မင်္ဂလာပါ။ဒီနေ့တော့ Table အကြောင်းကိုတင်ပေးသွားပါမယ်။
Webpage တစ်ခုတည်ဆောက်ရာမှာ Table ကအရေးပါပါတယ်။Table ကပဲကိုယ့်ရဲ့ Webpage ကို frame ကျအောင်လုပ်နိုင်ပီး ပုံစံကျအောင်ပုံဖော်ပေးနိုင်တာပါ။နောက်ပိုင်းကျရင်တော့ div နဲ့ CSS ပေါင်းပီး page ကိုလှအောင်ပြင်နိုင်ပါတယ်။ဒီTable နဲ့ frame အကြောင်းကိုနားလည်ပီဆိုရင် HTML တစ်ခုတည်းနဲ့ webpage သေးသေးလေးတွေလုပ်နိုင်မှာပါ။page တွေကို Link ချိတ်လိုက်ရင် website သေးသေးလေးရမှာပေါ့နော့် 😁။ (HTML နဲ့ android app လုပ်လို့ရပါသေးတယ်။Web-view နဲ့ကြည့်ရတာပေါ့။Website ကို app အဖြစ် convert လုပ်လိုက်တဲ့သဘောပါ။Application နဲ့လုပ်ရတာပါ။HTML ပီးရင်တင်ပေးပါမယ်။ 😁)
<div> </div>
အတွင်းမှာရေးသားထားတဲ့ စာတွေနဲ့ code တွေကိုသပ်သပ်စီဖော်ပြပေးမှာပါ။div tag အတွင်းကစာတွေက block တစ်ခုလိုဖြစ်သွားတာပါ။div tag က webpage တစ်ခုမှာ width ကို ဘယ်ကနေညာထိအပြည့်ယူပါတယ်။
Div tag နဲ့ CSS နဲ့ပေါင်းပီးWebpage မှာ အလှဆင်ထားတဲ့ block တစ်ခုလုပ်လို့ရပါတယ်။
အပေါ်က code မှာဆိုရင် div tag အတွင်း paragraph တစ်ခုရေးထားပီး css code တွေနဲ့ အလှဆင်ထားပါတယ်။
ကျွန်တော်တို့ရေးလိုက်တဲ့ paragraph လေးက webpage ထဲမှာ သီးခြားနေတဲ့ block တစ်ခုလိုဖြစ်နေပါလိမ့်မယ်။
ကျွန်တော်တို့ Background ကို အမဲရောင်ထားခဲ့ပေမဲ့ page တစ်ခုလုံးမမဲသွားပါပူး။ Div tag အတွင်းမှာပဲပြောင်းသွားတာပါ။
Table တစ်ခုမှာ အခြေခံအနေနဲ့ roll နဲ့ column တွေပါဝင်ပါတယ်။roll တွေ column တွေကို cell ကွက်လေးတွေနဲ့ဖွဲစည်းထားတာပါ။သူ့မှာ က CSS code တွေထည့်ရေးပီး အဆင်ပြေအောင်လုပ်ပေးရပါတယ်။
နမူနာ code မရေးခင် အသုံးပြုမဲ့ tag တွေကိုအရင်ရှင်းပြပါမယ်။
<table>
ဒီ tag ထဲမှာပဲအကုန်ရေးရမှာပါ။ဒီ tag ထဲမှာ code တွေရေးလိုက်ရင် table တစ်ခုဖြစ်ပါပီ။ဒီလို tag မျိုးနောက်တစ်ခု ထပ်ဖွင့်ပီး Table အများကြီးရေးနိုင်ပါတယ်။table ထဲမှာလဲ နောက်ထပ် table တွေရေးနိုင်ပါတယ်။
<tr>
ဒါက cell ကွက် roll ပါ။
<td>
ဒါက table dataပါ။ဒီtag ထဲမှာ မိမိရေးချင်တဲ့ စာသားကိုရေးရမှာပါ။
<th>
ဒါက table headပါ။Head ဆိုတဲ့အတိုင်း ရှင်းရှင်းလင်းလင်း မြင်ရအောင် စာသားတွေကို Auto မဲပေးထားမှာပါ။
