ကျတော်နှင့် Steemit

Words
478
Reading
3 min
9y
Listen to this post
~3 min

ကျွန်တော်နှင့်steemit

image
ကျတော်အွန်လိုင်းမှာဝင်ငွေရှာနည်းတွေကို
2012 လောက်က စပြီးစမ်းလုပ်ဖြစ်တယ်
အဲတုန်းက ကလစ် လုပ်ပြီးဝင်ငွေရှာရတယ်ဗျ။ (ဘယ်လိုတွေတော့အရှည်ပြောမနေတော့ပါဘူး) တစ်နေ့ကလစ်မှ မြန်မာငွေ 10 ကျပ်လောက်ရတယ်ထင်တာဘဲ။ (ဒါကျွန်တော်အမြင်ပါ)လုပ်တတ်ရင်တော့ဒီထက်ပိုပါတယ်။ ref ရှာရပါတယ်။ refကအသက်ပါ ။ refများမှကိုယ့်အတွက်ဝင်ငွေပိုရမယ်။ ကိုယ်တစ်ယောက်ထဲကလစ်နေရင်အဆင်မပြေလှပါဘူး။ရတာနည်းတာကိုး။ nerobux.comတို့ probux.comတို့
အာ့လိုဟာမျိုးတွေပါ။ တစ်ချို့ဆိုဒ်တော်တော်များများကကြာလာရင် scam ဖြစ်ဖြစ်သွားကြပါတယ်။ အဲတုန်းကဆိုမြန်မာပြည်မှာ ရှေ့သို့လှမ်းချီ mpt တစ်ခုထဲဘဲရှိသေးတယ်။ (အဝိုင်းလေးလည်နေတာထိုင်ကြည့်ရင်း ဘေကုန်ခဲ့ရတဲ့ခေတ် :P) ကိုယ်က ကလစ်လို့ရကာမှ 10 ဆိုဒ်ဆို 100 ထားဦး ကိုယ့်ဘေလ်က 500 လောက် အသာလေးကျွတ်ပြီ။ အော်နောက်ကျရင် ဒါကိုပြန်ဖာလိမ့်မယ်လို့အတွေးနဲ့ဇွဲမလျော့တမ်းကလသ်ခဲ့သေးတယ်။ ကြာတော့လုပ်ရင်းလုပ်ရင်း ကိုယ့်ထဲကတော်တော်ပါနေလို့လက်လျော့ပြီး ခဏတာ ကားလိပ်ကာချခဲ့လိုက်တယ်။ မကြာသောကာလမှာ MMM ဆိုတာကြီးက မြန်မာပြည်မှာခေတ်စားလာတော့တယ်။ ပထမတော့ ကြည့်နေသေးတယ်။ Dipositeတင်ရတာဆိုတော့ အခြေနေမကောင်းတာမှန်းသိတယ်။ စောင့်ကြည့်တယ်။ စောင့်ကြည့်နေသေးတယ်။ အဲအချိန် နည်းပညာပိုင်းမှာ ကိုယ်အထင်ကြီးထားတဲ့သူ ၃/၄ ယောက်လောက်ကပါ လုပ်နေတော့ အင်းကိုယ်လည်းလုပ်မှဘဲ တစ်လလောက်ခံရင်ကို ကိုယ့်အရင်းပြန်ရနိုင်တယ်ဆိုပြီးထလုပ်တယ်။ နေ့တိုင်းမနက်အစောကြီးထထပြီးpostတင်ရတာအမောပါဘဲ( :'( )
မကြာပါဘူးရက် ၂၀ ကျော်လို့ ကိုယ်ဟာလေးထုတ်မယ်လို့တင်ထားပြီး ၂ ရက်လောက်နေတော့
မောင့်သကောင်သားကြီးက မြန်မာပြည်ကြီးဆီက ငွေတွေပိုက် ပြီးနှုတ်ဆက်ထွက်ခွါသွားတော့
ကိုယ့်မှာ ဟက်ကော့ကြီးကိုကျန်လို့။ ငိုရမလား ရယ်ရမလားပါဘဲ။ (ကတောက်) နောက် ၁၀ ရက်လောက်နေပါဦးလားကိုကိုရယ်။(အဟင့်)
ဒီမောင့်ကိုထားသွားရက်တယ်။ လုပ်ရက်လိုက်တာ MMM ရယ်။ facebook ပေါ်မှာလည်း ရွှေကိုယ်တော် MMM ကြီးကို မေတ္တာပို့ ဆုတောင်းထောပနာပြုသံတွေ မြန်မာပြည်က FACEBOOK USER တွေရဲ့ Timeline မှာပလူကိုပျံလို့။ (အော် ကိုယ်လိုလူတွေပါတကား အနိစ္စ အနိစ္စ ) လောဘ လောဘ လောဘ များကြပါတကား။ (အင်းကြည့်ရင်း တရားတောင်ပေါက်ချင်လာပြီလားမသိ)
