ရိုးရာသင်္ကြန်​ပွဲ​တော်

Words
141
Reading
1 min
Listen
Play
9y

သြော်​ ​နွေရာသီ။

ဆွတ်​ပျံ့​နေ​သော ​မြေသင်းရနံ့များနှင့်​ ပုရစ်​ဖူးရွက်​သစ်​​လေး​တွေက ​နွေဦး၏အလှကိုအသက်​ဝင်​​နေ​စေခဲ့ပါသည်​။ဆောင်းအကုန်​​နွေအကူး ​လေရူး​တွေတိုက်​ဆိုသလို တေ​ပေါင်းလ၏​လေ​ပွေ​လေရူး​တွေကတစ်​ရံတစ်​ခါ တိုက်​ခတ်​လာလိုက်​တစ်​ခါတစ်​ရံငြိမ်​သက်​သွားလိုက်​နှင့်​​နွေရာသီ၏အစကိုပုံ​ဖော်​လို့​နေပါသည်​။

အားလပ်​ရပ်​တစ်​ရက်​ဖြစ်​​သော ​နေ့​လေးတစ်​​နေ့။နေ့အပူချိန်​မြင့်​တက်​လာပြီဖြစ်​​သော​ကြောင့်​ မိမိမှာ ဘယ်​သို့မှမသွားချင်​ မထွက်​ချင်​။နေ​ရောင်​ခြည်​ဒဏ်​က ကျန်းမာ​ရေးကိုထိခိုက်​​စေနိုင်​သည်​မဟုတ်​လား။အရင်​အချိန်​နှင့်​မတူ ကွဲပြား​ပြောင်းလဲလာ​သော ရာသီဥတုဒဏ်​ကိုတတ်​နိုင်​သမျှ​ရှောင်​ရှား​စေလိုသည်​။ကမ္ဘာကြီးပူ​နွေးလာမှုနှင့်​အတူ သဘာဝ၏ဒဏ်​ခတ်​မှုလည်းတစ်​ကမ္ဘာလုံးခံစား​နေရပါပြီ။သို့​သော်​ ပူ​လောင်​လွန်းသည့်​ရာသီထဲဝယ်​ တစ်​ခါတစ်​ရံ တူးပို့ တူးပို့ ​တေးသံများကြားမိလျှင်​ အလိုလိုပူ​လောင်​မှုများ​ပျောက်​ကုန်​သည်​။တူးပို့တူးပို့ဆိုလျှင်​မြန်​မာပြည်​သူပြည်​သားအားလုံး ရိုးရာသင်္ကြန်​ပွဲ​တော်​ကိုပဲ​ပြေးမြင်​မိကြလိမ့်​မည်​ဟုထင်​ပါသည်​။thingyan_myanmar_2.jpg

မြန်​မာတို့ရဲ့ချစ်​စရာရိုးရာသင်္ကြန်​ပွဲ​တော်​သည်​လည်း ဆယ့်​နှစ်​လရာသီထဲမှ ရာသီပွဲ​တော်​တစ်​ခုပါပဲမဟုတ်​လား။ရွက်​​ဟောင်း​ကြွေ၍ ရွက်​သစ်​​ဝေ​သော သ​င်္ကေတနှင့်​အညီ နှစ်​​ဟောင်းမှနှစ်​သစ်​သို့ကူး​ပြောင်း​သောအချိန်​အခါသာမညပင်​ဖြစ်​သည်​။ထိုအချိန်​တွင်​ မြန်​မာပြည်​သူတစ်​ဝန်းလုံးကညီညွတ်​စွာဖြင့်​ ရိုးရာသင်္ကြန်​ပွဲ​တော်​အား စည်​ကားသိုက်​မြိုက်​ကျင်းပကြပါသည်​။သင်္ကြန်​ပွဲ​တော်​ဆိုသည်​နှစ်​​ဟောင်းကိုနှုတ်​ဆက်​၍နှစ်​သစ်​ကိုကူး​ပြောင်း​သော ရာသီဖြစ်​၍ နှစ်​​ဟောင်းမှအညစ်​အ​ကြေးများအားလုံးကိုလည်း အတာ​ရေစင်​ဖြင့်​​ဆေး​ကြော​သည့်​အဓိပ္ပါယ်​ကို​ဖော်​​ဆောင်​ပါသည်​။သင်္ကြန်​ပွဲ​တော်​တွင်​ တိုင်းရင်းသားလူမျိုးများ​တစ်​ဦးနှင့်​တစ်​ဦးချစ်​ခင်​ရင်းနှီးစွာ​အတာ​ရေပက်​ဖျန်း၍ ကျင်းပ​လေ့ရှိကြပါသည်။ကျွန်​​တော်​တို့ရိုးရာသင်္ကြန်​ပွဲ​တော်​တွင်​အကြို၊အကျ၊အကြတ်​၊အတက်​​နေ့ဟူ၍လည်း​နေ့များဖြင့်​ သတ်​မှတ်​ကာ ကျင်းပကြပါသည်​။ရက်​ထပ်​​သောနှစ်​များတွင်​ အကြတ်​​နေ့မှာ နှစ်​​ရက်​ဖြစ်သွားပါသည်​။သင်္ကြန်​ပွဲ​တော်​ကာလအတွင်း ပုဂ္ဂလိက လုပ်​ငန်းများနှင့်​အစိုးရလုပ်​ငန်းများလည်း ရုံးပိတ်​ရက်​များဖြစ်​ပြီး ဝန်​ထမ်း၊အလုပ်​သမားများလည်း အားလပ်​ခွင့်​ရရှိကြပါသည်​။Myanmar-New-Year.jpg

