စိတ်ညစ်တယ်ဆိုတာအလကားအလုပ်လို့ ကျွန်တော်တင်တယ်ဗျာ ညီကိုတို့မှန်လား?
အားလုံးကို မင်္ဂလာပါလို့ ကျွန်တော် မောက်ဇော်ဇော်ထွေး
နှုတ်ခွန်းဆက်သပါတယ်ဗျာ အခုကျွန်တော်ရဲ့ အတွေးတွေ
ထဲမှာ စိတ်ညစ်နေတယ်လေ စဉ်စားကြည့်တော့လည်း
စိတ်ညစ်တာကို ညစ်တယ်လို့ အော်နေလဲ ဘားမှထူးလာမှာ
မဟုတ်တဲ့အတွက် အခုလို စိတ်ညစ်တဲ့အကြောင်းလေးကို
ရေးမယ်လို့စိတ်ကူးမိတယ်အတွတ်ကြောင့် ရေးသားပြမှာပါ။
အမှားပါရင်လဲ ခွင့်လွတ်ပေးကြပါလို ကျွန်တော်ကြိုတင်အသိပေးအပ်ပါသည်။ လိုအပ်ချက်များ
ရှိခဲရင်လဲ ကျွန်တော်ကို သင်ပြပေးကြပါဗျာ။ကျွန်တော်ရဲ့
စာစုခေါင်းစဉ်းကိုတော့ ကျွန်တော်အခုလိုဘဲ ပေးထားတယ်
" စိတ်ညစ်တယ်ဆိုတာ အလကားအလုပ် "
ဘာပဲဖြစ်ဖြစ် စိတ်မညစ်ပါနှင့် စိတ်ညစ်တယ်ဆိုတာ
အလကားအလုပ်သာဖြစ်တယ် အပိုအလုပ်ဖြစ်တယ်။
အလုပ်ဆိုရာမှာလဲ အဓိပ္ပာယ်ရှိတဲ့အလုပ်နှင့် အဓိပ္ပာယ်
မရှိသော အလုပ်ရယ်လို့ ရှိတယ်။ပြီးတော့ ကုသိုလ်အလုပ်နှင့်
အကုသိုလ်အလုပ်ရယ်လို့ ရှိတယ်။
စိတ်ညစ်ခံခြင်းက အဓိပ္ပာယ်မရှိသောအလုပ်ဖြစ်ပြီး
အကုသိုလ်အလုပ်သက်သက်ဖြစ်တယ်ဗျ။လူတစ်ယောက်မှာ
စိတ်လေ စိတ်ညစ်လေ အကုသိုလ်များလေပဲ။မဟုတ်တာတွေလဲ လုပ်မိလေပါပဲဗျာ။
အလကားအလုပ်ကို လုပ်တဲ့လူဟာလောကမှာ အလကားလူပဲ
အဓိပ္ပာယ်ရှိတဲ့အလုပ်ကို လုပ်တဲ့သူသာ အဓိပ္ပာယ်
ရှိသောလူဖြစ်လို့ ကျွန်တော်ပြောပစေဗျာ။
အခုကျွန်တော် စိတ်ညစ်တယ်လို့ ပြောနေတဲ့ စကားသံတွေ
မကြခဏ ပတ်ဝန်ကျင်ကလူတွေပြောနေသံတွေ ကြားနေတယ်
ကျွန်တော်လဲ စိတ်ညစ်ဘူးတာပါဘဲ ကျွန်တော်အပါအဝင်
အဲသည်လူတွေဟာ စိတ်ညစ်စရာတွေပြုမူလုပ်ဆောင်လိုရယ်
စိတ်ညစ်တာဟာ အဓိပ္ပာယ်မရှိဘူးဆိုတာ မသိလို့ ပဲဖြစ်တယ်လို ကျွန်တော်မှတ်ယူထားတယ်ဗျာ။
ကျွန်တော်အပါအဝင် လူတွေဟာ စိတ်ပျော်တာကိုတော့
စိတ်ပျော်တယ်လို့ အပြောနည်းကြတယ်နော် သိပ်မပြောကြဘူး
စိတ်ညစ်ရင်တော့စိတ်ညစ်ကြောင်း ညည်းလိုက်ကြတာ
ခို ထက်တောင် ပိုညည်းပါတယ် မှန်လားဗျို့  ကျွန်တော်အထင်ကိုရေးထားတာပါ။
တကယ်တော့ စိတ်ညစ်တာဟာ လျှောက်ပြောနေလို့ လည်း
အပိုပါပဲ ဘယ်သူမပြု မိမိမှုမို့ ကိုယ့်စိတ်ညစ်တာကို ကိုယ်တိုင်ပဲဖြေရှင်းမှ ရနိုင်ပါတယ်။ အခြားလူ ဖြေရှင်းပေးလို့ 
