အားလုံးပဲမင်္ဂလာပါခင်ဗျ..ယခုတစ်ပတ် promotionတွင် ကျွန်တော့်ပတ်ဝန်းကျင်မှာ ကြုံတွေ့ဖြစ်ပျက်နေသော ဖြစ်ရပ်မှန်တစ်ချို့ကိုရေးသားဖော်ပြချင်ပာတယ်။ဆောင်းပါးထဲတွင် trollသည့်အကြောင်းအရာများပါဝင်မည်ဖြစ်သော်လည်း သင်ခန်းစာယူနိုင်ရန်ရှေးရှုပြီးရေးသားခြင်းဖြစ်ပါတယ်။အဓိကပေးချင်တဲ့ message လေးကတော့ စည်းလုံးညီညွတ်စေချင်တဲ့ message လေးပေါ့။ယခုကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာကတော့ ကျွန်တော့်(စာရေးသူ)၏မွေးရပ်ဇာတိ ရွှာလေးအကြောင်းပဲဖြစ်ပါတယ်။ကျွန်တော်တို့ရွှာလေးဟာဆိုရင် တောင်ငူမြို့အရှေ့ဘက်ကခြမ်း စစ်တောင်းမြစ်နံဘေးတွင်တည်ရှိပါတယ်။ရွှာနာမည်ကိုတော့ ရဲထက်ဆိုးလို့အမည်တွင်ပါတယ်။(ရွှာနာမည်ကပြောင်းလဲရေးသားထားပါတယ်။ကျွန်တော်ကိုယ်တိုင်ပေးထားတဲ့နာမည်ပေါ့။ဟိ ဟိ😄😄)ဆက်ပြောပြပါဦးမယ်ကျွန်တော်တို့ရွှာတွင်အိမ်ခြေပေါင်း ၅၀၀ခန့်ရှိပါတယ်။လူမျိုးကတော့ ရှမ်းလူမျိုးများဖြစ်ကြပြီး ဗုဒ္ဓဘာသာကိုးကွယ်ကြပါတယ်။ဘာသာခြားကတော့မရှိကြပါ။အလုပ်အကိုင်လုပ်ငန်းများတော့ ယာ၊ကိုင်း၊ကုန်ရောင်းကုန်ဝယ်လုပ်ငန်းများဖြင့်အသက်မွေးဝမ်းကျောင်းပြုကြပါတယ်။ယခင်က ထိုနေရာဒေသများအား အညိုရောင်နယ်မြေဟု သတ်မှတ်ထားသော်လည်း ယခုအခါ တည်ငြိမ်အေးချမ်းနေပြီဖြစ်သောကြောင့်အဖြူရောင်နယ်မြေဟု ပြန်လည်သတ်မှတ်ခဲ့ပါသည်။
ကျွန်တော်တို့ရွှာလေးသည် ယခင်က အရမ်းစည်းလုံးညီညွတ်ပါသည်။အခုတော့ မဟုတ်ဘူးပေါ့။(ငိငိ😄😄)အဓိကအကြောင်းအရင်းကတော့ခေါင်းဆောင်ပိုင်းပေါ့။တစ်ကိုယ်ကောင်းအတ္တသမားတွေရဲ့ လုပ်ရပ်များကြောင့်လို့ ခေါင်းစဉ်တပ်ရမည်။ကျွန်တော်တို့ရွှာလေးသည် တောင်ပိုင်း၊မြောက်ပိုင်းနှင့်အရှေ့ပိုင်းဟူ၍အပိုင်းသုံးပိုင်ရှိပါတယ်။ရွှာလယ်တွင် ဘုန်းတော်ကြီးကျောင်းတည်ရှိပြီး ရွှာဦးတွင်တော့ စာသင်ကျောင်းလေးတည်ရှိပါတယ်။ယခင်က ထိုသုံးပိုင်းလုံးသည် အရမ်းစည်းလုံးညီညွတ်သောကြောင့် မိမိရွှာအား ဘေးပတ်ဝန်းကျင်ရွှာကပါ ချီးကျူးပြောဆိုကြသည့်အထိပင်။ရွှာတွင်းမည်သည့်ကိစ္စမျိုးရှိပါစေ စည်းလုံးညီညွတ်စွာတိုင်ပင်ပြီး ဆောင်ရွက်တတ်ကြသည်။ကိုယ်ထူကိုယ်ထလမ်းများဖောက်လုပ်နိုင်ခဲ့သောကြောင့် လမ်းပန်းဆက်သွယ်ရေးများလည်း အဆင့်မြင့်လာခဲ့သည်။စီးပွားရေးလမ်းကြောင်း ပွင့်လာသည်ဆိုရမှာပေါ့။နောက်ပိုင်း ပြသာနာများစဖြစ်လာပါတော့သည်။အကြောင်းအရင်းကတေှာ့ရွာသားများနှင့်ကျောင်းထိုင်ဘုန်းကြီး ပဠိပက္ခဖြစ်ကြခြင်းဖြစ်ပဲဖြစ်ပါတယ်။ပထမအကြိမ်တရားပွဲတစ်ခုအတွင်း ကျောင်းထိုင်ဘုန်းကြီးမှ ရွှာသားများနှင့် စကားများကြခြင်းပဲဖြစ်ပါသည်။ရွှာသားဆိုပေမဲ့ အကုန်လုံးတော့မဟုတ်ဘူးပေါ့။နောက်ပိုင်း ထိုလူများလည်း ပရဟိတအသင်းဆိုသောခေါင်းစဉ်ဖြင့် အဖွဲ့တစ်ဖွဲ့ ဖွဲ့လိုက်ပါတော့တယ်။ထိုအဖွဲ့ကတော့ ရွှာဘုန်းကြီးများကို မကိုးကွယ်တော့ပေ။ရွှာဘုန်းကြီးများနှင့်ဆန့်ကျင်ကာ ဓမ္မာရုံတစ်ခုတည်ဆောက်လိုက်သေးသည်။ကျွန်တော်ကြုံတွေ့ရသလောက်တော့ ယခုလိုမျိုး ဖြစ်ရပ်တိုင်းဟာ ရွှာတိုင်းလိုလိုဖြစ်နေကြပါတယ်။ဒါဟာကောင်းတဲ့နိမိတ်တော့ဖြစ်မယ်မထင်ပါဘူး။ဒီကိစ္စပတ်သတ်ပြီး ကျွန်တော့်အမြင်ကို တစ်ချက်ပြောပြချင်ပါတယ်။တကယ်ဆို ယခုလိုမျိုး လုပ်ကြတာဟာ ငရဲရှာနေသလိုများဖြစ်နေတယ်ထင်လို့ပါ။လူကျင့်ဝတ်နှင့် မညီညွတ်ဘူးလို့လည်းထင်မိပါတယ်။
Author by @nandadai(msc.076)
Photos from google image