ခေါင်း​ဆောင်​​ကောင်း

Words
167
Reading
1 min
Listen
Play
9y

ခေါင်း​ဆောင်။

ခေါင်း​ဆောင်​ဆိုသည်​ကအနာဂတ်​တွင်​ ဖြစ်​​ပေါ်လာ​သော အ​ကောင်းအဆိုး အ​ကြောင်းအကျိုးများကို ​ဝေဖန်​ပိုင်းခြားဆုံးဖြတ်​​ပေး​သောသူဟုထင်​ပါသည်​။ထို့​နောက်​ ​ကောင်းနိုးရာ ရာကိစ္စရပ်​များကို ဖန်​တီး​ပေးတတ်​ပြီး ​ရှေ့ဆုံးမှ မားမားမတ်​မတ်​ရပ်​တည်​ ဦး​ဆောင်​တတ်​​သော သူ ဟုလည်းထင်​မိပါသည်​။ခေါင်း​ဆောင်​ဆိုသည်​မှာ ​ခေါ်ဆိုရ လွယ်​သ​လောက်​ ​ခေါင်း​ဆောင်​​ကောင်းဖြစ်​ဖို့ရန်​ ခက်​ခဲလွန်းလှသည်​။shutterstock_112779664.jpg

ကျွန်​​တော်​တို့ ပတ်​ဝန်းကျင်​လူ့အဖွဲ့အစည်း လူ့​ဘောင်​များတွင်​ ​ခေါင်း​ဆောင်​များစွာ အသီးသီးရှိကြပါသည်​။ထို့ထဲမှ ​ခေါင်း​ဆောင်​​ကောင်းများသည်​စီးပွား​ရေးနယ်​ပယ်​ လူမှု​ရေးနယ်​ပယ်​ နိုင်​ငံ​ရေး ​နယ်​ပယ်​တို့တွင်​ပို၍ပင်​ပိုလိုအပ်​ပါသည်​။"ရှေ့ကနွားလား ​ဖြောင့်​​ဖြောင့်​သွားမှ ​နောက်​နွားတသိုက်​ ​ဖြောင့်​​ဖြောင့်​လိုက်​မည်​" ဆိုသည့်​စကားနှင့်​အညီ လက်​​အောက်​ငယ်​သားများအဖို့ ​ရှေ့​ဆောင်​ လမ်းပြ ​ခေါင်း​ဆောင်​​ကောင်းများက မှန်​ကန်​​သောလမ်းများ​ပေါ် ​ခေါ်​ဆောင်​မှသာ လမ်းမှန်​​ပေါ်​ရောက်​​ပေလိမ့်​မည်​။ထို့မှမဟုတ်​ ​ဦး​ဆောင်​များက မဟုတ်​မမှန်​​သော လမ်းများ​ပေါ်သို့​ခေါ်​ဆောင်​သွားပါက လက်​​အောက်​ငယ်​သားများအတွက်​ လမ်းလွဲလမ်းမှားသို့သာ​ရောက်​ကြမည်​သာ ဖြစ်​ပါသည်​။ဆိုလိုရင်းသ​ဘောတရားက မည်​သည့်​အလုပ်​တွင်​မဆို ​ခေါင်း​ဆောင်​​ကောင်း ရှိရန်​အတွက်​ အမှန်​တကယ်​ပင်​လိုအပ်​ပါသည်​။

