အမှန်တရားကခါးတယ်

Words
56
Reading
1 min
Listen
Play
9y

အတိတ်မှာ မနစ်မွန်းချင်ပေမယ့်
ကို့ရဲ့ စိတ်က အတိတ်ကနေ
ရုန်းမထွက်နိုင်သေးသရွေ့
အဖြစ်အပျက်တိုင်းဟာ
ဝဋ်ကြွေးပါပဲလို့
အခါခါ သတိပေးနေရင်းက
ဒီရင်ထဲမှာ နာ နာ နာလို့လေ

Fb deactivate လုပ်ထားတယ်
နှလုံးသားက အော်ညည်းသံတွေ ပွင့်အံ့ကျလာတယ်
ယမကာ လုလင်ဘဝကို ထွေးပိုက်ထားတယ်
ကဲ ဘာလိုသေးလဲ

တမ်းတမိတဲ့ စိတ်ကို ထိန်းချုပ်ရတာ ခက်တယ် လေ
လွတ်ထွက်မသွားအောင်
ကိုယ့်ကိုကိုယ် ချောင်ပိတ် သတ်ရင်း
ဘဝလဲ သေ
နှလုံးသားလဲ ကြေ

အမှန်တရားက ခါးတယ်
ခါးသီးတယ်ဆိုမှ
မင်းအကြောင်းတွေးမိတော့
ဘဝကပါ ခါးလာတယ်

ဒီလိုနဲ့ပဲ
သေရာပါဒဏ်ရာတွေ ရောပြွန်းနေတဲ့ ကို့ကို
အခါခါ ထပ်ပြီးသေအောင် သတ်ရက်တယ်ဆို
အကြိမ်ကြိမ် သေပေးဖို့
ဘယ်တော့မှ ငြင်းဆန်မိမှာမဟုတ်ပါဘူးလေ

DQmUGojp38u9sSMvPhXTqHGC1TqbG9ixDAb6gAKSdRhMuaR.png

nainghtookhant@nainghtookhant

အမှန်တရားကခါးတယ် | Ecency