HIVE BLOG နှင့် ကျနော်

Words
170
Reading
1 min
Listen
Play
7y

အားလုံး မင်ဂလာပါ...
Steemit ကနေ HIVE BLOG ကိုပြောင်းလဲသုံးစွဲလာကြပြီဖြစ်လို့ မြန်မာများ အနေဖြင့်လည်း မိမိတို့ဟာ ခိုင်မာသော အဖွဲ့စည်းတစ်ခုဖြစ်တယ်ဆိုတာကို သက်သေပြသဖို့ အချိန်ရောက်လာပါပြီ...💪💪💪

ဒါကြောင့် နေ့တိုင်းပိုစ့်တင်ရင်း စည်းစည်းလုံးလုံး လက်တွဲညီမှသာ
HIVE BLOG တွင် မြန်မာဆိုသော အောင်မြင်သောအဖွဲ့စည်းတစ်ခု ဖြစ်လာမည်ဖြစ်သည်..🏅🏆🎖

ယ​နေ့ကျနော်ပြောပြချင်သည်ကတော့ HIVE BLOG ကိုရွေးချယ်ခဲ့ခြင်းကြောင့် မည်သည့်နည်းနှင့်မဆို HIVE BLOG တွင် နေရာတစ်ခုရအောင်ကြိုးစားသင့်ပေသည်မဟုတ်ပါလား...

ထို့ကြောင့် ကျနော်၏ အကောင့်ဟောင်းတွင်ရှိသော ရှိသလောက် Steem Power အား စတင် downနေပြီဖြစ်သည်...
ရရှိလာသော Steem များအား HIVE BLOG သို့ Power up မည်ဖြစ်သည်...

Steemit Chat ထဲတွင် ကျနော်တို့ရဲ့ ခေါင်းဆောင် ကိုဟင်မှလည်း Steem Engine ထဲတွင်ရှိသော Coin များကို ရောင်းထုတ်ထားကြဖို့ အကြံပေးချက်များကို ဖတ်မိသည်နှင့်
ဟိုး.... ပဝေသဏီကတည်းက ပစ်ထားခဲ့သော Steem Engine ကို အမောတကော ပြန်ရှာဖွေရပါသည်...

ကျနော်သည် ဘယ်​လောက် နည်းပညာများ ကျွမ်းကျင်သလဲ ဆိုလျှင်
Market price တွေဘာတွေမကြည့်ပဲ ထင်သလို လျှောက်လုပ် စမ်းလုပ်လိုက်တာ ဘာမှလဲမရပါ😁

အချိန်အတော်ကြာလာတော့ ခေါင်းရှုပ်လာသည်နှင့် ပြန်ပစ်ထားလိုက်သည်။ ညနေပိုင်း ရေမိုးချိုး ထမင်းစားပြီး Steemit chat ကိုဖွင့်ကြည့်မိပြီး ကိုဟိန်းကိုမြင်မိသည်နှင့်

မိမိ၏ Steem Engineအကောင့် ဒီတိုင်းပစ်ထားတာထက် သူဆီလွဲပြီး သူအကျိုးရှိသလို အသုံးချလျှင် ပို၍ကောင်းပေမည် ဟု စဥ်းစားမိသည်

ထို့ကြောင့် ကိုဟိန်းအား မိမိ အကောင့်ထဲက မဖြစ်စလောက် coin လေးများအား လွဲပေးမည်ဖြစ်ကြောင်း ပြောပြတော့ ကိုဟိန်းမှ

လုပ်တက်အောင်လုပ် (You can do it)😁 ဆိုပြီး
နည်းပေးလမ်းပြလုပ်ပေးမှသာ လုပ်တက်သွားသည်။
လွယ်လွယ်နဲ့မလုပ်တက်ပေ။ လုပ်ကြည့်လို့ မသိတာရှိက ကိုဟိန်းအား မေးလိုက်နှင့် နောက်ဆုံးတွင် အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ပေသည်.... 😁😁😁 (ကျနော်တွက်တော့ ကြီးမားသည့် အောင်မြင်မှုအလား)

ကိုဟိန်း...ကျေးဇူးအထူးတင်ကြောင်း ဒီပိုစ့်လေးကနေ ပြောပါရစေ...
ကျေးဇူး ကျေးဇူး ကျေးဇူး ....😘
နောက်များလည်း နားပူခွင့်ပြုပါ😁

ကြီးမားသည့်အောင်မှုဆိုလို့ သိပ်ပြီးလည်း အထင်မကြီးလေနှင့်
1 steem ပင်မပြည့်ပေ 😁
0.446 steem သာဖြစ်သည်
မည်သို့ပင်ဖြစ်စေကာမူ ကျနော်ကားချစ်၏ မြတ်နိုး၏ တန်ဖိုးထား၏
အကြောင်းကား မိမိမလုပ်တက်တာကို လုပ်တက်သွားခြင်းကြောင့်ပင်ဖြစ်သည်....

IMG_20200322_010548.JPG
received_532713807641681.jpeg
Screenshot_2020_0321_223523.jpg

နေ့တိုင်းပို့စ်တင်ရင်း
မြန်မာများအားလုံး HIVE BLOG မှာ အောင်မြင်ကြပါစေ

အားလုံးကို ချစ်ခင်လေးစားလျှက်...

myanmarkoko@myanmarkoko

HIVE BLOG နှင့် ကျနော် | Ecency