အမှန်ဆို ဒီခုနှစ်တွေက သိပ်လှပခဲ့တာ
ပျော်ရွှင်စရာ အမှတ်တရတွေ
ကြည်နူးစရာ အခိုက်တန့်တွေနဲ့ ပြည်နပ်နေခဲ့တာ။
အမှန်ဆို ဒီခုနှစ်တွေကို ထာဝရနိဗ္ဗာန်ဘုံလို့မှတ်ယူခဲ့တာ။
အတူသွားဖူးခဲ့တဲ့ခရီးတွေ
အတူဖူးခဲ့ဖူးတဲ့ ဘုရားတွေ
အတူလျှောက်ခဲ့ဖူးတဲ့ လမ်းတွေ
အတူစားခဲ့ဖူးတဲ့ ဆိုင်လေးတွေ
နှစ်ယောက်အတူတူ ဖြတ်သန်းခဲ့ဖူးတဲ့နေ့ရက်တွေ
အားလုံးကို ဒီခုနှစ်တွေမှာ ရရှိခဲ့တာ။
ဒီလို လှပတဲ့အမှတ်တရတွေကို တစ်ရက်ချင်း
စုစောင်းခဲ့ရလို ဖျက်စီးဖို့ကိုလည်း
တစ်ရက်ချင်းအားယူခဲ့ရတာပါ။
အခုတော့ ကိုယ့်မှတ်ဥာဏ်ထဲမှာ ခုနှစ်သက္ကရာဇ်
၆နှစ်စာ ပျောက်ပျက်သွားခဲ့ပါပြီ။
ကိုယ်ဘယ်တော့မှ ပြန်လှည့်မကြည့်တော့မဲ့...
ကိုယ်ဘယ်တော့မှ ပြန်သတိမရတော့မဲ့
အတိတ်ပုံရိပ်တွေပေါ့...
2019, 2020, 2021, 2022, 2023, 2024, 2025
ကိုကိုမိုးဟိန်း
#KoKoMoeHein
@myanmarkoko