ဟုတ်ဘူးတဲ့

Words
144
Reading
1 min
Listen
Play
3y

ဒီရက်ပိုင်းတွေထဲမှာ crypto bro တွေ အမျိုးမျိုးပလေးခံနေရပါတယ်။ Metamask ကို App Store ကနေ ဖြုတ်ချသလိုလိုဖြစ်သွားတဲ့ကိစ္စ၊ BlackRock ETF တွေကို SEC က ခွင့်ပြုပေးလိုက်ပြီဆိုတဲ့ကိစ္စတို့မှာ crypto bro တွေ ဗျာများသွားခဲ့ရပါတယ်။ BlackRock ETF ကိစ္စမှာဆိုရင် အချိန်ပိုင်းလေးအတွင်းမှာတင် $65 million ကျော် liquidate ဖြစ်သွားခဲ့ရတာလည်း စိတ်မကောင်းစရာသတင်းတစ်ခုပါပဲ။

အခုတစ်ခါမှာလည်း Roblox ဟာ XRP ကို တရားဝင် payment method တစ်ခုအဖြစ် လက်ခံလိုက်ပြီဖြစ်ကြောင်း သတင်းတွေထွက်နေခဲ့ပါတယ်။ Roblox ဟာ Metaverse တစ်ခုလိုဖြစ်နေတဲ့ virtual gaming platform တစ်ခုဖြစ်တာကြောင့် ဒီလိုနေရာမျိုးမှာသာ XRP ကို payment method တစ်ခုအဖြစ် လက်ခံလိုက်ပြီဆိုရင် XRP ရဲ့ ဈေးဟာလည်း ထောင်တက်သွားမှာပါပဲ။

ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲ ဒီသတင်းဟာလည်း သတင်းမှားဖြစ်နေခဲ့ပြီးတော့ Roblox ရဲ့ in-game currency ဖြစ်တဲ့ Robux တွေကို XRP နဲ့သာမက ဘယ် cryptocurrency နဲ့မှ ဝယ်လို့ရဦးမှာမဟုတ်ကြောင်း Roblox ဖက်က ငြင်းဆန်ထားခဲ့ပါတယ်။

Reference Link: https://decrypt.co/202077/roblox-debunks-inaccurate-xrp-claims-says-crypto-payments-not-allowed

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

ဟုတ်ဘူးတဲ့ | Ecency