က​လေးများ၏ဘဝတိုးတက်​​​စေချင်​(၂)

Words
227
Reading
2 min
9y
Listen to this post
~2 min

image

က​လေးများသည်​ လူကြီးမိဘများ၏ အပြုအမူကို အတုခိုး​ယူသည်​သာမက ပတ်​ဝန်းကျင်​၏ ပြုမူ​ပြောဆိုမှုကိုလည်း အတုယူကြသည်​။ ပတ်​ဝန်းကျင်​ ရဲ့ ​ကောင်းကျိုး ဆိုးကျိုးများသည်​ မိမိတို့ ရင်​​သွေးရတနာ
များအ​ပေါ်များစွာ သက်​​ရောက်​ကြသည်​။ မိဘများက ပတ်​ဝန်းကျင်​၏ ​ကောင်းကျိုး ဆိုးကျိုးများကို ကြည့်​၍ အတုယူ​စေသင့်​သည်​များကို အတုယူ​စေရမည်​။
က​လေးများ အတွက်​အကျိုးမရှိ ပျက်​စီး​စေသည့်​ အပြုအမူ အ​ပြောဆိုများကို သတိထား၍ က​လေးများ၏ စိတ်​ကို​ကောင်းစွာ နားလည်​​သ​ဘော​ပေါက်​၍
က​လေးများ၏ အသက်​အ​ရွယ်​ အ​လျောက်​ သင့်​တင့်​​လျောက်​ပတ်​စွာ ဆုံးမရ​ပေမည်​။ အသက်​အရွယ်​ကိုကြည့်​ ၍ ဆုံးမတတ်​ရန်​ အ​ရေးကြီးသည်​။ သူ့အသက်​အရွယ်​ သူ့အသိဉာဏ်​နှင့်​ အ​တွေးအ​ခေါ်ကို အဓိက စဉ်းစား မည်​သို့မည်​ပုံ ဆုံးမရမည်​ ကို သိရန်​ကြိုးစားသင့်​သည်​။
အသက်​အရွယ်​ စဉ်းစားဉာဏ်​နှင့်​ ​ဝေးကွာသည့်​ ဆုံးမချင်းသည်​ က​လေးများ အတွက်​ အကျိုးမရှိသလို လူကြီးများအတွက်​လည်း ​ကောင်းစွာ ဆုံးမသွန်​သင်​ တတ်​သူဟူ၍လည်း မမည်​​တော့​ပေ။ မဆုံးမတတ်​​စေကာမူ က​လေးများအ​တွေး​ခေါ် မတတ်​၍ အကျိုးမရှိသည့်​အပြင်​ စိတ်​မသင့်​လျှင်​ ဆိုးကျိုးပါ ဖြစ်​ထွန်း​စေနိုင်​သည်​။ ​နောင်​အခါ ဆုံးမရန်​လည်း အကျိုးမရှိ ဖြစ်​တတ်​သည်​။ အကျိုးမရှိ​စေကာမူ အကျိုးယုတ်​တတ်​သည်​။ ထို့​ကြောင့်​မိဘများသည်
ကောင်းစွာ ဆုံးမသင့်​သည်​။ ဆုံးမရာတွင်​လည်း အပြုသ​ဘော​ဆောင်​​သော ဆုံးမချင်းဖြစ်​ရန်​သာ အဓိကကြသည်​။

image

အချို့မိဘများက က​လေးများကို ရိုက်​၍ဆုံးမ​လေ့ရှိကြသည်​။ ရိုက်​၍ဆုံးမခြင်းသည်​ လတ်​တ​လော လိမ္မာသွားနိုင်​​သော်​လည်း ​ရေရှည်​ အတွက်​ လိမ္မာ နိုင်​မည်​လို့ တပ်​အပ်​မ​ပြောနိုင်​​ပေ။ ​ရှေ့တွင်​လိမ္မာ​သော်​လည်း ​နောက်​ကွယ်​တွင်​ ပျက်​စီး​နေတတ်​သည်​။
ရိုက်​နှက်​ဆုံးမခြင်းသည်​ က​လေးများ၏ ကိုယ်​ကာယ ကိုထိခိုက်​နိုင်​သည်​။ ရိုက်​၍ဆုံးမဖန်​များလာ​သောအခါ အ​ရေထူသွားတတ်​ကြသည်​။ စိတ်​ကို ထိခိုက်​​စေနိုင်​သည်​ ။ ​ရေရှည်​ အတွက်​သင့်​​လျော်​မည်​မဟုက်​​ပေ။
တစ်​ဖန်​ က​လေးများ အ​တွေး​ချော်​၍ ​ဘေးထွက်​ဆိုးကျိုး များလာနိုင်​သည်​။ သို့​သော်​ ရိုက်​၍ဆုံးမမှ ရမည့်​က​လေးကို​တော့ ရိုက်​၍ဆုံးမ ရ​ပေမည်​။ အလွန်​အကျွံ မဖြစ်​​စေရန်​ သတိထား၍ ဆုံးမရမည်​။

