ပြန်စမယ် ဆိုတာနဲ့ ဈေးတက်

Words
74
Reading
1 min
Listen
Play
3y

FTX ပြန်စတော့မယ်ဆိုတဲ့သတင်းတွေနဲ့အတူ FTX ရဲ့ native token ဖြစ်တဲ့ FTT တွေ ဈေးတက်နေပါတယ်။ FTX CEO John Ray က FTX ကို ပြန်စဖို့အတွက် အစီအစဉ်အတိုင်းသွားတော့မှာဖြစ်ကြောင်းနဲ့ ပြန်စရာမှာ ပါဝင်လိုတဲ့ အဖွဲ့အစည်းတွေကိုလည်း ရှာဖွေနေကြောင်း အတည်ပြုခဲ့ပါတယ်။

ဒီလို အတည်ပြုခဲ့ပြီးနောက် 24 နာရီအတွင်းမှာ FTT token ဟာ 30% ကျော်အထိ တက်ခဲ့ပြီးတော့ အခြား altcoin တွေ ကျနေချိန်မှာတောင် အတက်ပြနေနိုင်ပါသေးတယ်။

ဒါ့အပြင် FTX ကို ဝယ်ယူဖို့ စိတ်ဝင်စားနေတဲ့ company ပေါင်းဟာလည်း 300 ကျော်အထိ ရှိနေပြီး နာမည်ကြီး company ကြီးတွေဖြစ်တဲ့ BlackRock၊ Nasdaq နဲ့ Ripple Labs တို့ ပါဝင်နေပါတယ်။
ဒါကြောင့် FTX ပြန်စဖို့အစီအစဉ်ဟာ အလားအလာကောင်းနေတယ်လို့ဆိုနိုင်ပြီးတော့ FTT ဟာလည်း ဒီသတင်းတွေရဲ့ ကောင်းသောအကျိုးသက်ရောက်မှုအဖြစ် ဈေးတွေပြန်တက်လာနေတာပါ။

Reference Link ကို Comment မှာ ချပေးထားပါမယ်။

ပြန်စမယ် ဆိုတာနဲ့ ဈေးတက် | Ecency