ငါးဖမ်းခြင်း

Words
139
Reading
1 min
Listen
Play
4y

ငါးဖမ်းခြင်းလို့ ဆိုလိုက်တာနဲ့ ကျွန်တော်တို့
မြန်မာလူမျိုးများက အကုသိုလ်အလုပ်လို့ တန်းမြင်
ကြပါတယ်။

ငါးဖမ်းခြင်းကို အသက်မွေးဝမ်းကြောင်းအရ
လုပ်ကိုင်ကြသလို၊ ဝါသနာအရလည်း လုပ်ကြတာ
တွေရှိပါတယ်။

IMG_20220804_162119.jpg

အသက်မွေးဝမ်းကြောင်းမှုကြောင့်ဆိုတာကတော့
ထွေထွေထူးထူး ပြောစရာမရှိပါ။ ဝါသနာနဲ့
ပက်သက်ပြီးတော့ ဒီနေ့တွေ့ကြုံခဲ့ရတာကို မျှဝေ
ပေးချင်ပါတယ်။

အတိုချုံ့ငါးဖမ်းသွားဖြစ်ခဲ့ပုံကို ပြောပြပါမယ်။
မနက်ပိုင်းအလုပ်ဆင်းပြီး နေ့လည်ပိုင်းကျ မိုးရွာ၍
အလုပ်ဆက်မဆင်းပဲ ငါးဖမ်းသွားဖြစ်ကြပါတယ်။
ဦးဆောင်သူက ပန်းရံဆရာ၊ သူက ငါမျှားဝါသနာ
ပါတယ်။ သူ့မှာ ထူးခြားတာက ငါးမျှားပြီး ရလာတဲ့
ငါးကို သူမစားပါ။ သူများကိုပေးတယ်။ ဝါသနာအရ
တာ ငါးမျှားခြင်းဖြစ်တယ်။

IMG_20220804_162101.jpg

ငါးမျှားရတာ စိတ်ငြိမ်တယ်။ ငါးမျှားချိတ်ကို ငါးလာ
စားပြီး ငါးမျှားတံမှာ တုန်ခါမှုလေးဖြစ်တာကို
သူကနှစ်ခြိုက်တယ်။ ပြီးလို့ ငါးမျှားတံမှာ ငါးရရင်
ပျော်တယ် လို့ သူကပြောတယ်။

ကျွန်တော်လည်း သူတို့ပြောပြတာနားထောင်းပြီး
ငါးမျှားချင်စိတ်ပါ ဖြစ်မိသွားတယ်။ တကယ်တမ်း
စည်သာဆည်လည်းရောက် ငါးလည်းမျှားရော
သူတို့ပြောသလို မဟုတ်။ ငါးမျှားဖို့တီကောင်ရှာရ
တယ်။ ရွံတက်သူများဆိုရင် တီကောင်တွေကို
ကိုင်တွယ်ဖို့ မဖြစ်နိုင်ပါ။ တီကောင်ရလို့ ငါးမျှားပြန်
တော့ တီကောင်တွေကို သံချိတ်မှာတွဲပြီး ရေထဲ
ချတယ်။ ခနကြာလို့ ငါးမျှားကြိုးကို ငါးဆွဲတယ်ဆို
ပြီး အားရပါးရ စောင့်ဆွဲတာ။ ငါးတော့ပါမလာ။
ခုနက ငါးမျှားချိတ်မှာ ချိတ်ထားတဲ့ တီကောင်တွေ
လည်း ပြန်ပါမလာတော့။ ပထမကြိမ်၊ ဒုတိယကြိမ်၊
တတိယကြိမ် ဘယ်နှစ်ကြိမ်မှန်းမသိတော့။ ငါးက
မမိဘူး။ တီကောင်တွေတော့ငါးတွေက စားသွားကြ
တယ်။ မသိရင် ငါးစာကျွေးနေသလို။

IMG_20220804_155813.jpg

IMG_20220804_143211.jpg

IMG_20220804_143141.jpg

နေကပူပူ ချွေးတွေကပြန်လာပြီ။ ငါးကမရ။ ကြာလာ
တော့ ကျွန်တော်မခံနိုင်တော့ ငါးမရရင်နေပါစေတော့
ဆိုပြီး ခပ်လှမ်းလှမ်းက သစ်ပင်အောက်မှာ သွား
ထိုင်နေလိုက်တယ်။ သူတို့က ဇွဲမလျော့ နေပူထဲမှာ
လသာနေသလိုမျိုး မိန့်မိန့်ကြီးထိုင်ကာ ရေပြင်ကိုသာ
ကသိုင်းရှုနေကြလေရဲ့။

နောက်ဆုံး ငါးရပါပြီ။ နိုင်လွန်ငါးတဲ့။ လက်မထက်
နဲနဲပဲကြီးမယ်။ နေ့လည် တစ်နာရီနေ ငါးနာရီထိ
၄င်း နိုင်လွန်ငါး ၄ကောင်သာရတယ်။
ကဲ သူတို့ဝါသနာကတော့ စံပြုထိုက်ပါပေတယ်ဗျာ။

ကိုကိုမိုးဟိန်း
KoKoMoeHein

myanmarkoko@myanmarkoko

ငါးဖမ်းခြင်း | Ecency