image

ယခု​ခေတ်​မိဘများသည်​ မိမိ၏ က​လေးများကို ဆုံးမရန်​ မဆိုထားနှင့်​ အိမ်​​ထောင်​မှုစီးပွား​ရေး နှင့်​ လုံးပန်း​နေကြသည်​ကို ​တွေ့​နေရသည်​။ က​လေးများ
ကိုလည်း ​ကောင်းစွာဆုံးမနိုင်​မှု နည်းပါးလာသည်​ကို ​တွေ့ရသည်​။ ဆုံးမမှုနည်းလာသည်​ကို အပြစ်​​ပြောခြင်း မဟုက်​ပါ။ သို့​သော်​ စီးပွားရှာရမည်​ဖြစ်​သလို တစ်​ဖက်​ကလည်း က​လေးများ လိမ္မာ​စေရန်​ ဆုံးမ​ပေးရမည်​။ အချို့မိဘများက ဆုံးမရန်​ဝန်​​လေး​နေတတ်​သည်​။
ဆုံးမရန်​ ဝန်​​လေးမ​နေပါနှင့်​။ မိမိတို့က​လေးများသည်​ ​နောင်​တစ်​ချိန်​ မိမိတို့ကဲ့သို့ လူကြီးမိဘများ ဖြစ်​လာမည်​ကို သတိရကြပါ။ မိမိ၏ က​လေးများကို မဆုံးမလိုက်​​စေ ကာမူ မိမိ၏ က​လေး လူကြီးမိဘ အရွယ်​​ရောက်​ လာ​သောအခါ သူ၏က​လေးများကို မည်​သို့ပြန်​ဆုံးမနိုင်​မည်​နည်း။ ဆုံးမ​သော်​လည်း ​ကောင်းစွာဆုံးမနိုင်​သူ မဖြစ်​လာနိုင်​​ပေ။ မိမိ၏ ယခု မဆုံးမနိုင်​မှုသည်​ ​နောင်​အချိန်​ထိ အ​ကျိုးသက်​​ရောက်​မှု ရှိလာနိုင်​သည်​။ ထိုအချက်​ကို သတိပြုရ​ပေမည်​။ မိဘများ၏ မဆုံးမမှုသည်​ လူ့သားများ အတွက်​ ​ကောင်းကျိုးလုံးဝမရှိသလို အခန်.့​မသင့်​လျှင်​ လူသားများအတွက်​ ဆိုးကျိုးများကိုပါ ယူ​ဆောင်​လာနိုင်​​ပေသည်​။ က​လေးများ၏ မလိမ္မာမှုသည်​ ​နောင်​တွင်​ မိုက်​မဲ​သောလူတစ်​​ယောက်​ ဖြစ်​လာပါက လူ့အသိုင်းအဝိုင်းအတွက်​ အန္တရာယ်ုကြီးတစ်​ရပ်​ ဖြစ်​လာနိုင်​သည်​။ က​လေးများသည်​ ​နောင်​အချိန်​တွင်​ ​ကောင်းကျိုးများစွာ ပြုနိုင်​သလို ကြီးမား​သော အန္တရာယ်​ ကိုလည်းပြု​စေနိုင်​​သော အရာပင်​ဖြစ်​သည်​။ ထိုမျှအ​ရေးကြီး​သော က​လေးများကို မိဘများက ဆုံးမခြင်း မပြုပါက ထိုမိဘထက်​ မိုက်​​သောသူ ​လောကတွင်​ ရှိမည်​မဟုက်​​တော့​ပေ။ ထိုမျှ​ကောင်းကျိုးများနိုင်​သူ အန္တရာယ်​များ​သော က​လေးများကို ​ကောင်းစွာဆုံးမနိုင်​​သော မိဘမှလျှင်​ လူ့​လောက၏ တာဝန်​ဝတ္တရားကို ​ကောင်းစွာအကျိုးပြု​သော လူသားတစ်​ရပ်​ ဖြစ်​​ပေမည်​။

image

Written by nyinyilwin@nyinyilwin
Photo credit by google image

က​လေးများ၏ဘဝတိုးတက်​​​စေချင်​(၂) | Ecency