steemitမှ ညီအစ်ကိုမောင်နှမများအားလုံးပဲ မင်္ဂလာပါခင်ဗျ ကျွန်တော်အခု တင်ပြချင်တဲ့အကြောင်းအရာလေးကတော့ Steemit passwordအကြောင်းပဲဖြစ်ပါတယ်။steemit password ဟာဆိုရင် ကျွန်တော်တို့အတွက် အရေးကြီးဆုံးသော အရာတစ်ခုဟုဆိုလျှင် မှားမည်မထင်။မိမိpasswordအား ထိန်းသိမ်းရန်မှာ အလွန်ပင် အရေးကြီးလှပါတယ်။တချို့ ကျ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးဆုံးရှုံးသွားတာမျိုးလည်းတွေ့ဖူးပါတယ်။တချို့ကျ မေ့မေ့လျော့လျော့ဖြစ်၍ဆုံးရှုးံသွားတာမျိုးလည်းတွေ့ဖူးပါတယ်။ယခင်ကျွန်တော့်accountတစ်ခုလည်း ဆုံးရှဲုးခဲ့ဖူးပါသည်။ထိုလိုမျိုးမဖြစ်ရအောင် ကျွန်တော် အကြံနည်းလမ်းတစ်ခုမျှဝေပေးချင်ပာတယ်။ကျွန်တော်ကတော့ ထိုနည်းလမ်းဖြင့်မှတ်သားထားပါတယ်။အဆင်ပြေလောက့မည်ထင်၍ တင်ပြရခြင်းလည်းဖြစ်ပါသည်။
ထိုနည်းလမ်းလေးကတော့ pcloud တွင် မှတ်သားထားခြင်းပဲဖြစ်ပါတယ်။pcloud ကိုတော့လူတိုင်းရင်းနှီးကြမယ်ထင်ပါသည်။pcloudသည် မိမိphotos၊videosနှင့်အခြားသော data fileများကိုuploadပေးထားနိုင်ရုံမကအခြားသော photos၊videosနှင့်data filesကိုလည်း downloadဆွဲယူပေးနိုင်ပါတယ်။သိတဲ့ဆရာများနှင့်ထိုထက်လုံခြုံသောသိမ်းဆည်းမှုများရှိပါကလည်းဖော်ပြရေးသားစေချင်ပါသည်။ password သိမ်းဆည်းပုံသိမ်းဆည်းနည်းကတော့တချို့ ဆရာများနှင့်လည်း တူချင်တူပါလိမ့်မယ်။ကျွန်တော်သိသလောက် တတ်သလောက် ပြောပြရသည်ဖြင့်၍ လိုအပ်သည်များရှိနေပါကလည်း ထောက်ပြနိုင်ပါသည်။ပထမဦးစွာ -
မိမိတွင် pcloud account ရှိရပါမယ်။ထို account ကတော့ လွယ်ကူစွာ register လုပ်လို့ရပါတယ်။။pcloud apkကိုတော့ ဒီမှာဒေါင်း ယူလိုက်ပါ။
အဓိကတော့ gmail ပါ။gmailမှာ မိမိကိုယ်ပိုင်gmailဖြစ်ပြီး အမြဲသုံးနေကျ ဖြစ်နေရပါမယ်။ထိုgmail တော့ မပျောက်ပျက်အောင် ထိန်းသိမ်းထားဖို့လိုပါတယ်။passwordကတော့ ကိုယ်မှတ်မိလွယ်တဲ့ password(အနည်းဆုံး၈လုံး) ထည့်လိုက်ပေါ့။ကျွန်တော်ဆို pcloudအား အသုံးပြုလာခဲ့သည်မှာ အတော်ကြာခဲ့ပါပြီ။passwordက အနည်းငယ်ပဲ ထားလို့ရတော့ မှတ်မိလွယ်တာပေါ့။Registerပြုလုပ်ပြီးပါက မိမိကိုယ်ပိုင် accountတစ်ခုပိုင်ဆိုင်သွားပါပြီ။
ဒီလိုဆို ကျွန်တော်တို့ upload ချင်တဲ့ fileကိုရှာလိုက်ရုံပါပဲ။အခုက steemit password ကို uploadရမှာမို့ steemit password fileကိုရှာလိုက်ပေါ့။တစ်ခုပြောချင်တာက ကျွန်တော်တို့ steemit passwordကို Noteမှနေ၍ pdfတစ်ခုအဖြစ်ပြောင်းလဲ ပြုလုပ်ထားဖို့လိုပါလိမ့်မယ်။ဒါမှသာ အလွယ်တကူ ရှာဖွေသိမ်းဆည်းနိုင်မှာပဲဖြစ်ပါတယ်။
password fileအားတွေ့ပါက တစ်ချက်နှိပ်ပေးလိုက်ပါ။ညာဘက်ဒေါင့်တွင် အမှန်ခြစ်လေးတစ်ခု(✔ )တစ်ခုအားဆက်နှိပ်လိုက်ပါ။ပြီးနောက် ၎င်းfileအား uploadပြုလုပ်နေပါလိမ့်မယ်။
မကြာပါ။fileဆိုဒ်မကြီးသောကြောင့်မိနစ်ပိုင်းလောက် ဆိုရပါလိမ့်မည်။
ဒါဆိုရင် steemit password သိမ်းဆည်းနည်းအောင်မြင်ပါပြီ။မိမိ pcould accသို့ ပြန်စစ်ကြည့်လိုက်ပါ။မပျောက်ပျက်နိုင်သော steemit password ကို ရရှိသွားပါလိမ့်မယ်။မိမိဖုန်းပျောက်ပျက်သွားလည်း ကိစ္စမရှိတော့ပါ။pcloudတွင် မိမိaccountဖြင့်ပြန်ဖွင့်လိုက်ရုံနှင့် passwordအား ပြန်လည်ရရှိမှာပဲဖြစ်ပါတယ်။တစ်ခုသတိပေးချင်သည်က pcloud passwordအား မိမိ မှတ်မိလွယ်သည့် အမည်နာမတစ်ခုခု(သို့)ဂဏန်းများဖြင့် ပေးထားလျှင်ပို၍အဆင်ပြေပါသည်။
စာဖတ်သူအနေများဖြင့်လည်း ကျွန်တော့်ရဲ့ steemit password သိမ်းဆည်းနည်းအကြောင်းအား နားလည်သဘောပေါက်နိုင်မယ်လို့ထင်ပါတယ်။နားမလည်ပါကလည်း ပြန်လည်မေးမြန်းနိုင်ပါတယ်ခင်ဗျ။ကျွန်တော်ကတော့ ယခုနည်းဖြင့် အခြားသော videos အရေးကြီးသော photoများကိုလည်း pcouldတွင်သာ သိမ်းဆည်းထားပါသည်။ကျွန်တော့်ရဲ့ ညီအစ်ကိုမောင်နှမများလည်း မိမိ၏တန်ဖိုးရှိလှသော steemit password လေးအား လုံခြုံစွာ သိမ်းဆည်းထားတတ်ကြပါစေ။တခြားသောနည်းလမ်းများဖြင့်လည်း သိမ်းဆည်းထားသော ညီအစ်ကိုမောင်နှမများလည်း ဤနည်းလမ်းဖြင့် သိမ်းဆည်းထားရန် အကြံပြုအပ်ပရစေ။
Author by @nandasai(MSC.076)
Photos ;Me