- itemအရေးကြီးတဲ့ ဒိဋ္ဌိ (3)မျိုး
ဒိဋ္ဌိသည် နှစ်မျိုး ရှိသည်။
သမ္မာဒိဋ္ဌိ = သမ္မာ-မှန်ကန်သော ဒိဋ္ဌိ-အမြင်
မိစ္ဆာဒိဋ္ဌိ = မိစ္စာ-မှားယွန်းသော ဒိဋ္ဌိ-အမြင် တို့ဖြစ်ကြပါတယ်။
မိစ္ဆာဒိဋ္ဌိ (62)ပါးရှိ၏။ ၄င်းတို့ကိုအတိုးချုံးလိုက်သော်(1) သဿတဒိဋ္ဌိ (2) ဥစ္ဆေဒဒိဋ္ဌိ (3) သက္ကာယ ဒိဋ္ဌိ ဖြစ်လေသည်။
ဤသုံးမျိုးတွင် အကုန်အကျုံးဝင်လေသည်။
(1)သဿတဒိဋ္ဌိ - ခိုင်သည်၊ မြဲသည် ဟု ယူဆသော
(2)ဥစ္ဆေဒဒိဋ္ဌိ - ပျက်စီးပြီးလျှင် လုံးဝပြတ်သွားသည်ဟု ယူဆသော ဒိဋ္ဌိ
(3)သက္ကာယဒိဋ္ဌိ - အစစ်အမှန်ရှိသော သက္ကာယအပေါ် အစစ်အမှန်မရှိသော ပဥာတ်များတင်စား၍ ထင်မှားသော ဒိဋ္ဌိ
အကျဉ်းအားဖြင့် ရုပ်၊ နာမ် နှစ်ပါး (ခန္ဓာငါးပါး)သည် တစ်ကယ်အစစ်အမှန်ရှိ၏။ ထို့ကြောင့် သက္ကာယ ဟုခေါ်သည်။
အစစ်အမှန်ရှိတဲ့ရုပ်၊ နာမ်ပေါ်မှာ အစစ်အမှန်မရှိတဲ့ ပုဂ္ဂိုလ် ၊ သတ္တ၀ါ၊ သူ ၊ ငါ၊ ယောကျာင်္း ၊ မိန်းမ စသည်ဖြင့် တင်စားပြီး
ထင်မှားနေခြင်းဟု ဆိုလိုသည်။ ထိုသို့ ထင်မှားနေမှုကို သက္ကာယ ဒိဋ္ဌိ ဟုခေါ်သည်။
သက္ကာယဒိဋ္ဌိ အမျိုး(20)ရှိသည်။
(1)ခန္ဓာ(5)ပါးရှိရာတွင် အဦးဆုံးဖြစ်သော ရုပ်ကို အတ္တဟူ၍ ထင်စွဲခြင်း၊ တစ်မျိုး၊ ရုပ်နဲ့နာမ် မကွဲပြားဘဲ ယူဆသော အမျိုးအစား
(2)အတ္တလေးတွင် ရုပ်၊ ခန္ဓာရှိသည်ဟု ထင်စွဲသော အယူအဆတစ်မျိုး
(3)အတ္တတွင် ရုပ်ရှိသည်ဟူသော အတ္တကို အမှီခံထားသော အမျိုးအစား
(4)ရုပ်တွင် အတ္တရှိသည်ဟု ရုပ်ကိုအမှီခံထားသော အယူအဆ
ရုပ်ကိုအတ္တ၊ ရုပ်ရှိအတ္တ ၊ အတ္တ၌ရုပ်၊ ရုပ်၌အတ္တ
ဤလေးဝ မှားကြအတန်တန်
ဤကဲ့သို့ ရုပ်ခန္ဓာပေါ်၌ အစွဲ(4)မျိုးရှိသလို ကျန်ခန္ဓာများပေါ်၌ (4)မျိုးရှိသည်။
ထို့ကြောင့် (5×4)=(20) ၊ သက္ကာယဒိဋ္ဌိ အမျိုး(20)ဖြစ်လေသည်။
ဒိဋ္ဌိ(3)မျိုး၏အဓိပ္ပါယ်
မိမိတို့မှာ ခန္ဓာ (5)ပါးရှိသည်။
ရူပက္ခန္ဓာ ၊ ဝေဒနာက္ခန္ဓာ ၊ သညာက္ခန္ဓာ ၊ သင်္ခါရက္ခန္ဓာ ၊ ၀ိဥာဏက္ခန္ဓာ တို့ဖြစ်ကြလေသည်။
ထိုခန္ဓာငါးပါးကို ချုပ်လိုက်လျှင် ရုပ် ၊နာမ် နှစ်ပါးသာဖြစ်သည်။
ထို့ကြောင့် ရုပ်၊ နာမ် (2)ပါး၊ ခန္ဓာ (5)ပါးသည် အတူတူပင်ဖြစ်သည်။
ထိုရုပ်၊နာမ်(2)ပါး(၀ါ)ခန္ဓာ(5)ပါးပျက်စီးသွားလျှင် ရုပ်ခန္ဓာကြီးက ကျန်ရစ်၏။ မြေမြုပ်ရ၏။ မီးရှို့ရ၏။ နာမ်ခန္ဓာကတော့ ထိုသို့အပြုမခံ
