ဟောဒီနေရာမှာ မင်းအတွက် အလုပ်တစ်ခုပေးမယ်
အလုပ်တွေကို သေချာတော့လုပ်ပေးပေါ့
ငါတို့လိုအပ်တာတွေကို မင်းကလုပ်ပေးရလိမ့်မယ်
မင်းလုပ်ရမယ့်အလုပ်က ငါတို့မလုပ်နိင်တဲ့အလုပ်ဖြစ်ချင်ဖြစ်နိုင်တယ်
ငါတို့လုပ်တက်တာတွေလည်း ဖြစ်ချင်ဖြစ်မယ်
ငါတို့လုပ်တက်သည်ဖြစ် မလုပ်တက်သည်ဖြစ် အဲ့ဒီအလုပ်တွေကို
မင်းက ငါတို့ကိုယ်စားလုပ်ပေးရလိမ့်မယ်
မင်းအတွက်လား စိတ်မပူပါနဲ့
မင်းရသင့်ရထိုက်တဲ့ လုပ်အားခ မင်းရစေမှာပါ
မင်းနဲ့ငါတို့ကြားမှာ သဘောတူညီမှုတွေတော့ရှိပါတယ်
ကောင်းပြီလေ အလုပ်စလုပ်ပါတော့
အခက်အခဲလား ငါတို့ကိုမပြောနဲ့လေ
မင်းကိုတို့က အလုပ်အပ်ထားတာ
မင်းကိုယ်တိုင် အဆင်ပြေအောင်လုပ်ပေါ့
အလုပ်က ခက်ခဲတာ ငါတို့သိပါတယ်
တစ်ခုတော့ ပြောချင်တယ်ကွ
မင်းအလုပ်ကနေ ပြန်သွားတိုင်း အလုပ်ခွင်ထဲက
မင်းလိုချင်တာလေးတွေ ယူသွားနေတာ ငါတို့သိနေတယ်
အားနာလို့မပြောတာ မျက်နှာပူလို့မပြောတာ
အခုတော့ ပြောရတော့မယ်ကွာ
မင်းက လောဘကြီးတယ်ကွာ
အစပထမတော့ နည်းနည်းပါးပါး လေးယူတာ
ဒါကိုတို့က နားလည်ပေးတယ်
နောက်တော့ မင်းက မင်းတစ်ယောက်တည်းယူတာအားမရတော့
မင်းအပေါင်းအသင်းတွေပါခေါ်လာပြီး ပြန်တဲ့အခါတိုင်း တစ်ယောက်နည်းနည်း
ဝိုင်းယူကြတယ်ကွာ
ဒီတင် တော်ပြီလားဆို မဟုတ်သေးဘူးကွ
မင်းက လူနဲ့ယူရုံတင်မကဘူး အိမ်အပြန်တိုင်း မင်းကားထဲကို
အပြည့်အမောက်ကို တင်သွားတာဆိုတော့ လွန်တာပေါ့ကွာ
မင်းကို ငါတို့ အလုပ်မခိုင်းချင်တော့ဘူး
ဘာပြောတယ် မင်းကအလုပ်မထွက်နိုင်ဘူး ဟုတ်လား
ယူလို့ အားမရသေးဘူးလားကွာ
မင်းက အလုပ်လည်းကောင်းကောင်းမလုပ်ဘူးကွာ ပြန်တဲ့အခါတိုင်းလည်း အလုပ်ကနေ အိမ်ကို လိုချင်တာတွေ အမြဲယူသွားနေတယ်
ကြာတော့ ငါတို့လည်း လက်မခံနိုင်တော့ဘူး မင်းနေရာမှာ တခြားတစ်ယောက်ကို ခိုင်းတော့မယ်လေ
မင်းကို ခိုင်းရတာ အဆင်မပြေလို့ မင်းကို အလုပ်ထွက်ခိုင်းတာလေ
မင်းကမထွက်နိုင်ဘူး ပြောနေတော့ ငါတို့ မင်းကို ဘယ်လို လုပ်ရမှာလဲ
မင်းကို အလုပ်ခိုင်းမိတဲ့ ငါတို့က မှားတာပါကွာ
အစကတည်းက မင်းကို မခိုင်းခဲ့သင့်ဘူး
ဘယ်လိုလုပ်ရမယ်မသိတော့အောင်ပါဘဲကွာ
ဒီအလုပ်မှာ လာလုပ်တဲ့သူတိုင်းက သူ့လိုမျိုးတွေချည့်ဘဲ
နောက်တစ်ယောက်အသစ်ခေါ်ခိုင်းရင်လည်း ဒီလိုဘဲဖြစ်လာဦးမယ်ထင်တယ်
မခိုင်းလို့ကလည်းမရဘူးလေ တစ်ယောက်ယောက်ကိုတော့ ခိုင်းရမှာဘဲ
နောက်တစ်ယောက်လောက်ရှာကြပါဦးကွာ
@mm7