ငါပြန်လာပြီ ရှေ့မှာ ရောက်နေပြီ

Words
206
Reading
1 min
Listen
Play
3y

Ledger ဟာ သူတို့ရဲ့ recovery service ကို လက်မလျှော့သေးပါဘူး။ Ledger ရဲ့ SRP (Secret Recovery Phrase) Recovery service ကို 2023 ခုနှစ် May လမှာ စမိတ်ဆက်ခဲ့ချိန်တုန်းက crypto acommunity ရဲ့ ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေကို ကြုံတွေ့ခဲ့ရပြီးတော့ Ledger wallet တွေကို ဆက်မသုံးကြဖို့ တိုက်တွန်းတာ‌တွေ၊ ရှိပြီးသား Ledger wallet တွေကို ဖျက်ဆီးပစ်တာမျိုးတွေပါ လုပ်ခဲ့ကြတာပါ။ ဒါကြောင့် Ledger ဖက်ကနေ Recovery service ကို ဆိုင်းငံ့ထားခဲ့ပေမယ့် အခုချိန်မှာတော့ Ledger Recover ကို ပြန်မိတ်ဆက်လိုက်ပါပြီ။

ဒီတစ်ခေါက်မှာတော့ Ledger ဟာ Recovery service ရဲ့ open-source code ကိုပါ GitHub ပေါ်မှာ တခါတည်းတင်ပေးထားပါတယ်။ Ledger Recovery service ကို wallet SRP မေ့တတ်တဲ့သူတွေအတွက် ရည်ရွယ်တာဖြစ်ပြီး user တွေဟာ သူတို့ရဲ့ SRP တွေကို Ledger cloud server ပေါ်မှာ တစ်လကို 10$ ပေးပြီး သိမ်းဆည်းလို့ရနိုင်မှာပါ။

Ledger Recover ကို သုံးချင်တဲ့သူတွေက သုံးနိုင်မှာဖြစ်သလို မသုံးချင်တဲ့သူတွေဟာလည်း အရင်အတိုင်းပဲ ဆက်သုံးလို့ရနေမှာဖြစ်ကြောင်း Ledger ဖက်က ကြေငြာထားပြီး သုံးမယ်ဆိုရင်တော့ KYC သဘောမျိုး အချက်အလက်တွေ ပေးရမှာဖြစ်ပါတယ်။ အခုလောလောဆယ်မှာ Ledger X နဲ့ Ledger Stax တို့မှာ သုံးလို့ရနေပြီဖြစ်ပြီး မကြာခင်မှာတော့ Ledger Nano S plus မှာပါ ထည့်ပေးသွားဖို့ ရှိပါတယ်။

ပထမတစ်ကြိမ်မိတ်ဆက်ခဲ့ချိန်တုန်းက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြတဲ့ Crypto community ဟာ အခုတစ်ခေါက်မှာတော့ Bitcoin ဈေးတွေထောင်တက်နေတဲ့အပေါ်ကိုပဲ စိတ်ဝင်စားနေကြလို့လား၊ Open- Source code ကို တခါတည်းတင်ပေးထားလို့ပဲ ကျေနပ်သွားကြလား မပြောတတ်ပါဘူး။ Ledger Recover ကို ဝေဖန်သံတွေ အတော်လေးကို တိတ်ဆိတ်နေပါတယ်။

ပထမတစ်ကြိမ်တုန်းက crypto community ရဲ့ တုံ့ပြန်မှုကို https://www.facebook.com/myancryptocurrency/posts/pfbid02voGM8yYWc5x7TguT4ZKXiEWLQxVsTk2ENU3vRJuXE7HN14tPBdpUuc5nNwPXK2gYl ကနေ ပြန်ဖတ်နိုင်ပါတယ်။

Reference Link: https://cointelegraph.com/news/ledger-cloud-private-key-recovery

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL