Simpsons

Words
234
Reading
2 min
Listen
Play
3y

လတ်တလောမှာ အတက်ကြမ်းပြထားတဲ့ crypto market ကြီးကတော့ လူတကာကို FOMO (Fear Of Missing Out) ဝင်အောင် လုပ်နေပါတယ်။ ဈေးကျတုန်းက မဝယ်လိုက်မိလေခြင်းဆိုပြီး ယူကျုံးမရဖြစ်နေသူတွေကို ပိုပြီးခံပြင်းစေတာကတော့ The Simpsons ရဲ့ နောက်ဆုံးထွက်အပိုင်းသစ်လေးပါ။

Simpsons animation series ကို မသိသူမရှိသလောက်ဖြစ်ပြီးတော့ American lifestyle ကို သရော်ချက်တွေကြမ်းတာကြောင့်နဲ့ သူတို့ရဲ့ animation series ထဲက အဖြစ်အပျက်အချို့ဟာ အပြင်မှာ တကယ်ဖြစ်လာတတ်တာကြောင့် “အနာဂတ်ဟောကိန်းထုတ်တဲ့ series” အဖြစ်လည်း internet community တွေကြား နာမည်ကြီးပါတယ်။

အခုတော့ Simpsons ထဲမှာ NFT တွေအကြောင်း episode တစ်ခုစာကို ပါလာပြီဖြစ်ပြီးတော့ NFT နဲ့ပတ်သက်တဲ့ အသုံးအနှုန်းတွေကိုလည်း မြိုင်မြိုင်ဆိုင်ဆိုင်ကြီးသုံးသွားတာကိုတွေ့ရပါတယ်။ “Treehouse of Horror XXXIV” ဆိုတဲ့ episode ထဲမှာ NFT နယ်ပယ်ထဲက နာမည်ကြီး NFT Collection တွေ၊ NFT avatar တွေ၊ အထူးသဖြင့် BAYC၊ Doodles၊ Crypto Punks နဲ့ Axie Infinity တို့လို နာမည်ကြီး NFT Collection တွေနဲ့ Beeple၊ Dmitri Cherniak တို့ရဲ့ လက်ရာတွေကိုလည်း ထည့်သုံးသွားခဲ့ပါတယ်။

Simpsons series ထဲပါလာတဲ့အပေါ် သက်ဆိုင်ရာ NFT artist တွေကလည်း X ပေါ်မှာ ဝမ်းပန်းတသာ တင်ထားကြတဲ့အပြင် Homer Simpson ပြောသွားတဲ့ စကားတစ်ခွန်းကြောင့် X ပေါ်မှာ လှုပ်လှုပ်ရွရွဖြစ်နေကြပါတယ်။

Episode ပြီးခါနီးမှာ Simpsons series ရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Homer က “ငါအကုန်လုံးလွတ်ခဲ့ပြီးပြီ၊ ဒီတစ်ခေါက်တော့ အခွင့်အရေးလက်လွတ်ခံလို့မဖြစ်တော့ဘူး၊ အိမ်ခြံမြေဈေးကွက်တွေ၊ ပထမဆုံးနည်းပညာလှိုင်းဈေးကွက်တွေ (Web1) ၊ ဒုတိယနည်းပညာလှိုင်းဈေးကွက်တွေ (Web2) အကုန်လွတ်ခဲ့ပြီးပြီ၊ အခု လက်ရှိ နည်းပညာလှိုင်းဈေးကွက် (Web3) ကိုတော့ အလွတ်မခံနိုင်တော့ဘူး” ဆိုပြီး ကြုံးဝါးသွားခဲ့တာကြောင့်ပါ။
ဒါ့အပြင် episode ထဲမှာလည်း NFT bull market ပြန်ရောက်လာတာကို ပြသွားတာကြောင့် “Simpsons တို့ကတော့ bull market ကို ကြိုပြီး ဟောကိန်းထုတ်လိုက်ပြီ” ဆိုပြီးတော့ စိတ်ကူးနဲ့မြူးနေကြပါတယ်။

Episode တစ်ခုလုံးမှာ ကိုယ်နဲ့ရင်းနှီးနေပြီးသား NFT တွေကို တောက်လျှောက်တွေ့နေရမှာဖြစ်ပြီး ဇာတ်လမ်းအသေးစိတ်ကိုရှင်းပြရင် အရှည်ကြီးဖြစ်သွားမှာကြောင့် မရှင်းပြတော့ပါဘူး။ ဒါပေမယ့် crypto industry ထဲက Simpsons ပရိသတ်တွေအနေနဲ့ မကြည့်မဖြစ် ကြည့်သင့်တဲ့ အပိုင်းတစ်ခုအဖြစ် ညွှန်းဆိုလိုက်ပါတယ်။

Reference Link: https://decrypt.co/204605/best-nft-moments-from-viral-simpsons-episode

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

Simpsons | Ecency