ယခုလက်​ရှိ ကျွန်​​တော်​တို့ညီကို​မောင်​နှမများ​လျှောက်​လှမ်း​နေကြ​သော steemit platform ​ပေါ်တွင်​လည်း ​ခေါင်း​ဆောင်း​ကောင်းများစွာရှိပါသည်​။ထို့အတူ ၎င်းတို့၏ဆန့်​ကျင်​ဘက်​ ​ခေါင်း​ဆောင်​ယုတ်​ ​ခေါင်း​ဆောင်းညံ့များလည်း ရှိ​နေပါသည်​။သို့​သော်​လည်းမိမိအ​နေဖြင့်​ မည်​သူက​ခေါင်း​ဆောင်​​ကောင်းဖြစ်​၍မည်​သူက ​ခေါင်း​ဆောင်​ယုတ်​ဖြစ်​သည်​ကို​တော့ သိကြမည်​ထင်​ပါသည်​။အမှန်​အတိုင်း​ပြောရလျှင်​ ကျွန်​​တော်​တို့ ညီကို​မောင်​နှမများသည်​ MSC ​ခေါင်းစဉ်​​အောက်​ဝယ်​ လက်​​အောက်​ငယ်​သားများဖြစ်​ရသည်​မှာ အလွန်​ကံ​ကောင်းလှသည်​ဟု ထင်​မိပါသည်​။တမင်​တကာ ချီးကျူး​မြှောက်​ပင့်​၍​ပြောဆိုခြင်းမဟုတ်​ပါ။ကျွန်​​တော်​တို့ MSC ​ခေါင်း​ဆောင်​ဖြစ်​တဲ့ ကိုဟင်​နရီ​အောင်​ကို​တော့ကျွန်​​တော်​ အရမ်း​လေးစားချီးကျူးမိပါသည်​။မိမိကိုယ်​ကျိုးမကြည့်​ဘဲ အများအကျိုးအတွက်​​ရှေးရှုပြီး ​ဆောင်​ရွက်​တတ်​​သောစိတ်​ဓာတ်​ဆိုတာ ဒီ​ခေတ်​ကြီးမှာ ရှားပါးလွန်းပါသည်​။ထို့အတူ ကိုဟင်​နရီ​အောင်​နှင့်​ လက်​တွဲလုပ်​ကိုင်​​ပေး​နေကြ​သော ဆရာ ညီအစ်​ကို ​မောင်​နှမများကို အကြိမ်ကြိမ်ပင်​​​​ကျေးဇူးတင်​​နေမိ​တော့သည်​။ထိုသူများအားလုံးသည်​ ကျွန်​​တော်​တို့၏​ခေါင်း​ဆောင်​များပင်​မဟုတ်​ပါလား။မှန်​ကန်​​သောဆုံးဖြတ်​ချက်​ တိကျ​သောစည်းမျဉ်းစည်းကမ်းများအညီ ​ဆောင်​ရွက်​တတ်​​သော​ကြောင့်​ ​ခေါင်း​ဆောင်​​ကောင်းဟု​ပြောရန်​ပင်​မလိုအပ်​​​တော့ပါ။21.jpg