ကိုယ့်မှာ တော့
‌စိတ်အနာကြီးနာလို့ လက်ကျန် bitcoin လေးတောင်လှည့်မကြည့်ချင်တော့ဘူး။ ဒီအတိုင်းလေးပစ်ထားလိုက်တယ်။
‌ရုပ်ရှင်တွေထဲကလို(2year later.)
‌အင်း အခု အွန်လိုင်ဝင်ငွေလေးတွေ ဘာတွေအဆင်ပြေနေကြလည်းမသိဘူးဆိုပြီး ဟိုစပ်စပ်ဒီစပ်စပ်လျောက်ကြည်တော့

click တဲ့ဆိုဒ်လေးပေးသေးတယ်ဆိုလို့ နည်းနည်းလုပ်ကြည့်နေမိတယ်။
နောက်ထပ်နောက်ထပ်ရှာဖွေရင်း ဒီ steemit ကိုသတိထားမိလာတယ်။ ဘယ်လိုဝင်ငွေရနိုင်တယ်။ power တို့ steem power တင်တာတို့ voteတာတို့ boot တာတို့ နည်းနည်းစိတ်ဝင်စားလာတယ်။ ပထမအကောင့်ဖွင့်ရတာကနည်းနည်းအရစ်ရှည်တယ် gmail ကို link ပို့တယ်။ အဲတာနဲ့မပြီးသေးဘူး password အတွက်က နောက်တလင့်ထပ်စောင့်ရတယ် (စနေသားဗျ စိတ်ကသိပ်ရှည်တာဟုတ်ဘူးရယ်)
အကောင့်လေးရလာတော့ အစ်ကိုတစ်ယောက်က သင်ပြပြောပြလို့ ပို့စ်တင်နည်းတို့။vote လုပ်တာတို့ကိုနည်းနည်းသိလာတယ်။ ကျန်တာဘာမှသိသေးဘူးရယ်။ တွေ့တဲ့post အကုန်လိုက် vote ပစ်တာဘဲ။ flagဆိုတာလည်းမသိဘူး နှိပ်ကြည့်တော့ အနီရောင်လေးလှတယ်ဟဆိုပြီးကိုယ့်postကိုယ် ကို နှိပ်ပြစ်လိုက်တယ်( :'( ) ( ဘာမှန်းကိုမှမသိခဲ့တာရယ်)
နောက်ကျတော့ steem power ကအရေးပါလာမှန်းသိတော့ steem power ရဖို့ဘယ်လိုလုပ်ရမလဲဆိုပြီး သင်ပေးတဲ့အစ်ကိုကိုမေးကြည့်တယ်။ MSC နံပါတ်ရအောင်အရင်လျောက်တဲ့။ အဲကနေ ပရိုမိုးရှင်းလုပ်ပေးရင် $ရတယိ။ ရလာရင်တစ်ဖြည်းဖြည်းချင်း SP စုစုသွားဆိုလို့ MSCမှာ အသင်းဝင်ဖြစ်ဖို့ကြိုးခဲ့တယ်။ admi ateroo@ateroo
‌thetkozaw@thetkozaw ဒါဘဲသိတယ်။ admi ဘယ်သူဆိုတာ သိထားပြီဆိုတော့ မဆိုးသေးဘူး။ လိုအပ်ရင် အပူသွားသွားကပ်ရတာပေါ့ ဟီးးးး။ အဲမှာ $ ရဖို့ ဘယ်လိုနည်းလမ်းတွေရှိသေးလည်းလို့ လိုက်စုံစမ်းတော့ boot လုပ်ရင်မဆိုးဘူး အရင်းအပြင် sp ပါအမြတ်ရတယ်ဆိုတော့ အဲ စိတ်ဝင်စားသွားတယ်။ နည်းနည်းလေးလိုက်လေ့လာကြည့်လိုက်တော့ bandawhale@bandawhale ကို boot လုပ်ကြည့်ဖို့သိလာတယ်။ boot လိုက်တယ် ။thank to bandawhale@bandawhale. သူက upvote လုပ်ပေးတာ ဘယ်လောက်ရတယ်ဆိုတာလည်းမသိဘူးရယ်။ သူများ bootဆိုလို့ boot ပြစ်လိုက်တာဘဲ။ နောက်တော့ ကိုယ်စီးတဲ့မြင်းအထီးလားအမလားတော့သိသင့်ပါသေးတယ်လို့ တွေးမိပြီး နီးစပ်ရာ နီးစပ်ရာလိုက်မေးကြည့်တယ်။ booster တွေက vote တဲ့ဟာကိုဘယ်လိုတွက်ရပါသလဲလို့လိုက်မေးတယ်။ ကိုယ်ကရင်းလိုက်တဲ့အရင်းက 2sbd ထားပါတော့ အဲတာဆို သူက $8တန်ဖိုးလာvoteတယ်ဆိုရင် 5 ကို 0.75 နဲ့မြောက် ရလာတာကို 2 နဲ့ထပ်စား ရလာတဲ့အဖြေက ကိုယ့်အရင်းနဲ့အတူ ဒါ့မှမဟုတ်များတယ်ဆိုမြတ်တယ်လို့ အကြမ်းမျဉ်းသိခဲ့ရတယ်။ ( eg: $8×0.75÷2 ) 0.75 ဆိုတာက ကိုယ့်ပို့စ်ရဲ့ရငွေ 75%က ကိုယ်ကရလို့ ကျန်တဲ့ 25% က လာvote တဲ့သူတွေကိုပြန်ပြီးခွဲဝေပေးလိုက်ရလို့။ 2 နဲ့စားတာကျ ကိုယ်က post တင်ကတည်းက 50% 50% နဲ့တင်ထားလို့ ။ ( မှားရင်ထောက်ပေးကြနော် ဟီးးး)
‌နောက်ပြီး minnowbooster@minnowbooster ကိုလည်း boot လို့ရမှန်းသိလာတယ်။ thank to minnowbooster@minnowbooster လုပ်ကြည့်တယ်မဆိုးဘူးဟ ကိုယ့်အတွက်ကျန်တယ်။ boot လို့ရတာတွေလိုက်မေးတယ်။ appreciator@appreciator
‌/ jerrybanfield@jerrybanfield / drotto@drotto / smartsteem@smartsteem / seakraken@seakraken အစရှိတဲ့ booster တွေကို boot တယ်။ ခုနောက်ပိုင်းရှုံးတယ်ထင်လို့နားထားလိုက်တယ်။ ကိုယ်မှမရှိလို့မှ boot ပါတယ်ဆိုမှ ရှုံးနေရင်တော့ မဖြစ်ချေဘူး။ မရှိမဲ့ ရှိမဲ့ sbd လေး တက်တက်ပြောင်လိမ့်မယ်။
‌အဲတာနဲ့ MSC PRO ကရတဲ့ $လေးတွေစုနေတယ် ။msc ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်။ ခုဆို group3 ထဲမှာရှိနေပါတယ်။
‌group ထဲမှာရှိတဲ့ညီအစ်ကိုမောင်နှမတွေနဲ့ တစ်နေကုန်နီးပါး လိုင်းပေါ်ကရှိသူအချင်းချင်း စကားတွေအပြန်အလှန်ပြောဆိုကြရင်း ခုဆိုရင် မိသားစုဝင်များသဖွယ်ဖြစ်နေကြပါပြီ။
‌
‌1 theinzawlin
‌2 lwanwai
‌3 yuzana
‌4 htetnainglin
‌5 sandypoe
‌6 phyozawooburmes
‌7 nyeinzaw
‌8 thihakoko
‌9 kokyawzinphyo
‌10 asterkame
‌11 zero1332000
‌12 yeyintkyaw
‌13 thura
‌14 gelatofresco
‌15 nannhtike
‌16 thetnaingmin
‌17 thetlyar
‌18 kyi
‌19 naingwintun
‌20 naylinn
‌21 winko
‌22 nwenwe
‌23 generalpyone
‌24 mahaw
‌25 yway
‌26 zinminnaing
‌27 Uthantzin
‌28 yekaungsatthone
‌29 Drnangmyintthwel တို့ဖြစ်ကြပါတယ်
‌We are family.
