လူ့ဘဝတွင် ချမ်းသာခြင်းနဲ့ဆင်းရဲခြင်း ကံကောင်းခြင်းနဲ့
ကံဆိုးခြင်းတွေကို လူသားတိုင်းကြုံဖူးကြမည်မှာ မလွဲဧကန်ပင်
ဖြစ်သည်။ကျွန်တော့်ဘဝသည်လည်းထိုသို့သော ချမ်းသာခြင်
ဆင်းရဲခြင်း ကံကောင်းခြင်းနဲ့ကံဆိုးခြင်းတွေကို ဘဝအလှည့်
အပြောင်းအတိုင်း ခါးသီးစွာခံစားခဲ့ရတယ်။
ကျွန်တော်သည်မိခင်ဝမ်းတွင် သန္ဓေတည်တုန်းက ကံကောင်း
သောလူတစ်ယောက်အဖြစ်ရောက်ရှိလာခဲ့တယ်လို့ ထင်ကောင်းထင်လိမ့်မယ် ဒါပေမယ့်ကျွန်တော်ကံဆိုးခဲ့ပါတယ်
ကျွန်တော့်ကိုဖေဖေနဲ့မေမေက လူလောကထဲကို
ချစ်ခင်ကြင်နာစွာနဲ့ ခေါ်ဆောင်လာခဲ့ကြပါတယ် ဒါပေမယ့်
အဲဒိချစ်ခင်ကြင်နာမူတွေက မခိုင်မြဲကြပါဘူး။
ကျွန်တော်လူ့လောကထဲရောက်ပြီး လေးနှစ်ပြည့်တဲ့နေမှာပေါ့
ဖေဖေနဲ့မေမေတို့စကားများကြတယ်။
"ရှင်ကဘားမှ အသုံးမကျတဲ့သူ အမြော်အမြင်မရှိတဲ့သူ
အလကား သုံးမရတဲ့လူ" လိုပြောတဲ့အခါ ဖေဖေက
စိတ်ဆိုးပြီး အိမ်ကထွက်သွားခဲ့တယ်။ကျွန်တော်တို့ရဲ့
အိမ်ထောင်ဦးဖခင်ကြီးက စိတ်ဆိုးပြီးထွက်သွားခဲ့တာ
အချိန်အတော်ကြာသွားခဲ့တယ်။ ဖေဖေပြန်ရောက်လာတဲ့အခါ
အမေဟာအဖေ့ရဲ့မိသားစုအပေါ် တာဝန်ပျက်ကွက်မူတွေကို
သည်းမခံနိုင်တော့တဲ့အဆုံး ကွာရှင်းခွင့်တောင်းခဲ့တယ်။
အဖေကလည်းသူ့မာနနဲ့သူဆိုတော့ ကွာရှင်းခွင့်ပေးခဲ့တယ်လေ
ကျွန်တော်က မိစုံဖစုံနဲ့ မွေးဖွားလာခဲ့ပေမယ့် ကျွန်တော်အသက် လေးနှစ်အရွယ်မှာပဲ မိသားစုအသိုက်အမြုံလေးကပြိုကွဲခဲ့ရတယ်။ နှစ်အနည်းငယ်
ကြာတဲ့အခါ ကျွန်တော့်ရဲ့ဖေဖေနဲ့မေမေတို့က
နောက်အိမ်ထောင်ကိုယ်စိပြုခဲ့ကြတယ်။ မေမေကတော့
ကျွန်တော့်ကို မခွဲနိုင်လို့ သူနဲ့အတူနေဖို့ခေါ်သွားခဲ့တယ်။
ကျွန်တော်ကံကောင်းခဲ့ပါတယ် ကျွန်တော့်မေမေရဲ့နောက်အိမ်ထောင်က ကျွန်တော့်ကို
မေမေ့ရဲ့မျက်နှာနဲ့ လိုလေသေးမရှိအောင်ထားခဲ့ပါတယ်။
တစ်ခါတစ်လေအမေနဲ့အတူ အိမ်အလုပ်တွေကို ဒုတိယအဖေ
မညည်ုညူရအောင်အပင်းပန်းခံပြီး ပျောရွင်သော ဘဝလေးတစ်ခု တည်ဆောက်နေကြတာပေါ့ဗျာ။