ကျွန်​​တော်​သည်​လည်း ပွဲ​တော်​ကာလများတွင်​ အိမ်​သို့ပြန်​ကာ ရိုးရာသင်္ကြန်​ပွဲ​တော်​ကို ​ပျော်​ရွင်​စွာဆင်​နွဲပါသည်​။တောရွှာသင်္ကြန်​ပွဲ​တော်​နှင့်​မြို့ပြသင်္ကြန်​ပွဲ​တော်​မှာ တစ်​မျိုးစီ ​ပျော်​ဖို့​ကောင်းပါသည်​။မြို့ပြတွင်​​တော့ မြို့နှင့်​အညီ လူသူများပြားလွန်းသည်​။ကားဖြင့်​လှည့်​လည်​ပါက ကားလမ်းပိတ်​မည်​ကိုလည်း တစ်​ခုစိုးရိမ်​ရပါသည်​။တစ်​ခါ ကျွန်​​တော်​ (စာ​ရေးသူ)နှင့်​သူငယ်​ချင်းများစု​ပေါင်းကာ ကာြး​ဖင့်​ လည်​ပတ်​ရာ မဏ္ဍပ်​တစ်​ခု​ရှေ့မှာပင်​ ကားပိတ်​ကာ မိုးချူပ်​သွားသည့်​အထိကြုံဖူးပါသည်​။ကားလမ်းများမပိတ်​ပါက အလွန်​​ပျော်​ဖို့​ကောင်းပါသည်​။တစ်​ဦးနှင့်​တစ်​ဦး တစ်​ခါမျှမမြင်​ဖူးမသိဖူးကြ​သော်​လည်း ​တစ်​ကြိမ်​​သာ​တွေ့​ဆုံရလည်း ရင်းနှီးသွားတတ်​ကြသည်​။ကျွန်​​တော်အမြင်သင်္ကြန်ပွဲေ​​​တ်ာသည်​​တိုင်းရင်းသား​ပေါင်းစုံတို့အား ဆုံစည်း​စေနိုင်​​သော ပွဲ​တော်​တစ်​ခုဟုလည်းမြင်​မိပါသည်​။ထို့​နောက်​ သင်္ကြန်​မဏ္ဍပ်​​ပေါ်များတွင်​ သင်္ကြန်​ရိုးရာယိမ်းအကအလှများဖြင့်​ ​ဖျော်​​ဖြေ​နေကြသည်​မှာလည်း ရှုမညီးနိုင်​​သော ယဉ်​​ကျေးမှုတစ်​ခုပင်​မဟုတ်​ပါလား။ဆက်​၍​သင်္ကြန်​မဏ္ဍပ်​များတွင်​လည်း စတုဒီသာ ​ကျွေး​မွေးခြင်းဖြင့်​ကုသိုလ်​ယူ​ကြပြန်​​​သေးသည်​။ထိုလို​သောမြင်​ကွင်းမျိုးအား မြန်​မာနိုင်​ငံ၌တွင်​သာ ​တွေ့မြင်​ရမှာပဲဖြစ်​ပါသည်​။့ထိုအချိန်​အခါသမညတွင်​ သက်​ကြီးရွယ်​အိုများအ​နေဖြင့်​ ဥပုသ်​သီလ​စောင့်​ထိန်းခြင်းဖြင့်​ကုသိုလ်​ယူကြသည်​။လူငယ်​လူရွယ်​များကလည်း သက်​ကြီးပူ​ဇော်​ပွဲများကျင်းပ၍ စု​ပေါင်းကာ သက်​ကြီးရွယ်​အိုများအား တတ်​နိုင်​သမျှ လှူဒါန်းကြသည်​။လက်​သည်း​ခြေသည်းများ ညှပ်​​ပေးပြီး​ရေချိုးသန့်​စင်​​ပေးကြသည်​။မိမိသည်​လည်း သူငယ်​ချင်းအ​ပေါင်းအသင်းများနှင့်​စု​ပေါင်းကာ နှစ်​စဉ်​နှစ်​တိုင်း ထိုကဲ့သို့ကုသိုလ်​ယူမြဲပင်​။thingyan_myanmar_1.jpg

