မှန်မှန်ပြောနော်

Words
178
Reading
1 min
Listen
Play
3y

LUNA မပြိုလဲခင်အချိန်မှာ Citadel Securities ဟာ UST Stablecoin ကို depeg ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ SHORT ခဲ့တယ်ဆိုပြီး Terraform Labs ဖက်က စွပ်စွဲလာပါတယ်။ လူပေါင်းထောင်နဲ့ချီပြီး $ billion ပေါင်းများစွာ ဆုံးရှုံးစေခဲ့တဲ့ LUNA ပြိုလဲမှုကြောင့် Terraform Labs အနေနဲ့ Florida တရားရုံးမှာ အမှုရင်ဆိုင်နေရတာဖြစ်ပြီး ဒီအမှုအတွက် ချေပချက်တစ်ခုအနေနဲ့ Citadel Securities ကို ထည့်သွင်းလာတာပါ။

Terraform Labs အဆိုအရတော့ algorithm နဲ့လည်ပတ်တဲ့ UST stablecoin ဟာ algorithm မတည်ငြိမ်မှုကြောင့် depeg ဖြစ်ခဲ့ရတာမဟုတ်ဘဲ market ထဲက trader တွေ၊ အဖွဲ့အစည်းတွေရဲ့ ရည်ရွယ်ချက်ရှိရှိ ထိုးချမှုကြောင့်သာ depeg ဖြစ်ခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။

တကယ်တမ်းလည်း UST depeg ဖြစ်စပြုချိန် 2022 ခုနှစ် May လအစောပိုင်းမှာ Citadel ဟာ Bitcoin 100,000 ကျော်ကို ချေးယူခဲ့ပြီး UST ကို SHORT ခဲ့ကြောင်း X ပေါ်မှာ လူပြောများခဲ့ကြပါသေးတယ်။ အခုတော့ Terraform Labs ဖက်ကနေ ဒီကိစ္စကို ပြန်ထောက်လာတာဖြစ်ပြီး Citadel အနေနဲ့ ဘယ်လိုပြန်ရှင်းမလဲဆိုတာ စောင့်ကြည့်ကြရမှာပါ။

LUNA နဲ့ UST တို့ ပြိုလဲသွားခဲ့မှုဟာ Terraform Labs ဖက်က အမှားတွေလည်းပါသလို ဘေးလူတွေဖက်က အမြင်ကတ်ပုဒ်မနဲ့ ဝိုင်းထိုးချမှုတွေဟာလည်း အတော်များများပါဝင်ခဲ့ပါတယ်။ LUNA founder Do Kwon ရဲ့ X ပေါ်က မထေမဲ့မြင်အပြုအမူတွေ၊ သူနဲ့ပြိုင်ဖက်တွေကို မချေမငံတုံ့ပြန်ခဲ့မှုတွေဟာ LUNA အပေါ်မှာ တန်ပြန်သက်ရောက်ခဲ့တာပါပဲ။

Reference Link: https://cryptopotato.com/terraform-labs-accuses-citadel-securities-of-destabilizing-its-ust-stablecoin/

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

မှန်မှန်ပြောနော် | Ecency