<caption>
ဒါက မိမိရေးထားတဲ့ Table အပေါ်မှာ Caption အဖြစ်ဖေါ်ပြပေးမှာပါ။
--Table tag ထဲမှာ Caption tag,th tag, tr tag, td tag, တွေရေးရမှာပါ။
--tr tag တွေကို Table tag ထဲမှာကြိုက်သလောက်ရေးပီး row တွေအများကြီးဖန်တီးလို့ရပါတယ်။
--td tag ကို လဲ tr tag ထဲမှာ ကြိုက်သလောက်ရေးပီး column တွေအများကြီးဖန်တီးလို့ရပါတယ်။
-- အကုန်လုံးမှာ အပိတ် tag ရှိပါတယ်။
ကဲ့နမူနာcode လေးတွေလေ့လာကြည့်ရအောင်ဗျာ။
ကျွန်တော် row နှစ်ခုနဲ့ column သုံးခုရှိတဲ့ table ကိုရေးလိုက်တာပါ။
table tag ထဲမှာ tr tag နှစ်ခုရှိပါတယ်။
row နှစ်ခုပါ။
tr tag တစ်ခုစီမှာ td tag သုံးခုရှိပါတယ်။ column 3 ခုပါ။အခုမှစလေ့လာတဲ့သူတွေအတွက်ရှုပ်ချင်ရှုပ်ပါမယ်။ သုံးတက်သွားရင် တကယ်အသုံးဝင်ပီး တော်တော်လွယ်ပါတယ်။
ဒါက output ပါ
ကျွန်တော်တို့ အပေါ်က ရေးထားတဲ့ table မှာပဲ နောက်ထပ် row တစ်ခု ထပ်ထည့်ပီး row သုံးခု column သုံးခုပါတဲ့ table တစ်ခုရေးကြည့်ပါမယ်။
Row သုံးခုမို့လို့ tr tag သုံးခုပါပါမယ်။
row တစ်ခုစီမှာ td tag သုံးခုပါပါမယ်။
Output ပါ။
ကျွန်တော်တို့ table နဲ့ td ရဲ့ width ကိုထိန်းချုပ်လို့ရပါတယ်။width ကို % or pixel နဲ့ သတ်မှတ်လို့ရပါတယ်။pixel နဲ့သတ်မှတ်တာက အသေပါ။ % ကျတော့ browser အလိုက်ပြောင်းပေးပါတယ်။ browser ကြီးရင် လိုက်ကြီးတယ် သေးရင်လိုက်သေးပါတယ်။
နမူနာ code ကိုကြည့်ပါမယ်။
အပေါ်ကရေးထားတဲ့ code တွေမှာပဲထပ်ရေးလိုက်ပါမယ်။
Table tag ထဲမှာ width="100%" ဆိုပီးရေးလိုက်ပါ။
code ကို run ကြည့်လိုက်တဲ့အခါ အခုနကနဲ့မတူဘဲ table ဟာ browser တစ်ခုလုံးအပြည့်ယူထားတာကိုတွေ့ရမှာပါ။
Browser ကိုချုံ့ကြည့်ချဲ့ကြည့်ပါ။browser အကျဉ်းအကျယ် အတိုင်း table လေးဟာ လိုက်ပြောင်းနေပါလိမ့်မယ်။
ကျွန်တော်တို့ အပေါ်က ရေးထားတဲ့
width="100%" နေရာမှာ
width="1000px" လို့ပြောင်းရေးကြည့်ပီး code ကို run ကြည့်ပါ။Browser ကို ချုံ့လိုက်ချဲ့လိုက်လုပ်ရင်လဲ table ဟာ မပြောင်းလဲဘဲရှိနေတာတွေ့ရမှာပါ။
ကဲဒီနေ့တော့ ဒီလောက်ပါပဲ။
ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါဆယ်။
Written by @minthwayko
MSC - 187