အနာဂါတ်အတွက် အထင်အတွေးဟာလိုအပ်သလား
အတိတ်ကိုပြန်တွေးပြီး ဝမ်းနည်းကြေကွဲနေစရာလည်းမလိုဘူး။ အနာဂတ်ကိုတွေးပြီး စိုးရိမ်ပူပန်နေစရာလည်းမလိုဘူးဆိုတာ လည်းမှန်ပါတယ်။
ဒါပေမယ့် အတိတ်ကိုသင်ခန်းစာ ယူပြီး အနာတ်မှာကောင်းမွန်ဖို့ ပစ္စုပ္ပန်မှာကြိုးစားကြရတာဆိုတော့။
ဆောင်းတွင်းရောက်ရင်ချမ်းတတ် လို့ အနွေးထည်ဝယ်ထားဦး မှလို့ တွေးတဲ့အခါ အတိတ်မှာချမ်းမယ် ဆိုတာ ငါရဲ့အထင်ဖြစ်ချင်ဖြစ် မယ်။ မိုးတွင်းရောက်ရင် မိုးရွာလိမ့်မယ် ၊အိမ်မိုးပေါက်တွေ ဖာထားဦးမှ လို့တွေးတဲ့အခါ မိုးတွင်းမှာမိုးရွာလိမ့်မယ်လို့ ပြောတာ ငါ့ရဲ့အထင်ဖြစ်ချင်ဖြစ်မယ်။
မပူတဲ့နွေရာသီ၊ မချမ်းတဲ့ဆောင်း၊ မိုးမရွာတဲ့မိုးအခါတွေလည်း ရှိခဲ့ဖူး တာကိုး။
၂ x ၂ = ၄ ဆိုတာကတော့ သေချာပါတယ်။ငါထင်နေတာမဟုတ်ပါဘူး။ သစ်ပင်သစ်တောတွေခုတ်ပစ်ရင် အနာဂါတ်မှာ မိုးခေါင်၊ရေကြီး၊ မုန်တိုင်းတွေဖြစ်တတ်တယ်ဆိုတာ မယုံစားခဲ့တဲ့တိုင်းပြည်မျိုးမှာငါနေနေတယ်။
ကမ္ဘာကြီးကို အဆိုးမြင်သမားတွေက ကာကွယ်ထားကြတာတဲ့။
သူများနိုင်ငံတွေမှာ နောက်လာမယ့်အနှစ် ၃၀ အတွက် ဖြစ်လာနိုင်မယ့်ပြဿနာတွေ ကြို တွေးပြီးအဖြေရှာနေကြချိန် ငါတို့ လူမျိုးတွေက ပစ္စုပ္ပန်မှာပဲ ပျော် အောင်နေခဲ့ကြတာ မှန်ရဲ့လား
ပြီးတော့ သားသမီးကြီးလာရင်ပညာတတ် ကြီးဖြစ်မှ ဘဝမှာအခြေခိုင်မာရပ် တည်နိုင်မယ်ဆိုပြီး တို့တွေကို ကျောင်းတွေထား ပညာတွေသင် အမေ၊အဖေတွေကလုပ်ပေးခဲ့ကြ တယ်။ သူ့ကံနဲ့သူပေါ့ ၊ ကံကောင်း ရက်သူဘာသာသူပညာတတ်ကြီး ဖြစ်လာမှာလား
ကျောင်းထားပေးရင်၊ဆရာဝန်ဖြစ်မယ်၊အင်ဂျင်နီယာကြီးဖြစ်မယ်၊ စစ်ဗိုလ်ကြီးဖြစ်မယ်လို့တော့ မသေချာဘူးပေါ့။
မသေချာပေမယ့်လည်း ငါတို့လုပ်မပေးလို့မရဘူး။
အတိတ်ကိုသင်ခန်းစာယူပြီး အနာတ်မှာကောင်းမွန်ဖို့ ပစ္စုပ္ပန်မှာကြိုးစား နေကြရဦးမှာပဲ။ ဒါဟာပူပန်မှုတော့ဖြစ်တယ်။ ဒါပေမယ့် အဲဒီအနာဂါတ်မှာ သူများတွေထက် ပိုပြီးအေးချမ်းချင်လို့်လေ၊