ငွေရှိမှ ဖြစ်မယ်ဆိုသည့် ခေတ်ကြီးထဲမှာ..
ငွေကို တက်နိုင်သမျှ စုဆောင်းထားပါ၊ ချွေတာသုံးပါ။
လိုတာကိုသာ ဝယ်ပါ ပိုတာတွေကို အကုန်အကျ မခံပါနှင့်။
ပညာတတ်မှ ပညာရှိမှ ပြဿနာပေါင်းများစွာကို ဖြေရှင်းနိုင်မည့် ခေတ်ကြီးထဲမှာ......
ရွှေပညာကို ကုတ်ကုတ်ကတ်ကတ် အပင်ပန်းခံ ဆင်းရဲခံပြီး ဆရာကောင်းတွေ လက်အောက်မှာ နေ့ညမရွေးလေ့လာမှတ်သား သင်ယူထားပါ။
ခေတ်နှင့် သင့်လျော် ကိုက်ညီမည့် အလုပ်၊ပညာစသည် တစ်ခုခုကို တက်ကျွမ်းအောင် ခေါင်ဆောင်နိုင်စွမ်းရှိအောင် ကြိုးစားသင်ယူထားပါ။
ဂုဏ်ပကာသနတွေ ပါဝါအာဏာတွေရှိမှ ပြည့်စုံမှ ဖြစ်မယ်ဆိုသည့် ခေတ်ကြီးထဲမှာ.............
ဂုဏ်ပကာသနတွေ ပါဝါအာဏာတွေ ပိုင်ဆိုင်ထားအောင် ပြုလုပ်ထားပါ။
လူဆိုသည်မှာ..........
သူတို့တတွေနှင့် ကိုက်ညီသင့်လျော်မည့် အရည်အချင်း ရာထူး ဂုဏ်ပကာသန ပါဝါအာဏာတွေ ပိုင်ဆိုင်မှုတွေရှိပါမှ ပေါင်းသင်းဆက်ဆံ သူငယ်ချင်းပြုလုပ်မှု ဆွေမျိုးတော်ဆက်မှုတွေ ပြုလုပ်ချင်ကြတာ ။
သတ္တ၀ါတွေဟာ...........
ပါဝါအာဏာတွေ စည်းစိမ်ဥစ္စာပြည့်စုံမှုတွေ ပညာမာန်ရှိလေလေ ၀င်ငွေဖြောင့်လေလေ ပိုပိုပြီး လောဘကြီးလေလေ ကြောက်စရာကောင်းလာလေလေ ပေါင်းသင်း ဆက်ဆံရတာ မလွယ်ကူလေပါဘဲ။
လူဆိုသည်မှာ..........
ကိုယ်နှင့်တန်းတူ အရည်အချင်းတူသူ ရုပ်ရည်ချောမောသူ ပညာပြည့်စုံသူ အာဏာပါဝါ ဂုဏ်ပကာသန ရှိသူတွေကိုသာလျှင် ဆွေမျိုးတော်ချင်ကြတယ် ပေါင်းသင်းဆက်ဆံချင်ကြတယ် ။
Photo_facebook
@oolay