ရတာက နည်းလှပါတယ်ဗျာ။
လူတိုင်း လူတိုင်းဟာ မိမိရဲ့စိတ်ချမ်းသာမှုကို မိမိဘာသာ
ပိုင်ဆိုင်နိုင်အောင် လုပ်နိုင်စွမ်းတွေ အပြည့်အဝရှိပါတယ်
ကိုယ့်ကိုယ်ကို အမြဲတမ်း ယုံကြည်စေချင်တယ်ဗျာ။
လူတွေမှာ သူတစ်ပါးက ကိုယ့်ကို စိတ်မချမ်းသာအောင်
ပြုမှုခံရတာထက် ကိုယ့်ကိုယ်ကို စိတ်မချမ်းသာအောင်
ပြုနေတဲ့သူက ပိုများတယ်လိုထင်တယ်လေ။
"စိတ်ညစ်တာ စိတ်ညစ်ခံရစားနေတာဟာ ဘာများ
အကျိုးရှိသလဲ စိတ်ညစ်ခံနေလို့ ဘာအကျိုးမှ ဖြစ်မလာဘူး။
ဖြစ်လာမှက အလုပ်ပျက်မယ် အချိန်ကုန်မယ် ကျန်းမာရေး
ပျက်လာမယ် စိတ်ညစ်တဲ့အတွက် ငွေလည်းကုန်ရတယ်"
စိတ်ညစ်ခံစားတဲ့အတွက် စီးပွားရေးကောင်းမလာဘူး
ကျန်းမာရေး ကောင်းမလာဘူး ဘာသာတရားကို သတိ
ရမလာဘူး အဲဒါကြောင့် စိတ်ညစ်ခံတာ အလကားအလုပ်
ဖြစ်တယ်လို့ ကျွန်တော်ပြောဆိုချင်တာ ဖြစ်တယ်ဗျာ ။
ကျွန်တော်တို့ အားလုံးက လောကမှာ လူဖြစ်လာရင်
ခန္ဓာကိုယ်ရလာရင် စာဝတ်နေရေးဒုက္ခနှင့် ခန္ဓာကိုယ်
ဒုက္ခကို ခံကြရမှာပဲ ဖြေရှင်းရမှပဲ။
စိတ်ညစ်ခံနေတဲ့လူဟာ အဲသည့်အရေးတွေကို
ထိထိရောက်ရောက် မဖြေရှင်းနိုင်ဘဲ သူမှာထက်မံဖြစ်လာမှာ
တွေက စိတ်ညစ်စရာတွေပဲ ဖြစ်လာဖို့ များပါတယ်ဗျာ။
စိတ်ညစ်ခံနေလို့ ဖြစ်နေတဲ့ ပြသာနာ ကြုံနေရတဲ့ဒုက္ခ
အခက်အခဲတွေဟာ ပြီးစီးမသွားဘူးလေ။
စိတ်ညစ်ခံလေ ပိုရှုပ် ပိုဒုက္ခရောက်လေ ပိုပြီးစိတ်ညစ်
ရလေလေပါပဲခဗျာ။
စိတ်ညစ်ခံတာဟာ ပြဿနာရဲ့အဖြေကို ရှာတာမဟုတ်ဘူး
ပြဿနာကို ပိုပြီးရှုပ်သည်ထက် ရှုပ်အောင်လုပ်တာဖြစ်တယ်။
ဒါပင်မယ့်လဲ စိတ်ညစ်တာဟာ အလကားအလုပ်ဖြစ်ပေမယ့်
သူတော်စင်မဟုတ်တဲ့ ကျွန်တော်အပါအဝင်လူသားအားလုံး
တိုင်းလိုလိုဟာ စိတ်ညစ်တတ်ကြပါတယ်။
ဥပမာဆိုပါဆို့  အညစ်ကလေးနဲ့ အညစ်ကြီးပဲ ကွာပါတယ်ဗျာ။
နောက်ပြီးတော့ တစ်ခုက စိတ်ဆင်းရဲတယ် "စိတ်ဆင်းရဲတယ်
လို့ ညည်းတွားနေခြင်းကလည်း စိတ်ကိုပိုပြီး ဆင်းရဲစေပါတယ်။စိတ်ကို ပိုပြီး ညစ်ကျူစေတတ်ပါတယ်ခဗျာ။
အချို့သော စိတ်ညစ်စရာ စိတ်ဆင်းရဲစရာတွေဟာ လောလောဆယ် ခံစားပြီး နောက်တော့လည်း ဘားမှမဟုတ်
တော့ဘူး။ ပြန်တွေးမိရင် ရယ်စရာသဘောတောင် ဖြစ်နေရင်
ဖြစ်နေတတ်ပါတယ်ဗျာ ဟီးးး။
