ထာဝရမေမေ
အမေ
လောကတွင်အမေနဲ့ ကင်းလွတ်သူတစ်ဦးတစ်ယောက်မျှမရှိပါ
အမေဆိုသောလူသားများရှိ၍သာ မျိုးဆက်ဆိုသည်များလည်း
ပေါ်ပေါက်လာရခြင်းပင်ဖြစ်သည်။အမေများ၏စိတ်ထားများသည်သားသမီးများအပေါ် အတိုင်ုအဆမရှိချစ်ခင်ခြင်း
ကြီးမားသောမေတ္တာတရားများဖြင့် စောက်ရှောက်တက်သူများ
ပင်ဖြစ်သည်။မိခင်၏ မေတ္တာတရားကြီးမားပုံကို ကျွန်တော်
ရခဲ့သောဘဝသင်ခန်းစာက သက်သေပြနိုင်ပါလိမ့်မယ်။
ကျွန်တော်နာမည် မောင်မောင်ပါ ကျောင်းတတ်နေဆဲဖြစ်တဲ့
တက္ကသိုလ်ကျောင်းသားတစ်ယောက်ပါ။
" သာရေကျောင်းသွားရတော့မယ်တတော့လေ ဘယ်အချိန်
ရှိပြီလဲနောက်ကျနေပြီထတော့"
အဲဒိအသံက ကျွန်တော်နေ့ တိုင်းကြားနေကြကျွန်တော်အမေ
ရဲ့အသံလေ။ကျွန်တော်တစ်ခါတစ်လေအရမ်းစိတ်ညစ်တာပဲဗျာ
ကျွန်တော်အမေက ကျွန်တော်အပေါ်ဆို အရမ်ုချုတ်ချယ်တာပဲ
" သားရေပြီးပြီလာကျောင်းသွားဖို့ ဖယ်ရီဂိတ်ကို မေမေလိုက်ပို့ 
ပေးမယ်သားရေ မြန်မြန်လုပ်နော်"
အဲတာပဲ ကြည်ကြဗျာ ဘယ်လိုလုပ်ရမလဲသားဖြစ်သူက
တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်နေပြီ အရွယ်လဲရောက်နေတာတောင် အနောက်ကနေတကောက်ကောက်လိုက်နေတာ စာကျက်
ချိန်လဲဘေးကနေစောင့်နေပေးတာပဲ ကျွန်တော် အမေပဲပေါ့
အရာရာကျွန်တော်သဘောအတိုင်းဘားမှလုပ်ပိုင်ခွင့်မရခဲ့ပါဘူး
ဘယ်လောက်တောင်စိတ်ညစ်ဖို့ ကောင်းလဲဆိုတာတော့
အကိုတို့အမတို့ လဲကြုံဘူးကြရင်သိကြမှာပါဗျာ။
ချုပ်ချယ်မှုတွေများလာတဲ့အခါ ကျွန်တော်တစ်ယောက်လွတ်လပ်မှုကို ရှာချင်လာတယ်။
ကျွန်တော်ဘဝကအရမ်းကိုချုပ်ချယ်ခံနေရတာလေ။
ကျွန်တော်အမေရဲ့ မေတ္တာတရားကိုကျွန်တော်နားမလည်းခံ့ဘူး
ကျွန်တော်တစ်ယောက်အမြဲတမ်း လွတ်လပ်မှုတွေကိုရှာရင်းနဲ့
ကျွန်တော်ဘဝမှာ ဘယ်တော့မှ မလွတ်လပ်တော့တဲ့
အိမ်ထောင်သည်ဘဝကိုကျွန်တော်ရောက်ရှိခဲ့ရပါတယ်ဗျာ။
ကျွန်တော်အမေ တားနေတဲ့ကြားကကျွန်တော်တယောက်
အိမ်ထောင်သည်ဘဝကို ဇွတ်တိုးဝင်ခဲ့တယ်ဗျာ ခွင့်လွတ်ပါ
ထာဝရအမေ။
ကျွန်တော်ရဲ့မိသားစုအသိုင်းအဝိုင်း မိတ်ဆွေအသိုင်းအဝိုင်းက
