Developing A Simple Website by yourself

Words
162
Reading
1 min
9y
Listen to this post
~1 min

Developing A Simple Website by yourself (Lesson 10)


14-00-22-website-importance-for-business.jpg

မင်္ဂလာပါ။အရင်တစ်ပါတ်ကမပြီးသေးတဲ့ cell merge အကြောင်းဆက်ပါမယ်။

Row Merge

Column တွေကိုဘယ်လိုပေါင်းရမယ်ဆိုတာ အရင်အပါတ်ကတင်ခဲ့ပါတယ်။
အခု Row တွေကို merge လုပ်တဲ့နေရာကလဲ Column ကို mrege လုပ်နည်းနဲ့တူတူပါပဲ။
ကျွန်တော်တို့ Column တွေကို Merge လုပ်တဲ့အခါ "colspan" ကိုသုံးခဲ့ပါတယ်။Row တွေကို Merge လုပ်တဲ့အခါ
တော့ "rowspan" ကိုသုံးပါတယ်။
နမူနာ ပြထားတာ ကိုကြည့်ပါမယ်။

1.png

ဒါကရိုးရိုး 2 row 2 column 4 cell table တစ်ခုပါ။
အဲ့ဒီမှာရှိတဲ့ cell 1 နှစ်ခုကို တစ်ခုတည်းဖြစ်ဖို့အတွက် row merge ကိုသုံးရပါမယ်။

2.png

အပေါ်ကနမူနာ code မှာ tr နှစ်ခုရှိပါတယ်။ပထမ tr မှာ td နှစ်ခုရှိပါတယ်။
ပထမ tr ရဲ့ td မှာ rowspan="2" ဆိုပီးရေးထားတာတွေ့ရမှာပါ။အဲ့code ကိုသုံးလိုက်တဲ့အတွက် နောက်ထပ်ရေးမဲ့ tr ရဲ့ ပထမ td အကွက်ကိုပါနေရာယူလိုက်မှာဖြစ်ပါတယ်။ဒုတိယ tr မှာ td တစ်ခုပဲရေးထားတာတွေ့ရမှာပါ။

3.png

ဒါက output ပါ။
Rowspan လုပ်တယ်ဆိုတာ သူ့အောက်တည့်တည့်က row ရဲ့ column ကိုပေါင်းလိုက်တာပါ။အပေါ်ကနမူနာမှာ row နှစ်ခု column နှစ်ခု cell လေးခုရှိတယ် ။rowspan ကိုသုံးပီး row နှစ်ခုရဲ့ ပထမ column ကိုပေါင်းလိုက်တယ်။ အဲ့တော့ ဒုတိယ row မှာ cloumn ကတစ်ခုပဲရှိတော့တယ်။
အဲ့တာကို ကျွန်တော်တို့က ဒုတိယ row မှာ cloumn နှစ်ခုထည့်ပီးစမ်းကြည့်ကြပါမယ်။(ပိုနားလည်အောင်လုပ်တာပိုရှုပ်သွားပီထင်တယ် 😛)

4.png

Rowspan လုပ်မယ်ဆို့ ဒုတိယ tr မှာ td နှစ်ခုပဲရှိရမှာပါ။Output ကိုကြည့်ရအောင်။

5.png

ဒုတိယ row မှာ column နောက်တစ်ခုထပ်ရေးလိုက်တဲ့အတွက် cell ကွက်ကတစ်နေရာစာပိုသွားပါတယ်။ပုံမှန်ဆိုဒီTable မှာက column cell က နှစ်ကွက်ကဲရှိရမှာကို သုံးကွက်ရှိသွားတာပါ။
အဲ့တာကြောင့် ပထမ row မှာ cell တစ်ကွက်လွတ်ကျန်နေတာကိုတွေ့ရမှာပါ။

ဒီနေ့တော့ဒီလောက်ပါပဲ။နောက်တစ်ခါကျရင် rowspan နဲ့ colspan ပေါင်းသုံးပြီးတော့ ရေးပြပါမယ်။ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

Written by minthwayko@minthwayko
MSC - 187

Developing A Simple Website by yourself | Ecency