အချိန်ကာလတစ်ခုမှာ ဒုတိယအဖေနဲ့အမေတို့နှစ်ဦးရဲ့
စီးပွားရေးကတိုးတက်လာခဲ့တယ်။ လက်မဲ့ခြေမဲ့ဘဝကနေ
အိမ်နဲ့ခြံနဲ့နေနိုင်တဲ့ ဘဝရောက်ခဲ့တယ်။ကျွန်တော်ဘဝလည်း
တဖြည်းဖြည်းနဲ့ ဘွဲ့ရ ပညာတက်တယောက်ဖြစ်ခဲ့တယ်။
ကျွန်တော်ဘဝရဲ့ ဒုတိယအဖေက ပထမနေရာကိုရောက်ရှိခဲ့ပါတယ်။ ကျွန်တော်လေးစားခဲ့တယ်
အားကိုးယုံကြည်ခဲ့တယ် ကျွန်တော်ဘဝရဲ့ ပဲ့ကိုင်ရှင်တယောက်လို့ တောင် ဆိုလို့ရပါတယ်။
ဆိုးဝါးတဲ့ ကံကြမ္မာ မစဉ်းစားတက်တဲ့ ဦးနောက်တွေနဲ့
အိမ်ထောင်တခုကို ထူထောင်ခဲ့မိတယ်။ မိဘတွေတားမြစ်ခဲ့တဲ့
အိမ်ထောင်ရေးဆိုတော့ ကျွန်တော့အိမ်ထောင်ရေးက
စီးပွားရေးအဆင်မပြေခဲ့ဘူး။ လင်မယားနှစ်ယောက် ဝမ်းဝရုံလောက်သာ အဆင်ပြေခဲ့တယ်။ ကျွန်တော်တို့နင်မယား
နှစ်ယောက်ရဲ့ခတ်ခဲနေရတဲ့ ဘဝတွေကိုမကြည့်ရက်ခဲ့တဲ့
ကျွန်တော်မေမေက ကျွန်တော်တို့နှစ်ယောက်ကို အိမ်ပေါ်သို့
ခွင့်လွှတ်နားလည်ပြီး ပြန်ခေါ်ခဲ့တယ်။မေမေ့ရဲ့ မေတ္တာအေးရိပ်က ကျွန်တော်တို့ဘဝကို အေးမြစေခဲ့တယ်။
ဒါပေမယ့် ကျွန်တော့်ဘဝရဲ့ အေးရိပ်မြုံကြီးက ဒုတိယအကြိမ်
ပျက်စီးခဲ့ရတယ်ဗျာ အကြောင်းကတော့
ကျွန်တော့်ရဲ့ မေမေက ကျွန်တော့်ဘဝထဲက အပြီးအပိုင်
ထွက်ခွာသွားခဲ့တယ်။ ကျွန်တော်မေမေမရှိတော့တဲ့ နောက်ပိုင်း
ကျွန်တော့်ရဲ့ ဒုတိယဖေဖေက အိမ်ရဲ့စီးပွားရေး မေမေ့ရဲ့
လက်ဝတ်လက်စားတွေကို အပိုင်သိမ်းပြီး ကျွန်တော်တို့
နင်မယားနှစ်ယောက်လုံးကို နည်းမျိုးစုံသုံးပြီးအိမ်ပေါ်
နှင်ချခဲ့တယ်။ ကျွန်တော်ကလည်း ကိုယ့်မာနနဲ့ကိုယ် ဘယ်တော့မှသူများအောက်ကျမခံဘူု။ ကျွန်တော့်မေမေ
ပေးခဲ့တယ့် အသက်နဲ့ ဘဝကိုပြည့်စုံအောင် ကိုယ့်ဒူးကိုယ်ချွန်
မယ်လို့ဆုံးဖြတ်ခဲ့တယ်ဗျာ။အဲဒီဆုံးဖြတ်ချက်က မှန်လားမှားလားဆိုတာ စာဖတ်ပရိတ်သက်ကြီးကပဲ
ဝေဖန်ဆုံးဖြတ်ပေးပါဦးနော်။ အားလုံးကိုကျေးဇူးတင်ပါတယ်
ကျွန်တော် မောင်မိုးဝင်း
@
oolay