ကျွန်တော်ကို စွန့်ပစ်ခဲ့ကြတယ်ဗျ သူတို့ က ကျွန်တော်ရဲ့
ဇနီးရဲ့အနေအထိုင်အပြောအဆို့ စရိုက်တွေကိုသဘောမကျလို
သူတို့အတန်တန် တားနေတဲ့ကြားထဲက ကျွန်တော်က
ဇွတ်တိုးပြီးလုပ်ဆောင်ခဲ့ကြလို့ တဲ့ဗျာ။ကျွန်တော်မှာ
ဒုက္ခတွေပတ်လည်ဝိုင်းနေတဲ့အချိန် ကျွန်တော်ဘေးမှာ
ကျွန်တော်ရဲ့အမေက အမြဲတန်း ဆွေမျိုးတွေကို
အတိုက်အခံလုပ်ပြီး ကျွန်တော်ဘေးမှာ ရှိပေးပါတယ်
ကျွန်တော်အတွတ်အရမ်းကို အားအင်ဖြစ်စေပါတယ်ဗျာ။
မကြာမှီမှာဘဲ ကျွန်တော်အမေဟာ မမျှော်လင့်ဘဲ
လူတွေအားလုံးမဖြစ်မနေသွားရမယ်လမ်းကို ကျွန်တော်အမေတစ်ယောက် ကျွန်တော်ကိုသတက်လုံး
ခွဲခွာခဲ့တယ်ဗျာ။လောကကြီးက ရက်ရက်ဆက်ဆက်
ကျွန်တော်အမေကို ကျွန်တော်ဘဝထဲအပြီးအပိုင်လမ်းခွဲ
ခဲ့ပါတယ်။ကျွန်တော် အရမ်းကိုခံစားရပါတယ်အမေကျွန်တော်
အမေကောင်ရာမွန်ရာကို ရောက်ပါစေလို့ ကျွန်တော်ဆုတောင်း
ပေးရုံမှတပါး ဘားမှမတတ်နိုင်ခဲလို ခွင့်လွတ်ပါ ကျွန်တော်ရဲ့
ထာဝရအမေ။
ကျွန်တော်အမေဆုံးပြီးသိပ်မကြာသေးဘူး ကျွန်တော်ရဲ့
မိန်းမကကျွန်တော်ကို လမ်းခွဲခဲ့ပါတယ်ဗျာ
(အကြောင်းစုံကိုတော့ ကျွန်တော်မရေးချင်ဘူးဗျာ)ခွင့်လွတ်ကြ
ပါလိုတောင်ပန်ပါတယ်ဗျာ သစ္စာမရှိတဲ့မိန်းမတွေရဲ့ သွာရာ
လမ်းကိုသူသွားတယ်လိုပဲ ကျွန်တော်အကျဉ်းချုပ်ရေးခဲ့တယ်။
အခုကျွန်တော် မှားမှန်းသိခဲ့ပါပြီး အမေရယ်သားနောင်တတွေ
ရနေပါပြီ အမေ့ရဲ့မေတ္တာတရားက သားအတွက် အေးမြမှန်း
သားအခုသိလိုက်ပါပြီ အမေ့ကိုသားအခုအရမ်းခိစ်တာပဲလို့ 
ပြောချင်လိုက်တာကျွန်တော်ရဲ့ထာဝရအမေ။အခုအမေးမရှိ
တော့ပင့်မယ့် ကျွန်တော်လေအမေဖြစ်စေချင်တဲ့ ဘဝတစ်ခုကို
တည်ဆောက်ဖို့ ကျွန်တော်ကြိုးစားနေပါတယ် အမေ။
ကျွန်တော်ရဲ့ "ထာဝရအမေ"ေ၇ာက်ရာဘဝကနေ
ကျွန်တော်အမေ့ရဲ့သားမောင်မောင်ကို ခွင့်လွှတ်ပေးပါဗျာ။
အမေဟာကျွန်တော်အတွတ်တော့ "ထာဝရအမေ"ပါ။
အားလုံးကိုကျေးဇူးတင်ပါတယ် ကျွန်တော်ရဲ့အတွေးစိတ်ကူး
နဲ့ရေးသားထားသော စာစုလေးကိုကြိုက်နှစ်သက်ကြမယ်လို့ 
ထင့်ပါတယ်ဗျာ နောက်ထက်လဲဆက်လက်ပြီးကြိုးစားသွားမှာ
ပါလို့ ပြောရင်းကျွန်တော် oolay
@oolay