ဖျက်သိမ်းမယ်တဲ့

Words
153
Reading
1 min
Listen
Play
3y

Reddit ဟာ သူတို့ရဲ့ Community Points program ကို ဖျက်သိမ်းတော့မှာဖြစ်ကြောင်း ကြေငြာလာပါတယ်။ ဒီ program ကို လွန်ခဲ့တဲ့ 3 နှစ်ကျော်က ဖန်တီးခဲ့တာဖြစ်ပြီး Reddit ပေါ်မှာ အများအကျိုးပြုပေးနေကြသူတွေအတွက် reward တွေ ပြန်ပေးတဲ့ပုံစံမျိုး လုပ်ထားခဲ့တာပါ။

အစပိုင်းမှာတော့ Community Point Token တွေဟာ ERC-20 tokne တွေ ဖြစ်ပြီး နောက်ပိုင်းမှာတော့ Arbitrum Nova ပေါ်ကို ရွှေ့ပြောင်းခဲ့ပါတယ်။ ဒီ token holder တွေဟာ Reddit ပေါ်မှာ badge တွေ၊ emote တွေ၊ gif တွေအပြင် အခြား item တွေနဲ့ ပြန်ပြီးလဲလှယ်နိုင်မှာပါ။

ဒါ့အပြင် Reddit avatar NFT တွေကိုလည်း million နဲ့ချီပြီးတော့ mint ခဲ့ကြပေမယ့် အခုချိန်မှာတော့ US အစိုးရရဲ့ စည်းမျဉ်းတင်းကြပ်လာမှုတွေနဲ့အတူ Community Points Program အတွက် အသုံးစရိတ်တွေဟာလည်း တဖြည်းဖြည်းကြီးမြင့်လာတာကြောင့် ဖျက်သိမ်းဖို့ စီစဉ်လိုက်ရတာဖြစ်ကြောင်း Reddit ရဲ့ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်က ဆိုထားပါတယ်။

ဒီသတင်းထွက်လာပြီးနောက်ပိုင်းမှာပဲ r/cryptocurrency ရဲ့ reward token ဖြစ်တဲ့ MOON ဟာ ရောင်းအားတွေထိုးတက်လာခဲ့ပြီး 80% ကျော်အထိ ဈေးကျသွားခဲ့ပါတယ်။

Reference Link: https://decrypt.co/202014/reddit-killing-crypto-community-points-tokens-holders-dumping-bags

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

ဖျက်သိမ်းမယ်တဲ့ | Ecency