‌အဲစကားက ပျက်သွားပြီ ----
‌ဘယ်လိုအရာသော အကြောင်းအရာတွေက $ရနိုင်မလဲလိုက်မေးမြန်းတယ်။ Busy.org.com ကနေ post တင်ရင် လာ vote တယ်လို့သိရတော့စမ်းကြည့်တယ်။ တစ်ခါဘဲရလိုက်တယ်။ ခုလာမvoteတော့ဘူး။ ကိုယ်တွေလုပ်ဆောင်တာညံ့လို့ဘဲနေမှာပါလေ။ နောက်များမှဆရာတွေကိုလိုက်မေးလိုက်ဦးမယ်။ esteem.apk ကတင်ရင် good-karma@good-karmaက လာvote တယ်လို့ကြားလို့လည်းစမ်းတင်ကြည့်တယ်။ တစ်ပို့စ်တစ်လေတော့လာဘုတ်တယ်။
‌တစ်ချို့ကပြောတော့ တင်ချိန်ကွာလို့ဆိုပြီး တစ်နေကုနိ နားလိုက်တင်လိုက်စမ်းကြည့်တယ်။ သူလာလည်းမလာဘူး(ဟူးးးးး မျှော်သာမျှော်ပေါ်မလာသူရယ်စိမ်းကားးး
‌မချစ်လို့မုန်းလို့ပုန်းနေလားးးး အမျှော်လင့်ဆုံးသူလေးဝေးရင် ဒီsteemit account လေးဘဲပေါ့) အဲလူလိုင်းပေါ်ရှိလားကြည့်တဲ့။ သူရှိတဲ့အချိန်တင် အဲတာဆိုလာvote လိမ့်မယ်ဆိုလို့ လိုင်းပေါ်တက်လာချိန်စောင့်တယ်။ good-karma လိုင်းပေါ်တတ်လာတာတွေ့တော့ပို့စ်တင်လိုက်တယ်။ မိနစ် ၂၀ လောက်ထိုင်စောင့်နေလိုက်တယ်။ လာလည်းမvote ဘူး။ ဒီလူမအားသေးလို့လားမသိဘူးလေ။ အားရင်လာလိမ့်မယ်ပေါ့ဆိုပြီး စိတ်ကိုဖြေသိမ့် သူလာချိန်စောင့်နေလိုက်တယ်။ ခုတစ်နေသာကုန်သွားတယ် သူလာလည်း upvote လုပ်မသွားဘူး။ (ခင်များတို့ဆီများလာခဲ့ရင် ကျတော်ဆီလွှတ်လိုက်ပါဦးနော် ဟီးးးး (အပျော်သဘောစတာပါဗျာ )
‌နည်းလမ်းကောင်းလေးများရှိရင်ဝေငှပေးကြပါဦးအမျိုးတို့ရေ့ 
‌ image

photo credit google image
author nannhtike@nannhtike
MSC-164

ကျတော်နှင့် Steemit | Ecency