မင်္ဂလာပါ။ဒီနေ့တော့ Table အကြောင်းလေးပဲဆက်တင်သွားပါမယ်။
Table ကိုသုံးပီးတော့စာရင်းလေးတစ်ခုလုပ်ကြည့်ပါမယ်။
အပေါ်က code တွေကိုကြည့်လိုက်ရင် table ရဲ့ width ကို 100 %ပေးထားပါတယ်။ % နဲ့ပေးထားတံအတွက်ကြောင့်
Browser ချုံလိုက်ရင် လိုက်ကျဉ်းသွားပီး။Browser ချဲ့လိုက်ရင်လိုက်ကျယ်သွားပါလိမ့်မယ်။
Line 5 မှာ tr tag နဲ့ row တစ်ခုဖန်တီးထားတာတွေ့ရမှာပါ။အဲ့row မှာ Name ရယ် Age ရယ် Gender ရယ်ကို ထင်ထင်ရှားရှားမြင်ရအောင် th tag ကိုသုံးထားပါတယ်။(ဒီနေရာမှာ td tag ကိုသုံးရင် output ပုံလိုထွက်မှာမဟုတ်ပါပူး။မိမိကိုယ်တိုင်စမ်းသပ်ကြည့်ပါ။)
နောက်ထပ် Line 10 Line 15 Line 20 မှာ row တစ်ခုစီရေးထားတာကိုတွေ့ရမှာပါ။
ဒါဆိုကျွန်တော်တို့ရေးထားတာက row 4 ခုနဲ့ column 3 ခုပါတဲ့ Table တစ်ခုဖြစ်သွားပါပီ။
(အပေါ်ကcodeတွေရဲ့output ကိုကြည့်လိုက်ရင် လူသုံးရောက်ရဲ့ နာမည်ရယ် အသက်ရယ် လိင်အမျိုးစားရယ်ပါတဲ့စာရင်းတစ်ခုပေါ့။table ကို ကျွန်တော်တို့က စာရင်းလုပ်တဲ့နေရာမှာသုံးမှာမဟုတ်ပါပူး။စာရင်းလုပ်ချင်ရင် Excel ကိုသုံးမှာပေါ့။အခုရေးနေတဲ့ နမူနာ code တွေက Table Tag ကိုသုံးတတ်အောင်လို့ပါ။)
ကျွန်တော်တို့ အပေါ်က ရေးခဲ့တဲ့ နမူနာ code မှာ border လေးတွေထည့်ကြည့်ရအောင်။
Border ထည့်ဖို့အတွက် code က
<table border="x"> ပါ။
x နေရာမှာ 1 ကနေစပီးထည့်လို့ရပါတယ်။ကြီးလေထူလေပေါ့။
ကဲ အပေါ်က code မှာ border="1" ဆိုပီးထည့်ကြည့်ရအောင်ဗျာ။
border="1" ဆိုတဲ့ attribute ထည့်လိုက်တဲ့အတွက် table ထဲမှာရေးထားတဲ့ th နဲ့ td တစ်ခုခြင်းစီကို ဘောင်ခတ်ပေးလိုက်ပါတယ်။
Border မှာ color လေးထည့်ကြည့်ပါမယ်။သုံးရမဲ့ attribute က
bordercolor="color_name" ပါ။
အရောင်ထည့်တဲ့နေရာမှာ နာမည်နဲ့ဖြစ်ဖြစ် hex code နဲ့ဖြစ်ဖြစ်ထည့်လို့ရပါတယ်။
border ကို 1 မထားပဲ 10 လို့ထား ထားပါတယ်။အဲ့တော့မှ သိသာမှာမို့လို့ပါ။
color ကို red လို့ထားထားပါတယ်။
Cell Spacing ဆိုတာက cell တစ်ခုနဲ့တစ်ခုကြားအကွာအဝေးပါ။td or th ကို cell ကွက်လို့ခေါ်ပါတယ်။ အဲ့တော့ cell spacing များလေလေ cell ကွက်တစ်ခုနဲ့တစ်ခု နေရာကျဲလေလေပါပဲ။
သူအတွက်codeကတော့
cellspacing="x" ပါ။xနေရာမှာ 1 ကနေစပီးထည့်နိုင်ပါတယ်။
မျက်လုံးထဲမြင်သွားအောင် နမူနာ code လေးတွေကြည့်ကြရအောင်ဗျာ။
ဒါက cellspacing="10" နဲ့ထားထားတာပါ။cellspacing မထားတဲ့ output တွေနဲ့ ယှဉ်လိုက်ရင် ကွဲနေတာတွေ့ရမှာပါ။
cellspacing="10" နေရာမှာ
cellspacing="100" လို့ရေးပီးစမ်းကြည့်လိုက်ရင် cell ကွက်တစ်ခုနဲ့တစ်ခုတော်တော်လေးကွာသွားတာကိုတွေ့ရမှာပါ။
cell padding attribute ကကျတော့
cell ကွက်ထဲမှာရေးထားတဲ့စာနဲ့ cell ကွက် border နဲ့ကိုခွာပေးတာဖြစ်ပါတယ်။
cellpadding များလေ စာကအတွင်းကိုဝင်လေ ဖြစ်ပါတယ်။
သူ့အတွက် code ကတော့
cellpadding="x" ပါ။
အပေါ်မှာ border ကို color ထည့်လို့ရတာပြခဲ့ပီးပါပီ။ cell ကွက်တစ်ကွက်ချင်းစီကို color ထည့်ချင်ရင်လဲရပါတယ်။ဒါမှမဟုတ် row တစ်ခုလုံးကိုထည့်ချင်ရင်လဲရပါတယ်။
သုံးရမဲ့ attribute က bgcolor ပါ။
Table တစ်ခုလုံးကိုနောက်ခံ color ထည့်ချင်ရင်
< table bgcolor="color_name">
ဆိုပီးရေးရမှာပါ။
Row မှာပဲ ထည့်ချင်ရင် tr tag ထဲမှာ bgcolor ကိုထည့်သုံးရမှာပါ။
Cell တစ်ကွက်တည်းမှာပဲသုံးချင်ရင်
td or th ထဲမှာထည့်သုံးရမှာပါ။
နမူနာ code ကိုကြည့်လိုက်ပါ။
Line 4 မှာ table တစ်ခုလုံးအတွက် color ထားထားပါတယ်။
Line 5 မှာ 1st row အတွက် color ထားထားပါတယ်။
Line 11 မှာ cell တစ်ကွက်အတွက်ပဲ color ထားထားပါတယ်။
Output ကိုကြည့်လိုက်ရင်ရှင်းသွားမှာပါ။
ကျွန်တော်တို့အနေနဲ့ table နဲ့ cell တွေရဲ့ background color ကိုပြောင်းနိုင်ပေမဲ့ text တွေရဲ့ color ကိုကျတော့ font tag နဲ့ပဲပြောင်းလို့ရပါတယ်။
သူ့ရဲ့ code ကတော့
<font color="color_name">Text</font> ပါ။
ဒီနေ့တော့ဒီလောက်ပါပဲ။ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးပါ။
Written by @minthwayko
MSC - 187