လူစိတ်ဆိုတာအခက်သားဗျ ခုစိတ်ညစ်ပေမယ့် နောင်ညစ်ချင်မှညစ်မှာ ခု စိတ်ချမ်းသာပေမယ့် နောင်ကို
ညစ်ချင်ညစ်မှာလေ အဲဒါကြောင့် ဆိုရိုးစကားတောင်ရှိခဲတယ်
လူ့ စိတ်ကိုမျောက်စိတ်နဲ့ နိုင်ခဲ့ကြတယ့် ဆိုရိုးစကားလေးပါဗျာ။
စိတ်ညစ်မှုကို ဖြစ်ပေါ်စေနိုင်တဲ့ စိတ်ကအကြံအစည်တွေကို
ကြိုတင်ဖြိုဖျက်ပါ မတည်ဆောက်ပါနှင့် ပြီးပြီးပျောက်ပျောက်
အာရုံဖျောက်နိုင်အောင်းလုပ်ကြရမယ်နော်။နောက်ပြီး
လူတော်တော်များများက စိတ်ညစ်ပြီး ထိုင်နေ မှိုင်နေ
အရက်သောက်နေကြတာဟာ ဥပမာပြောရရင်ဗျာ
ညစ်ပတ်နေတဲ့ လက်နှီးစုတ်ကို အညစ်အကြေးတွေ
ထပ်ထပ်ပြီးသုပ်နေကြတာနဲ အတူတူဘဲလို ကျွန်တော်
ပြောပါရစေဗျာ။
စိတ်ညစ်တာကို ရှေ့တန်းတင်ထားရင် လုပ်စရာရှိတာတွေ
လုပ်ရေးအတွက် မေ့နေတတ်တယ်နော် သတိထားကြပါဗျာ။
စိတ်ညစ်တယ်ဆိုတာ အလကား အဓိပ္ပာယ်မရှိတဲ့
အလုပ်ဖြစ်လို့ စိတ်ညစ်ခြင်းကို ဖြေရှင်းရေးအတွက် ကတော့
ကျွန်တော်အထင်ပြောရရင်တော့ လုပ်စရာရှိတာထလုပ်တာ
အကောင်းဆုံးသော ဖြေရှင်းနည်းတစ်ခုဖြစ်မယ် ထင်တယ်ဗျာ။
""" မငိုနင့် သက်ပြင်းမချနှင့် မမှိုင်မခိုင်းနှင့် ကလေးတစ်ယောက် ငိုရင် မုန့် ရချင်ရမယ် မုန့် မရရင်
ဒုတ်ရမယ် ။လူကြီးငိုတာ မှိုင်တာ ငိုင်တာကျတော့
ဘာရမယ်ထင်လဲဗျ ? ကျွန်တော်ပြောပြမယ် အဖြေက
ကျက်သရေမရှိလို့ ဘယ်သူမှ မကြည့်ချင်ဘူး အနားကတောင်
ကိုယ့်ရဲသူငယ်ချင်းအပေါင်းအသင်းတွေက ခွာသွားကြလေရှိတယ်။""
စိတ်ညစ်တာ ထိတ်လန့်နာ စိုးရိမ်ကြောင့်ကြတာ
အားငယ်တာတွေ ပေါ်လာခဲ့ရင် ဆက်လက်မတွေးဘဲ
အတွေးကို ချက်ချင်းရပ်ပစ်ရမယ်။အတွေးကို ကိုယ့်ရဲ့
အသိတရားလေးနဲ့ ထိန်ချုပ်နိုင်အောင်ကြိုးစားရမယ်။
ဟူးးးးးး ခုမှဘဲ ခုနကကျွန်တော်စိတ်ညစ်နေတာတွေက
စာအဖြစ်ရေးလိုက်ရလို့ ကျွန်တော်အခုစိတ်မညစ်တော်ဘူး
အားလုံးလဲ ကျွန်တော်ရဲ့ စိတ်ညစ်တယ်ဆိုတာအလကားအလုပ် လို့ ကျွန်တော်ပေးထားတဲ့စာစုလေးကို ဖတ်လိုက်ကြရတယ်
အတွက်အသိတစ်ခုခုရကြရင်ဖြင့် ကျွန်တော်ကျေနပ်ပါတယ်။
အခုကျွန်တော်ရဲ့အတွေးစာစုကို နောက်နေတွင်လဲ ကျွန်တော်
အခုနည်းတူ ဆက်လက်ရေးသားပရစေဗျာ။စောက်မျော်
ဖတ်ရှုပေကြပါလို ပြောရင်းကျွန်တော်
@oolay>quote