည့် သတ္တဝါတွေ
မငြင်းပယ်နိုင်ရှာ. . .

image
Author- pannthiri
myanmar steemit

နေဝင်ချိန် တိတ်တဆိတ် | Ecency