Opening Ceremony

Words
173
Reading
1 min
2M
Listen to this post
~1 min

မနေ့ Shan State Futsal League (SFL) ဖွင့်ပွဲ ဖြစ်၏။ ဖွင့်ပွဲကို နေ့လည် ၂ နာရီ ကျင်းပမည် ဖြစ်၏။ ဒါပေမဲ့ အသင်းတွေကို နေ့လည် ၁၂ နာရီ ကတည်းက ခေါ်ထား၏။ အစမ်း လေ့ကျင့်ဖို့ ဘာညာတွေ အတွက်ပေါ့။ လာဆိုတော့လည်း သွားကြရုံပေါ့။ ဒီနေ့ ကစားရမယ့် အသင်းတွေ အနေဖြင့် တရက်ထဲ အပြီး ဖြစ်ပေမဲ့ နောက်ရက်မှ ကစားမယ့် အသင်းတွေမှာ နောက်ရက် ထပ်လာ ကြရပေလိမ့်မည်။

တောင်ကြီး မိုးလုံ လေလုံ အားကစားကွင်းက ဘက်စုံသုံး အားကစားရုံ ဖြစ်၏။ ရွှေညောင် အားကစားရုံကတော့ Futsal အားကစား အတွက် သီးသန့်လို့ ပြောတာပါပဲ။ နောက်မှ တခြားဟာတွေ ပါလာရင်တော့ မသိပေ။ တခြား အားကစားနည်းတွေ အတွက် သုံးမယ် ဆိုရင်လည်း သုံးလို့တော့ ရပါ၏။ ရွှေညောင်ကွင်းက တောင်ကြီးကွင်းထက်စာရင် နည်းနည်း ကျဉ်းသရောင် ရှိ၏။ တကယ်လည်း ကျဉ်းပါ၏။

ပကျော့ တခုလုံး ရွှေညောင် ကွင်းမှသာ ကစားကြရမည် ဖြစ်၏။ တပတ်ကို တကြိမ်၊ တခါတလေ နှစ်ကြိမ် ဖြစ်ပေလိမ့်မည်။ မနေ့က ၁၂ နာရီလောက် ကျနော်တို့ ရောက်ကြ၏။ ဝတ်စုံတွေလဲ ပြင်ဆင်ပြီး လူကြီးကို စောင့်ရ၏။ ထုံးစံအတိုင်း လူကြီးက တော်တော်နှင့် မလာ။ ကြိုဆိုရေး အနေဖြင့် ဘင်ခရာ၊ တိုးနီးယား နှင့် ကျောင်းသား၊ ကျောင်းသူလေးများ၊ အားကာ သင်တန်းသားလေးများ ပါဝင်ကြ၏။

ရွှေညောင်က တောင်ကြီးထက် စာရင် အတော်လေး ပူ၏။ တောင်ပေါ်ကနေ ဆင်းပြီး အေးသာယာမြို့ ရောက်ရင်ကို သိသိသာသာ ပူလာပြီ။ ကျနော်တို့က အားကစားရုံထဲ စောင့်ရလို့ တော်သေး။ အခြား ကြိုဆိုရေး ကလေးငယ်များက နေပူကြီးထဲ စောင့်ရ၏။ ၂ နာရီလောက်နေတော့ ဝန်ကြီးချုပ်ဆိုသည့် လူကြီး လာ၏။ အဖွင့် အမှာစကားပြော အခမ်းအနား ဖွင့်လှစ်ပေးပြီး ပြန်ပျောက်သွား၏။ ၁ နာရီလောက် ကြာ၏။ သူပြန်လာမှ ဖွင့်ပွဲ ကစားရမယ့်သူတွေ ကန်ကြရ၏။

ဖွင့်ပွဲကို ပြိုင်ဆိုင်မယ်ထင်သည့် အသင်းအတွဲ အရင် ကစားစေ၏။ မြိုင်လည်း မြိုင်ပါ၏။ ကြည့်လို့လည်း ကောင်း၏။ မည်မျှ မြိုင်လည်းဆို ပွဲပြီးတော့ ရန်ပါ ထဖြစ်ကြလေ၏။ နှစ်သင်းလုံး မှားတယ် ဆိုပေမဲ့ တဖက်အသင်းက အရင် စလာခြင်း ဖြစ်၏။ ပွဲပြီးနေတာကို လူချ ကစားသွားလို့ ဖြစ်လေ၏။ ကစားသမားတွေ ရန်ဖြစ် လူကြီးလည်း ထပြန် ကောင်းရော။

Opening Ceremony | Ecency