တောဓ​လေ့ သင်္ကြန်​ရက်​တွင်​​တော့ အလွန်​ရိုးရှင်းလွန်းသည်​။မြို့ပြကဲ့သို့စည်​ကားသိုက်​မြိုက်​ခြင်းမရှ်ိ​သော်​လည်း စတုဒီသာ မဏ္ဍပ်​ငယ်​​လေးများ​ဆောက်​လုပ်​ကာ ​ရေပက်​ဖျန်းကစားကြသည်​။စတုဒီသာအ​နေဖြင့်​ မုန့်​လုံး​ရေ​ပေါ်များနှင့်​ အချိုရည်​များ ​ကျွေး​မွေးတတ်​ကြသည်​။က​လေးသူငယ်​များမှာလည်း မဏ္ဍပ်​တွင်​တ​နေကုန်​​​ရေ​ဆော့ကစားတတ်​ကြသည်​။ထူးခြား​သောအ​လေ့အထမှာ လူကြီးများက လူငယ်​​လေးများအား အုံးမည်းများဖြင့်​ လိုက်​လံသုတ်​လိမ်းကာ ​ပျော်​တတ်​ခြင်းပဲဖြစ်​ပါသည်​။တောဓ​လေ့တို့၏ရိုးရှင်း​သော သင်္ကြန်​ပွဲများမှာ ကျွန်​​တော့်​အဖို့ အမှတ်​ရစရာများစွာရှိခဲ့ပါသည်​။အိမ်​တွင်း​အောင်း​သောအပျို​ချော​​လေးများအား ​ရေခိုး​လောင်း​သော အရသာမှာလည်း ​မေ့မရနိုင်​။အခါပွဲ​တော်​အတွင်း ရိုးရာမုန့်​များ လည်း ပြုလုပ်​ကြ​သည်​။ထို့​နောက်​​ရိုးရာမုန့်​များဖြင့်​ ​သက်​ကြီးရွယ်​အိုအဘိုးအဘွားတို့အားကန်​​တော့ကြပြန်​​သေးသည်​။တောရွှာဓ​လေ့သင်္ကြန်​ပွဲ​လေးသည်​မြို့ပြနှင့်​နှိုင်းယှဉ်​လျှင်​ မစည်​ကား​သော်​လည်း ရိုးစင်း​သော​တောသူ​တောသားတို့၏ ထုံးတမ်းစဉ်​လာဓ​လေ့မှာ​တော့ အလွန်​ပင်​ ချီးကျူးစရာ​ကောင်းလှပါသည်​။unnamed.gif

အခုဆို ကြည့်​လိုက်​ပါ ဥသြငှက်​​တွေတွန်​ကျူးလို့​နွေရာသီသို့​ရောက်​ခဲ့ပါပြီ။နွေရာသီထဲဝယ်​ ရိုးရာသင်္ကြန်​​လေးကလည်း ကျွန်​​တော်​တို့ မြန်​မာပြည်​သူပြည်​သားများအား ကြိုလင့်​လို့​နေပါပြီ။နိဂုံးအေ​နဖြင့်​စာဖတ်​သူများအ​နေလည်း ကျွန်​​တော်​တို့ရိုးရာသင်္ကြန်​ပွဲ​တော်​အား ယဉ်​​ကျေးမှုရိုးရာတစ်​ခုနှင့်​အညီ ပါဝင်​ဆင်​နွဲကြပါစို့ဟုတိုက်​တွန်းရင်း ​​ဆောင်းပား​လေးအားအဆုံးသတ်​ပရ​စေဗျာ။အအ~2.jpg

Author by nandasai@nandasai (msc.076)

Photos from Google image


ရိုးရာသင်္ကြန်​ပွဲ​တော်​ | Ecency