မစီးဆင်းနိုင်ခဲ့တဲ့... စမ်းချောင်းငယ်

Words
27
Reading
1 min
Listen
Play
8M

ကျုံးရေဟာ နန်းဆန်
မန်းမြေရဲ့ အလှတစ်ခုပေါ့
ကြမ္မာဖန်ရင်
ဘယ်လိုပဲ ပုန်းနေပါစေ
ဆုံဖြစ်အောင် ဆုံကြရတယ်တဲ့...
တောတောင်ကို ကျော်ဖြတ်
ကျောက်ဆောင်တွေကွေ့ပက်
လေပူကြား အတင်းတိုးရင်း
မန်းမြေကို ခြေချမိတော့
ကိုယ့်ဖြစ်တည်မှုဟာ
ပျောက်ဆုံးသွားခဲ့ရတယ်။
တကယ်တော့ ကျွန်တော်ဟာ
ဘယ်တော့မှ မစီးဆင်းနိုင်ခဲ့တဲ့
စမ်းချောင်းငယ်တစ်ခုပါ...

#ကိုကိုမိုးဟိန်း
Feb, 1 2026

IMG_20251227_142623.jpg

မစီးဆင်းနိုင်ခဲ့တဲ့... စမ်းချောင်းငယ် | Ecency