ကိုယ်တိုင်ဖန်တီးသော...

Words
51
Reading
1 min
Listen
Play
6y

မင်္ဂလာပါ...

သာယာတဲ့ မနက်ခင်းလေးမှာ ကိုဗစ်ကို ကာကွယ်တိုက်ခိုက်ဖို့
Mask တပ်ဖို့ မမေ့ကြနဲ့နော်...
လက်ကိုလည်း မကြာခဏ ဆေးကြပါဦး...

ဘာအကြောင်းပြောမှာလဲ?
ပြောစရာအကြောင်းတွေ အများကြီးရှိပါတယ်။ အဓိကတော့ ကိုဗစ်ပေါ့ဗျာ။
ဒါပေမဲ့ လောလောဆယ် ကုန်ကြမ်းလေးတွေပဲ စုထားလိုက်ပါဦးမယ်။

မနေ့ကတော့ စျေးရောင်းပြီး နေ့လည်ပိုင်းမှာ အိမ်ရှေ့မှာရှိတဲ့ ဝါးရုံလေးကို
အလှဖော်ခဲ့ပါတယ်။ အလှဖော်တယ်ဆိုလို့လည်း အထင်မကြီးလိုက်ပါနှင့်အုံး
ဒီအတိုင်း ကပ်ကြေးနဲ့ လျောက်ညှပ်လိုက်တော့ အတော်လေးလှသွားတာကလား။

img_0.1301507186453688.jpg

ဆက်လက်ပြီး ဝါးရုံအလှပုံလေးတွေ ခံစားကြည့်ပါဦး...

img_0.32333090675622367.jpg

img_0.9675286148866924.jpg

ခံစားလို့ကောင်းကြရဲ့လား?
ကျွန်တော်ကတော့ တစိမ့်စိမ့်ကြည့်ရင်းပီတိဖြစ်နေတော့တာပဲ။
ကိုယ်ကိုယ်တိုင် လုပ်ထားတာကိုး။ လူဆိုတာကလည်း ကိုယ်လုပ်တာမှ အကောင်းလို့
ထင်တက်ကြတာကလား။ ဒီတော့ ကိုယ့်ငချဥ်ကိုယ်ချင်တာ အပြစ်လို့လည်း
မမြင်စေချင်ဘူးဗျာ။

ကိုကိုမိုးဟိန်း
KoKoMoeHein

myanmarkoko@myanmarkoko

ကိုယ်တိုင်ဖန်တီးသော... | Ecency