Cryptocurrency recovery startup တစ်ခုဖြစ်တဲ့ Unciphered ဟာ စစ်ဖက်သုံးအဆင့်အတန်းမှီ IronKey USB drive ကို ဖွင့်နိုင်ခဲ့ပြီဖြစ်ကြောင်း ကြေငြာထားပါတယ်။ တစ်ဆက်တည်းမှာပဲ Swiss လူမျိုး crypto OG တစ်ယောက်ဖြစ်တဲ့ Stefan Thomas ရဲ့ IronKey USB drive ထဲက 7,002 BTC ကို ပြန်ယူပေးမယ့်အကြောင်း ကမ်းလှမ်းခဲ့ပါတယ်။
Stefan Thomas ဟာ Bitcoin အကြောင်း စိတ်ဝင်စားမှုနည်းပါးနေကြသေးချိန် 2011 ခုနှစ်လောက်မှာ “What is Bitcoin?” ဆိုတဲ့ video တစ်ပုဒ်ကို ဖန်တီးပေးခဲ့တာကြောင့် 7,002 BTC ကို ရခဲ့တာပါ။ Stefan ဟာ ဒီ BTC တွေအတွက် key တွေကို IronKey USB drive ထဲကို ထည့်သိမ်းထားခဲ့ပြီး password တွေကို စာရွက်တစ်ရွက်ထဲ ရေးမှတ်ထားခဲ့ပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ စာရွက်ပျောက်သွားခဲ့တာကြောင့် Stefan တစ်ယောက် ခေါင်းမီးတောက်ရပါတော့တယ်။
IronKey USB drive တွေဟာ password ကို 10 ကြိမ်အထိသာ မှားခွင့်ပေးထားတာဖြစ်ပြီး 10 ကြိမ်ပြည့်သွားတာနဲ့ အထဲက data တွေအားလုံးကို ဖျက်ချပစ်မှာပါ။ Stefan ကလည်း password တွေကို မှန်းထည့်တာ 8 ကြိမ်အထိ ရှိသွားပြီဖြစ်တာကြောင့် ကြိုးစားခွင့် 2 ကြိမ်သာကျန်တော့တဲ့ အခြေအနေပါ။
2021 ခုနှစ် Bitcoin ဈေး $69k ဖြစ်သွားချိန်မှာတော့ Stefan တစ်ယောက် ဒီကိစ္စကို public ချပြခဲ့ပါတယ်။ $69k ဈေးနဲ့တွက်မယ်ဆိုရင် IronKey USB ထဲမှာ $483 million ကျော်ဖိုး BTC တွေ ရှိနေခဲ့တာဖြစ်ပြီး အခု $33k ဈေးနဲ့ဆိုရင်တော့ $231 million ကျော်ဖိုး ရှိနေပါတယ်။
ဒါကြောင့် ဒီ BTC တွေကို ပြန်ယူပေးနိုင်ဖို့အတွက် Unciphered က Stefan ကို ကမ်းလှမ်းထားတာဖြစ်ပေမယ့် Stefan ကတော့ အခြား recovery company တစ်ခုဆီမှာ အလုပ်အပ်ထားတာ 1 နှစ်ကျော်ပြီဖြစ်တာကြောင့် ကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် company 2 ခုပေါင်းပြီး အလုပ်လုပ်လို့ရနိုင်ဖို့ကိုလည်း ကြိုးစားကြည့်ပေးမှာဖြစ်ကြောင်း ဆိုထားပါတယ်။
ဒီနေရာမှာ Unciphered က စစ်ဖက်သုံးအဆင့်မှီ USB drive ကိုတောင် ဖွင့်နိုင်တယ်ဆိုတော့ hardware wallet တွေက လုံခြုံမှုရှိပါ့မလားလို့ မေးစရာရှိပါတယ်။ Unciphered ဟာ IronKey device တစ်ခုရဲ့ encryption ကို ဖြိုချနိုင်ဖို့ $ million နဲ့ချီတဲ့ equipment တွေ သုံးခဲ့ရပြီး အကြိမ်ရေပေါင်း 200 trillion အထိ ကြိုးစားပြီးမှ decrypted ဖြစ်ပြီး ပွင့်သွားခဲ့တာပါ။ ဒါကြောင့် hardware wallet တွေရဲ့ encryption လုံခြုံမှုဟာ စိတ်ချလို့ရနိုင်တဲ့အခြေအနေမှာ ရှိနေပါသေးတယ်။
Reference Link: https://thecurrencyanalytics.com/crypto-exchanges/crypto-recovery-experts-offer-hope-to-man-locked-out-of-244-million-bitcoin-fortune-78272.php