Bitcoin ရဲ့ lightning network ဟာ Bitcoin transaction တွေကို မြန်မြန်ဆန်ဆန်၊ သက်သက်သာသာနဲ့ လုပ်လို့ရနိုင်အောင် ဖန်တီးထားခဲ့တာပါ။
ဒါပေမယ့် လတ်တလောတွေ့ရှိထားချက်တွေအရ Bitcoin lightning network ပေါ်မှာ user fund တွေ အခိုးခံရနိုင်တဲ့ ပြစ်ချက်ကြီးကြီးမားမားတစ်ခုရှိနေပါတယ်။ Bitcoin lightning network ရဲ့ developer ဟောင်းတစ်ဦးဖြစ်သူ Antoine Riard ကပဲ ဒီပြစ်ချက်ကို ဖော်ထုတ်ခဲ့တာဖြစ်ပြီး hacker တွေဟာ ဒီပြစ်ချက်ကနေတဆင့် Bitcoin lightning network ကို အလွယ်တကူထိန်းချုပ်လို့ရသွားနိုင်ကြောင်း Antoine က ဆိုထားပါတယ်။
Hacker တွေဟာ Lightning network ပေါ်က mempool တွေထဲက user fund တွေကို ခိုးယူနိုင်ဖို့ payment channel တွေကို အဓိက ပစ်မှတ်ထားတိုက်ခိုက်လို့ရနိုင်နေကြောင်း Antoine က ဆိုပါတယ်။
ဒီလိုမျိုး တိုက်ခိုက်တဲ့အခါ ရိုးရှင်းတဲ့နည်းတွေကတော့ ခြေရာခံလို့ရနိုင်၊ တားဆီးလို့ရနိုင်နေပေမယ့် ကျွမ်းကျင်အဆင့် hacker တွေ တိုက်ခိုက်လာတဲ့အခါကျရင် လုံခြုံရေးအတော်အားနည်းနေကြောင်းလည်း သတိပေးထားပါတယ်။
ဒီပြစ်ချက်တွေကို ပြန်ပြင်ဖို့ဆိုရင် Bitcoin Lightning network ရဲ့ base layer ကို ပြန်ပြင်ရေးဖို့လိုအပ်နိုင်ကြောင်း ဖက်က ဆိုထားတာကြောင့် crypto community ကြားမှာ Bitcoin lightning network အတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေနဲ့အတူ ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။
Reference Link: https://bitcoinist.com/bitcoin-developer-backdoor-in-lightning-network/
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH
Binance Myanmar Telegram Group
https://t.me/BinanceBurmese
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL