စကား
စကားဆိုတဲ့ဟာရဲ့အဓိပ္ပါယ်အကျယ်ကိုမသိပေမယ့်
စကနေပြီးတော့ကားကားသွားလို့စကားလို့အကြမ်းမျဉ်းသတ်မှတ်ထားမိတယ်
စကားဆိုတာကပြောတိုင်းမကောင်းဘူးရယ်
ဒါကြောင့် တော်တော်တန်တန်စကားတစ်ခွန်းဆို ကျွန်တော်မပြောဖြစ်ဖူးရယ်။ အရပ်ထဲမှာဆို ကျတော်ကို ငယ်ငယ်ကမောင်လူအေးလို့တချို့ကခေါ်တယ်။ တေမိလို့လည်းကဗျည်းတပ်ချင်ကြသေးတယ်။
ဒီကောင်လေးစကားမှပြောတတ်ပါ့မလားတဲ့။
ကျွန်တော်အဖေကျွန်နော်အဖိုးကလည်း
စကားနည်းတယ်တဲ့။ ကျွန်တော်အဖေလည်းစကားနည်းတာဘဲရယ်။ မျိုးနဲ့ရိုးနဲ့ကိုစကားနည်းကျတာ။
ဟုတ်တယ်လေစကားစကားပြောပါများ စကားက ဇာတိပြတဲ့။ ကိုယ့်ပြောစကားက ကိုယ့်ဂုဏ်ကို ကိုယ်ပြန်ပေါ်စေတယ်လေ။ ကိုယ်ပြောလိုက်တယ်စကားဟာ တစ်ဖက်လူကကြိုက်မကြိုက်မသိဘူးလေ။ ကိုယ်ပြောတဲ့စကားဟာလည်းတစ်ဖက်သားနားလည်မလားမသိလည်လားမသိရ။
စကားကျယ်ရင်နားငယ်မဆန့်မှာလည်းစိုးရိမ်ရသေးတယ်။
ကိုယ်ပြောတဲ့စကားကအဓိပ္ပါယ်အကောက်လွဲသွားရင်လည်းခက်သားရယ်။
အဲတာကြောင့်စကားတစ်ခွန်းပြောမယ်ဆိုစဉ်းစားနေရတယ်။ ကျွန်တော်တို့ မြတ်ဗုဒ္ဓကလည်း နှုတ်မြွတ်ကြားခဲ့တယ်မဟုတ်လား။
ပြောမည့်စကား မပြောမှီစဉ်စား။
ပြောပြီးစကားပြန်စဉ်းစား။ မြတ်ဗုဒ္ဓစကားတဲ့။
ခုတောင်ကျွန်တော်ခင်ဗျားတို့ကိုပြောသင့်လား
အပြောသင့်လားလို့ချင့်ချိန်နေရတာနဲ့ကို
ပြောလို့ကိုမထွက်နိုင်သေးဘူး။
ပြောဖို့ မပြောဖို့စဉ်းစားပြီးပြန်လာခဲ့ပါ့မယ်။
မီး လေး ခ ဏ ပိတ် ပေး လို့ ရ မ လား ဗျာ

photo google