ကျွန်တော် နှင့် MSC - 1

Words
219
Reading
1 min
Listen
Play
9y

received_1951452655181713.png

Steemitမှညီအစ်ကို မောင်နှမများအားလုံး မင်္ဂလာပါခင်ဗျာ။ကကျွန်တော်ကmyatthuaung@myatthuaung ( MSC - 032 )ပါ။ကျွန်တော် ချစ်ခင်တဲ့MSC Groupကြီးကို reviewပုံစံနဲ့ စမ်းရေးကြည့်ချင်ပါတယ်ခင်ဗျ။ မှားယွင်းတဲ့အချက်အလက်များပါရင်လည်းပြုပြင်ပေးကြပါဦးလို့ဆရာတွေကိုကြိုပြီးတောင်းပန်ထားပါ
ရစေခင်ဗျ။

ကျွန်တော်အရင်postရေးသားခဲ့တဲ့အချိန်ကsteem ဈေးက2 $ နဲ့3 $ ကြားထဲမှာဗျ။အခုဒီpostကို ရေးနေတဲ့အချိန်မှာတော့6 $ MSC Members No တွေလည်း 200 ကျော်အထိ မြင်တွေ့လာရတော့ ကျွန်တော်တို့ Myanmar Steemit Community ကြီးဟာ ကြီးထွားလာတယ် ဆိုတာ မျက်မြင် မြင်တွေ့လာရပါတယ်။
အဲဒါကလည်း Leader ဖြစ်တဲ့ ဆရာ ဟင်နနဲ့Admin Team က ဆရာတွေရဲ့ကြိုးပမ်းအားထုတ်မှုပါပဲ။ကျွန်တော် ကAugust လထဲမှာ steemit နဲ့ စ join ခဲ့တာဆိုတော့ အခု ဆို ငါး လတက်တမ်း ကျော်ခဲ့ပြီပေါ့ဗျာ။

IMG_20180103_093142.jpg
steemit အကြောင်း ပြောပြခဲ့တာကတော့ အစ်ကို shweyaungmyanmar@shweyaungmyanmarပါ။သူလည်း အခု အချိန် ထိ steemit platform ပေါ်မှာ လျှောက်လှမ်းနေဆဲပါပဲ။
အခု အချိန် ငါးလ သက်တမ်းအချိန်အထိ Steemit မှာ မမြင်တွေ့ရတော့ တဲ့ ညီအကို ဆရာတွေလည်းပါ တယ်။ကျွန်တော်မှတ်မိသလောက်Admin team က

ဆရာnyinyiwin@nyinyiwin'tinmyoaung@tinmyoaung'tamuthar@tamutharသူတို့ကိုမတွေ့ရတောတာ ကြာပေါ့။ နောက်ထပ်တစ်ယောက်ကပထမဦးဆုံးတစ်လတာအကောင်းဆုံးဆုကိုရရှိခဲ့တဲ့ ကိုaungzawhtwe@aungzawhtwe ပါ။
ပြီးနောက်တစ်ယောက်က Introduce postမှာ ထူးထူးခြားခြား​ $100​​​ နီးပါးရရှိခဲ့တဲ့​ဂေါ်ရခါးမျိုးရိုးဆိုလား
အစ်ကိုတစ်ယောက်ရှိသေးတယ်။

သူလည်းကျွန်တော်သတိမထားမိတာလား မမြင်တာ ကြာပေါ့ဗျာ။ပြီးတော့နောက်တစ်ယောက်ကgpထဲမှာဟာသတွေပြောတတ်တဲ့ကိုkyawkyawnaing@kyawkyawnaingပါ။

ကျွန်တော်အနေနဲ့ကတော့ steemit ပြန်ဦးမော့လာတဲ့အချိန်မှာ အရင် လျှောက်ခဲ့ဖူးတဲ့ ညီအစ်ကို တွေ ကို သတိရမိပါ တယ်။
သတိရမိတဲ့ အခြားအကြောင်းရင်းကလည်း ရှိနေပါတယ်ဗျ။ အဲဒါက ဘာလဲ ဆိုတော့steemit platform မှာ ပျောက်သွားပြီး ပြန်ပေါ်လာတဲ့ အကိုတွေလည်း ရှိနေလို့ပါ။ဥပမာကိုmoezaw@moezaw ဗျာ။

သူရဲ့ post တစ်ခုကို ဟိုတစ်လောက ဖတ်လိုက်ရပါသေးတယ်။sp 1000 ကျော် စုဆောင်းမိနေတဲ့ ကိုbobokyaw@bobokyawကို အားကျတဲ့ အကြောင်း သူလည်း ပြန်လည် ကြိုးစားတော့မယ်ဆိုတဲ့အကြောင်း ရေးထားတာပါ။

နောက်တစ်ယောက်ကတော့ ကိုkyawsantun@kyawsantun ပါ ။အရင် တစ်ပတ်လောက်က ဖတ်လိုက် ရပါတယ်။ sp တွေ down ပြီး ရောင်းစားခဲ့မိတာနောင်တ ရတဲ့ အကြောင်း steem power မရှိရင် မြန်မာ အချင်းချင်းကိုပဲ အ ဖက် မလုပ်မှာ စိုးရိမ်မိတဲ့အတွက် steem power စုတော့မဲ့ အကြောင်း ရေးထားတာပါ။နောက် တစ်ဦးက တော့ trader ဆရာကြီး ကိုyairthiha@yairthiha ပါ။ဟဲဟဲ ။

သူလည်း ကြားထဲမှာ post တွေ မတွေ့ရပဲ အတော်လေး ပျောက်သွားခဲ့ဖူးပါတယ်။
အဲဒီအကြောင်းအရာတွေကတော့ ကျွန်တော်သိသလောက်ပျောက်သွားပြီး ပြန်ပေါ် လာတဲ ညီအစ်ကိုတွေပါ။ တစ်ကျော့ပြန် ပြန်ရောက်လာတာ ဆိုတော့ အင်အား အပြည့်တွေနဲ့ လုပ်ဆောင်ကြတော့မယ့် အနေအ ထား ပါဗျ။

received_264920937352497.jpeg
Steemit ရွာကြီးရဲ့ သူကြီး (ဘကြီးတင်) ကတော့ MSC ရွာသူ ရွာသားတစ်ဦးချင်း စီကို အနည်းဆုံး steem power 500 စီ စုဖို့ အကြံပေးထားပါတယ်ဗျ။ဒါမှ အားအင်တောင့်တင်းတဲ့MSC ရွာကြီးဘတစ်ခု ဖြစ်လာမယ် လို့ သွန်သင်ထားပါတယ်။
ဆက်ပါဦးမယ် ခင်ဗျ။

ရေးသားသူ >>>myathuaung@myathuaung
MSC- 032

ကျွန်တော် နှင့် MSC - 1 | Ecency