ဆိုင်ရာသို့ ကူးသွားကြ၏။ အထူးသဖြင့် ၀ိညာဏ်ဆိုတဲ့ စိတ်ကလေးက ဆိုင်ရာဘ၀ သို့ ကူးပြောင်းသွားသည်ဟု ယူဆ၏။
ထိုသို့ ၀ိညာဏ်လေးက မသေဘဲနှင့် မြဲသည်ဟု အဓိပ္ပါယ်ရောက်သည်။ ထိုသို့ မြဲနေသည် ခိုင်နေသည်ဟု ယူဆလျှင် သဿတဒိဋ္ဌိ
ဖြစ်သည်။
အချို့ပုဂ္ဂိုလ်တို့ကား ရုပ်၊ နာမ် (2)ပါး ၊ ခန္ဓာ(5)ပါးပျက်စီးသွားလျှင် (၀ါ) သေသွားလျှင်ပြတ်ပြီး နောက်ထပ်အဆက်အစပ်မရှိ၊ သည်ဘဝ
မျှသာဘဲ (သစ်ရွက်ကလေးတွေ ရင့်၍၀ါရော်လာပြီး ခြောက်သွေ့ပြတ်တောက်သွားတော့သည်)။ ထို့အတူ ဤပုဂ္ဂိုလ်သည်လည်း ဘယ်
ဘ၀သို့မျှ ကူးပြောင်းသွားသည်မရှိ၊ သည်ဘ၀ပြီး၍ ပြတ်ဆဲသွားပြီ၊ နောက်ထပ်အဆက်အစပ်မရှိ ထိုသို့ ယူဆစွဲမြဲနေလျှင် ဥစ္ဆေဒဒိဋ္ဌိ
ဖြစ်သည်။
နောက်တစ်မျိုးကား ရုပ်၊ နာမ်(2)ပါး ၊ ခန္ဓာ(5)ပါးကြီးသည် ပရမတ္တအားဖြင့် တစ်ကယ်အစစ်အမှန်ရှိ၏။ ထို့ကြောင့် ရုပ်၊နာမ်(2)ပါး
ခန္ဓာ(5)ပါးကို သက္ကာယ ဟုခေါ်သည်။
တရားနာကြလျှင် ဝေဒနာနဲ့တရားနာနေကြတာ။ မကျန်းမာလို့ တရားနာတယ်ဆိုရင် ဝေဒနာနဲ့နာတယ်။ ချောင်းတွေဆိုးလို့၊ ရင်တွေ
ကျပ်ပြီး တရားနာကြတယ်ဆိုတော့ ဒုက္ခဝေဒနာနဲ့တရားနာတယ်။ နားကကြားပြီး နာတယ်ဆိုတော့ ဥပေက္ခာဝေဒနာနဲပတရားနာတယ်။
မကျင် မကိုက်ခဲဘဲတရားနာတယ်ဆိုရင် သုခဝေနာနဲ့နာတယ်။ ဒီလိုဆိုတော့ ယောင်္ကျား၊ မိန်းမ တွေတရားနာကြတာမဟုတ်ပါဘူး။
ငါတရားနာတယ်ဆိုရင် သက္ကာယဒိဋ္ဌိဝင်ပြီ၊ ကျွန်တော်တို့၊ ကျွန်မတို့ တရားနာတယ်ဆိုရင် သက္ကာယဒိဋ္ဌိဘဲ။ ဝေဒနာအလှည့်အပြောင်းနဲ့
ခန္ဓာပေါ်ဥာဏ်ရောက်ပြီးတရားနာကြပါ။
ဝေဒနာပေါ်မှန်းသိတော့မှဖြင့် ပျက်မှန်းလည်းသိပြီ။ ဝေဒနာပေါ်တာရော၊ပျောက်တာရော ပုဂ္ဂိုလ်၊ သတ္တ၀ါမဟုတ် ဝေဒနာက္ခန္ဓာဖြစ်တယ်။
အဲလိုဥာဏ်ရောက်သွားရင် သက္ကာယဒိဋ္ဌိပြုတ်တယ်။ ဒုက္ခလေး ပျက်လိုက်၊ သုခလေးအစားထိုးလိုက်၊ သုခလေးပျက်လိုက်၊ ဒုက္ခလေး
အစားထိုးလိုက်ဆိုတာသိလာရင်၊ မခိုင်မြဲဘူးဆိုတာ ပေါ်လာတယ်။ ဝေဒနာနဲ့တရားနာတယ်လို့သိရင် သက္ကာယဒိဋ္ဌိပြုတ်တယ်။ တစ်ခု
သောဝေဒနာလေး ပျောက်သွားတာသိရင် သဿတဒိဋ္ဌိပြုတ်တယ်။ နောက်ထပ်ဝေဒနာလေး အစားထိုးတာသိရင် ဥစ္ဆေတဒိဋ္ဌိပြုတ်တယ်။
အဲဒီ သဿတဒိဋ္ဌိ ၊ ဥစ္ဆေတဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိ (3)ခု မပြုတ်ရင် မဂ်ဖိုလ်မရနိုင်ပါဘူး။ ဒါ့ကြောင့် အရေးကြီးတဲ့ ဒီဒိဋ္ဌိ(3)မျိုး ပြုတ်နိုင်အောင်
ကြိုးစားကြရပါမယ်။* item