အိပ်မရတဲ့နေ့ညများ

mm7(63)
Published in
#ecency
Words
105
Reading
1 min
Listen
Play
5y

vung_at_tu_do_5109021_640.jpg
https://pixabay.com/photos/v%c3%b9ng-%c4%91%e1%ba%a5t-t%e1%bb%b1-do-mushroom-sleep-dream-5109021/
အိပ်မပျော်နိုင်တာ အတော်ကြာပြီ စိတ်ပူစရာတွေနဲ့ ဘဝအမော သောကတွေကြောင့် အိပ်စက်ခြင်းက မူမမှန်တာလား စိတ်တွေက တည်ငြိမ်မှုမရှိတာလား စိုးရိမ်စိတ်တွေက ခြောက်လှန့်နေတာလား သေချာမသိနိုင်ပါဘူး အိပ်မရတာတော့ အတော်ကို ကြာပြီ နေ့ခင်းဘက်တွေမှာ အစားထိုး အိပ်သော်လည်း ညမှာ အိပ်သလိုတော့ ကောင်းမွန်တဲ့ အိပ်စက်ခြင်းက မရရှိနိုင်ဘူးလေ ညတွေ အိပ်မပျော်လို့ နေ့ခင်းမှာ အိပ်တာက သိပ်တော့ အဆင်မပြေပါဘူး နေ့ခင်းဘက် အိပ်ပျော်လည်း ခဏပါဘဲ အချိန်တွေ ကြာလာရင်တော့ ကျန်းမာရေးကို ထိခိုက်လာနိုင်တယ်လေ ဒီအတိုင်းတော့ ဆက်သွားလို့မရပါဘူး အိပ်ချိန်လေးမှန်အောင်တော့ အတော်ကြီး ဂရုစိုက်ရပါဦးမယ်
ဒီတစ်ညလည်း အိပ်မပျော်ဘူး အိပ်တာကလည်း အချိန်အတော်နောက်ကျမှ အိပ်ဖြစ်တယ် ဒါကြောင့်လည်း အိပ်မပျော်တာဖြစ်ချင်ဖြစ်မယ်
အိပ်ပျော်မယ်လို့ ရှိပါသေးတယ် ရာသီဉတုက ရုတ်တရက် ဟုန်းဒိုင်းဆိုပြီး မိုးကြီး ရွာချပါလေရော အဲ့သလိုနဲ့ ဟိုတွေး ဒီတွေး အိပ်မပျော်ဖြစ်ရပြန်ရော
အတွေးတွေကတော့ ရောက်တက်ရာရာတွေပါဘဲ
လက်ရှိဖြစ်ပေါ်နေတဲ့ အကြပ်အတည်းတွေက အဓိက တရားခံပါဘဲ ဒီအခက်အခဲတွေက အားလုံး ခံစားနေရတာဘဲလေ အချို့လည်း သောက နည်းချင်နည်းမယ် အချို့လည်း သောကများချင်များမယ် သောကကင်းသူတော့ ဒီကာလမယ် လွတ်ကင်းနေနိုင်သူ မရှိဘူးထင်တာပါဘဲ အားလုံးသောက တွေ ကိုယ်စီနဲ့ပေါ့
ဒီရက်ပိုင်းတွေမှာ မိတ်ဆွေတစ်ချို့ ဆုံးပါးကွယ်လွန်သွားကြတယ် နောက်ထပ်လည်း သေဆုံးခြင်းတွေက ရောက်လာနိုင်တယ် ကိုယ်လည်းဖြစ်ချင်ဖြစ်နေနိုင်တယ်
ကိုယ့်မိတ်ဆွေ အပေါင်းအသင်း ဆွေမျိုးသားချင်းမိသားစုတွေအတွက် တွေးပူနေမိပြန်တယ် အားလုံးအဆင်ပြေစွာ ဘေးရန်ကင်းကွာလို့ ကျော်ဖြတ်နိုင်ကြပါစေ ဆုတောင်းနေမိပါတယ်
ဘာဖြစ်မယ် ဘာလုပ်ရမယ် သေချာတိကျ တကယ်ကို မသိပါဘူး အရာရာဟာ ကံစီမံရာပေါ့လို့သာ စိတ်ဝယ် ပိုင်းဖြတ်ထားမိပါတော့တယ်
mm7@mm7

အိပ်မရတဲ့နေ့ညများ | Ecency