အလွမ်းကော်ဖီ

Words
45
Reading
1 min
Listen
Play
8y

ကော်ဖီတစ်ခွက်နဲ့
မနက်ခင်းရဲ့ အတွေးကမ္ဘာ
မေ့ရင်ထဲ အလွမ်းတေးကဗျာ
ဖွဲ့သီနေလေရဲ့. . .

အတူရှိခဲ့ဖူးတဲ့ နေ့ရက်တိုင်းကို
ပျော်ရွှင်စွာ ရယ်သံတွေနဲ့
ကုန်ဆုံးခဲ့ဖူးတာ
လွမ်းမိလို့. . .မျက်ရည်ဝဲ. . .

အခုတော့
မေ့ရင်မှာ အလွမ်းမိုးတွေရွာလို့
အလွမ်းနဲ့ရောနေတဲ့
အလွမ်းကော်ဖီလေးနဲ့
အဖော်ပြုနေရလေရဲ့. . .

ခါးဆိမ့်တဲ့ အလွမ်းကော်ဖီ
သူ့ကိုလွမ်းနေတဲ့
တမ်းတမှုကို
မကျော်လွှာနိုင်
အော်. . . အလွမ်းတွေပြေဖို့
ဖြေသိမ့်ပေးပါ
အလွမ်းကော်ဖီရယ်. . .
image
Author-Pannthiri
photo credit - https://siewalls.co/image-of-coffee-cup-wallpaper/
Myanmar steemit

အလွမ်းကော်ဖီ | Ecency