ခေါင်း​ဆောင်​​ကောင်းဟူသည်​ မည်​သည့်​​နေရာတွင်​မဆိုအ​ရေးပါအရာ​ရောက်​လွန်းသည်​။ခေါင်း​ဆောင်​ပိုင်းနှင့်​ပတ်​သတ်​၍ ဥပမာတစ်​ခုအဖြစ်​ ဖြစ်​ရပ်​မှန်​တစ်​ခုကို​ပြောပြချင်​ပါသည်​။ထိုအရာက​​တော့ ​ခေါင်းဆောင်​​ကြေညင့်​ပျက်​စီးသွား​သော လူငယ်​အချို့အ​ကြောင်းပဲဖြစ်​ပါသည်​။လွန်​ခဲ့​သော ၄နှစ်​ခန့်​က ဖြစ်​မည်​ထင်​ပါသည်​။ရွှာ​လေးတစ်​ရွှာမှာ​ပေါ့။(ရွှာနာမည်​​တော့ မ​ဖော်​ပြလိုပါ။)ထိုရွှာ​လေး၏ ဘုန်း​တော်​ကြီး​ကျောင်း ရဟန်း​ပေါက်​စ နှစ်​ပါးရှိသည်​ဆိုပါ​တော့။ကျောင်းထိုင်​ ဘုန်းကြီးက ထိုရဟန်းနှစ်​ပါးကို မြို့​ကျောင်း စာသင်​တိုက်​မှာ ပညာသွား​ရောက်​သင်​​စေတယ်​။နောက်​ပိုင်း ထိုရဟန်းနှစ်​ပါးလည်း ပညာစုံလို့ ​ကျောင်းထိုင်​ဖြစ်​ဆဲဆဲ​မှာ​ပေါ့။အဲ့မှာ ပြသာနာစဖြစ်​​တော့တာပါပဲ။ထိုရဟန်းနှစ်​ပါးထဲမှ ပညာပို​တော်​တဲ့ရဟန်းတစ်​ပါးမှာ ​ခေါင်း​ဆောင်​သဖွယ်​ လူတစ်​​ယောက်​ရှိတယ်​။သူ ဦးရီးလည်း ​တော်​စပ်​ပါတယ်​။ဆို​တော့ အဲ့ဦးရီးကြီးနဲ့ ​ကျောင်းထိုင်​ဘုန်းကြီးနဲ့က ပဠိပက္ခဖြစ်​ကြပြီး မတည့်​ကြဘူးဖြစ်​​နေတယ်​။အဲ့မှာ အဲ့ရဟန်းရဲ့ဦးရီးက ထို​ကျောင်းမှာဆက်​မ​နေဖို့ တိုက်​တွန်း​တော့တာ​ပေါ့။ကျောင်းထိုင်​ဘုန်းကြီးမ​ကောင်း​ကြောင်းလည်း အမျိုးမျိုး ​သွေးထိုး​ပြော​ပါ​တော့တယ်​။22.jpg​နောက်​​တော့ ထိုရဟန်းလည်း လူဝတ်​လဲဖို့​တောင်းဆိုလာပါ​တော့တယ်​။ကျောင်းထိုင်​ဘုန်းကြီးက လူဝတ်​မလဲ​ပေးပါဘူး။သူ့ပညာ​တွေနှ​မြောလို့တဲ့။သည်​လိုနဲ့​နောက်​ဆုံးမှာ​တော့ ​ကျောင်းထိုင်​ဘုန်းကြီးမရှိခိုက်​ သူ့ဆန္ဒနဲ့ လူဝတ်​လဲလိုက်​ပါ​တော့တယ်​။လူဝတ်​လဲပီး​နောက်​ပိုင်း အရမ်း​ပြောင်းလဲလာခဲ့ပါတယ်​။ရဟန်းလူထွက်​ ​ခွေးထက်​မိုက်​ဆိုသလို ရဟန်းထွက်ပြီး တံငါသည်​ဘဝကို​ရောက်​သွားပါ​တော့တယ်​။ငါးများကိုနည်းမျိုးစုံဖြင့်​ ရှာ​ဖွေသတ်​ဖြတ်​ပါ​တော့တယ်​။နောက်​ပိုင်းတွင်​အရက်​​လေးတမြမြနှင့်​ သူတစ်​ပါးအသက်​သတ်​ဖြတ်​ရုံသာမက သူတစ်​ပါးပစ္စည်းပါခိုးတတ်​လာပါ​တယ်​။အခု​တော့ မိန်းမနှင့်​ကွဲကာ တံငါသည်​​ယောင်​​ယောင်​ ဘာ​ယောင်​​ယောင်​နဲ့ အရက်​သမားဖြစ်​ကာ ဘဝပျက်​သွားပါ​ရော။ဒီအဖြစ်​အပျက်​ကိုကြည့်ုခြင်းအားဖြင့်​ ​ခေါင်း​​ဆောင်​ဆရာ ညွန်​ကြား​သော လမ်းများမှားယွင်းပါက ​လက်​​အောက်​သားလည်း လမ်းမှားသို့ပင်​​ရောက်​မည်​ဖြစ်​​ကြောင်း ​တွေ့မြင်​မှာပဲဖြစ်​ပါသည်​။တကယ်​ဆို မိမိဦး​နှောက်​ဥာဏ်​ဖြင့်​ မည်​သည်​ကမှားသည်​ မည်​သည်​ကမှန်​သည်​ကိုလည်း ချင့်​ချိန်​စဉ်းစားဖို့ရန်​လည်းလိုအပ်​လှပါသည်​။သူတစ်​ပါး ​ပြောသမျှ ​ခေါင်းညိတ်​ယုံတတြ်​ခင်းအကျင့်​ကို ​ဖျောက်​ဖျက်​ပစ်​ဖို့လိုပါသည်​။ကျွန်​​တော်​တို့၏ ညီအစ်​ကို​​မောင်နှမများလည်း ​ခေါင်း​ဆောင်​​ကောင်း များရှာ​ဖွေဆည်းကပ်​တတ်​ရန်​လိုအပ်​ပါ​သေးသည်​။သို့မှသာ မိမိ​ရှေး​ရေးအနာဂတ်​အတွက်​ အ​ထောက်​အကူပြုမည်​မှာပဲဖြစ်​ပါသည်​။နောက်​ဆုံးအ​နေဖြင့်​ ကျွန်​​တော့်​ရဲညီအစ်​ကို​မောင်​နှမများအားလုံးလည်း ​ခေါင်း​ဆောင်​​ကောင်းများစွာ​တွေ့ရှိနိုင်​ပါ​လေို့ဆု​တောင်းလိုက်​ပါသည်​။အအ~2.jpg

Author by nandasai@nandasai(msc.076)

Photos from google images

ခေါင်း​ဆောင်​​ကောင်း | Ecency