အံ့ဖွယ်ပါရမီရဲ့အစွမ်းpart2-

Words
113
Reading
1 min
Listen
Play
9y


အံ့ဖွယ်ပါရမီရဲ့အစွမ်းpart2-
(part1)ကို စခဲ့တော့( part2)ကိုတော့မဖြစ်မနေ ရေးရပါတော့မယ်။ဒါ့ကြောင့်part1ရဲ့ အဆုံးသတ်ကိုထပ်ပြောရရင်
မြန်မာလူမိုး ဗုဒ္ဓဘာသာတို့၏ ထုံးတန်း အစဉ်အလာအရ သားယောင်္ကျားလေးဖွားမြင်လျှင် ရှင်ပြုခါ သာမဏေ(ဝါ)ကိုရင်ဝတ်ပေးကြရပါတယ်။ဘုရားရှင်ခွင့်ပြုထားသည်က ကျီးလှန့်နိုင်တဲ့အရွယ်ပါ။"(၇)နစ်နှစ် (၈)နှစ်အရွယ်ပေါ့။"ရဟန်းဝတ်ရင်လည်းပဲ အသက်အရွယ်ကိုသတ်မှတ်ထားပါတယ်။အသက်(၂၀)ပြည့်မှ ရဟန်းဝတ်လို့ရပါတယ်။အသက် ၂၀.မပြည့်ရင် ဝတ်ပေးလို့မရပါဖူး။ခြွင်းချက်အနေဖြင့်က ၁၉ နှစ်နဲ့ ၃လ.မှာဝတ်ပေးဖို့ခွင့်ပြုထားပါတယ်။ပဋိသန္ဓေတည်နေချိန်ကနေ အမိဝမ်းတွင်းမှာ၉လ.နေပြီးမှ ၁၀လ.မှာဖွားတယ်မို့လား။ဒါကြောင့် အမိဝမ်းတွင်းမှာ ပဋိသန္ဓေစတည်ရာက အင်္ဂါစုံလင်တဲ့ ၇လ.ကိုယူပါတယ် ...လက်ရှိရောက်နေတဲ့ အသက်ရဲ့ အစွန်းထွက်နေတဲ့ ၃လ.နဲ့ပေါင်းလိုက်တော့ အသက်၂၀.ပြည့်မှီပါတယ်။

ဟုတ်ပြီ...ဒါဆိုရင်
တိသရဏဂမနိယသာမဏေလေးကျတော့ ဘုရားရှင်က ဘာ့ကြောင့်ရဟန်းဘောင်တက်ခွင့် ပေးတာလဲ?။ဒီသာမဏေလေးသည်
ရဟန္တာ.ဖြစ်နေခြင်းကြောင့်ပါပဲ။ရဟန္တာ.ဖြစ်ပြီဆိုရင် ရဟန်းဘောင်တက်ရင်တက် မတက်ရင် ပရိနိဗ္ဗာန်ပြုရပါတယ်။အရပ်စကားနဲ့ပြောရင် သေရတာပေါ့နော်။ဒါကြောင့် ဘုရားရှင်က ရဟန်းဘောင် တက်ပေးခြင်းသာ ဖြစ်ပါတယ်။ဒါ့ကြောင့် ရဟန်းအဖြစ်ကို ရဖို့ဆိုတာလည်း လွယ်ကူလှတာ မဟုတ်ပါဖူး။ဘုရားရှင်တောင်မှ ရဟန်းဘဝကို ၉ဘဝ သာရခဲ့ပါတယ်တဲ့နော်။ယောင်္ကျားဖြစ်တိုင်း ရဟန်းဝတ်ဖို့ ပါရမီကုသိုလ် ပါခဲ့မှသာ ရဟန်းအဖြစ်ကို ရတာပါ။ဘုရားရှင်လက်ထက်မှာ ဗာဟိရဒါရုစိသည် ဘုရားရှင်ဟောတဲ့တရားတော်ကို နာကြားရပြီး ရဟန္တာဖြစ်သွားပါတယ်။ဒါ့ကြောင့် ဘုရားရှင်ထံရဟန်းဝတ်ခွင့်တောင်းပါတယ်။သုံးကြိမ်တိုင်တိုင်ပယ်ချတော်မူပါတယ်။နောက်ဆုံးမှာ ဘုရားရှင်က...ဟဲ့.ဗာဟိရ
ရဟန်းဝတ်ဖို့ သပိတ်သင်္ကန်း ပရိက္ခရာ အစုံအလင်ရှိပြီးလား။မရှိသေးပါဘုရား။ဘုရားရှင်က ဥပါယ်တံမျင်ဖြင့် သပိတ်သင်္ကန်း အရှာခိုင်းလိုက်ပါတယ်။လမ်းမှာ အတိတ်ဘဝက ရန်သူဖြစ်ခဲ့ဖူးတဲ့ ဘီလူးမက နွားမရောင်ဆောင်ပြီးဝှေ့လို့ ပရိဗ္ဗာန် ပြုသွားရပါတယ် ။ရဟန်းအဖြစ်ကိုရမသွားပါဖူး။ဆိုခဲ့သည့်အတိုင်းရဟန်းဝတ်ဖို့ ပါရမီကုသိုလ်မပါခဲ့ရင်
ဘုရားရှင်နဲ့ တွေ့တာတောင် ရဟန်းအဖြစ်ကို ရ.မသွားပါဘူး။ဘုရားရှင်ကိုယ်တော်တိုင်လည်းပဲ ပါရမီကုသိုလ် ပါမလာရင် ဝတ်ပေးလို့ မရပါဖူး။သို့ပေမယ့်
သင်္ကန်းလှူဒါန်းဖူးတဲ့ ပါရမီကုသိုလ်ပါလာခဲ့ရင် (ဘုရားရှင်က ဧဟိ ဘိက္ခု -ချစ်သား လာလှည့်လို့ လက်ဆန့်တန်း ခေါ်တော်မူလိုက်တာနှင့် တပြိုင်နက် သင်္ကန်းရုံပြီးသား သပိတ်လွယ်ပြီးသား ဣိနြေ္ဒရင့်ကျက်သည့် ဝါခြောက်ဆယ်ရ
မထေရ်ကြီးရဲ့ အသွင်ကို ချက်ချင်းပြောင်လဲ ရသွားပါတယ်။)ပါရမီကုသိုလ်၏ သတိထား ဖွယ်ရာအား ရေးသားပူဇော်လိုက်ပါသည်။(တဦးတယောက် တစုံတရာအကိုး ရရှိသွားမည်ဆိုလျှင် ရေးရကိုးနပ်ပါပေမည်။)

အံ့ဖွယ်ပါရမီရဲ့အစွမ်းpart2- | Ecency