ဟက်ကာတွေအများစုက ကုလားတွေဖြစ်

Words
92
Reading
1 min
Listen
Play
5y

ဒီနေ့တော့ သတိထားသင့်တဲ့အကြောင်းအရာတွေ မျှဝေပေးပါမည်။ အခု ဟက်ကာအများစုဟာ facebook, gmail, crypto wallet တွေကို အဓိကထား ဟက်နေကြပါတယ်။ အများဆုံးဟက်နေတဲ့ နိုင်ငံကတော့ ပါကစ္စတန်ဖြစ်ပြီး၊ ဘင်္ဂလားဒေ့နှင့် မြောက်ကိုရီးယားတို့ပဲဖြစ်ပါတယ်။ အခြားသောနိုင်ငံတွေက ဟက်တာလည်းရှိသလို ဒီလောက်အထိမလုပ်ကြပါဘူး။ မိမိအကောင့်တွေလုံခြုံဖို့ 2 step ခံကြပါ။ 2 step ရှိတာတောင် မရမကဟက်နေတာတွေ့ရပါတယ်။ အကောင့်တိုင်းကိုတော့ မဟက်ကြဘူး။ facebook အတွက် page အားကောင်းတဲ့ အကောင့်တွေ ကိုအဓိကထား ဟက်တာတွေ့ရတယ်။ ဘာလို့ဟက်တာလဲ page တွေကို ပြန်ရောင်းစားလို့ရသလို instant articles, in steam ads နဲ့ ဝင်ငွေရှာနိုင်လို့ပါပဲ။ gmail ကို ဟက်တာကတော့ gmail အကောင့်တစ်ခုကိုရတာနဲ့ gmail နှင့် ချိတ်ဆက်ထားသည့် youtube, adsense, admob, google drive နှင့် အခြားချိတ်ဆက်ထားသည့် facebook, twitter အစရှိတဲ့ အကောင့်တွေများစွာကို ရရှိလို့ပါ။ အချို့သောလူတွေကို crypto wallet backup code တွေကို google drive ထဲမှာသိမ်းကြတယ်။ ဒါကြောင့် သူတို့က gmail ကိုအဓိကထား ဟက်ယူကြပါတယ်။ အကောင့်တိုင်းကို မဟက်ပါဘူး။ သူတို့ စစ်ထုတ်ပြီး ဝင်ငွေလမ်းကြောင်းရှိနိုင်တဲ့ အကောင့်တွေပဲ ဟက်ကြပါတယ်။ ဒါကြောင့် မိမိအကောင့်လုံခြုံဖို့ အသိပေးခြင်းပါ။

ဟက်ကာတွေအများစုက ကုလားတွေဖြစ် | Ecency