ခုတလော ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ semi-final ပွဲစဉ်များနှင့်မို့ ညမအိပ်နိုင်ဖြစ်ရပြီး pro အတွက်ရေးရန်လဲပျက်ကွက်၊ မနက်ဆိုလည်း အိပ်ရထ နောက်ကျ၊အလုပ်ဖက်တွင်လည်း ထိခိုက်ဖြစ်ရတော့သည်။ အိမ်ကမိဘများမှလည်း ညဥ့်နက်သည်အထိ နေရလော၊ကြည့်ရသလော နှင့်ဆူခြင်း၊မာန်မဲခြင်းကို ခံရပါတော့သည်။မိမိမှာ ကမ္ဘာ့ဖလားသည်မှာလည်း မကြာခင် ပြီးဆုံးတော့မည်မို့ မိမိမှာ မကြည့်ရန်တွေးမိဖို့ဝေးစွ၊တဖြည်းဖြည်းနှင့် ပို၍ပင်စိတ်ဝင်စားလာရသည်။
မနေ့မနက် 00:30 AM တွင် ပြင်သစ်နိုင်ငံအသင်း နှင့် ဘယ်လ်ဂျီယံနိုင်ငံအသင်း တို့ကန်ခဲ့ပြီး ပြင်သစ်မှာ ဖိုင်နယ်တက်ခဲ့သည်။ထိုပွဲတွင် တော်တော်များများက ပြင်သစ်အသင်းအား ဗိုလ်လုပွဲတက်ရန် ထင်ကြေးပေးခဲ့ကြသလို တကယ်တမ်းတွင်လည်း ဘယ်လ်ဂျီယံကို အနိုင်ကစားကာ ဗိုလ်လုပွဲတက်ခဲ့သည်။ ထို့ကြောင့် ထိုပွဲတွင် အများမျှော်လင့်ခဲ့သလို ပြင်သစ်အသင်းက ခြေအသာဖြင့် ဘယ်လ်ဂျီယံအသင်းကို အနိုင်ရကာ ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့သည်။
သို့သော် ဒီနေ့မနက် 00:30 AM တွင် အင်္ဂလန်နိုင်ငံ အသင်း နှင့် ခရိုအေးရှားနိုင်ငံအသင်းတို့ ကန်ခဲ့ကြပြီး လူအများက အင်္ဂလန်အသင်းကို ဗိုလ်လုပွဲတက်ရန် မျှော်လင့်ခဲ့သော်လည်း ခရိုအေးရှားအသင်းမှာ ဖိုင်နယ်တက်ခဲ့ရတော့သည်။ထို့ကြောင့် ဖိုင်နယ်အဆင့်သို့တက်ရောက်လာသော ပြင်သစ် အသင်းနှင့် ခရိုအေးရှားအသင်းတို့ လာမယ့် တနင်္ဂနွေ ည 9:30 PM တွင် ဗိုလ်လုကြမည်ဖြစ်သည်။
ထို့ကြောင့် မကြာခင်တွင် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီး၏ လေးနှစ်နစ်ကြိမ် ကျင်းပမှုမှာပြီးဆုံးတော့မည်ဖြစ်သလို၊ နောက်တခါ ကမ္ဘာ့ဖလားကြည့်ချင်လျှင် နောက်လေးနှစ်ထပ်စောင့်ရမည်ဖြစ်သည်။ လေးနှစ်တကြိမ်မှ ကျင်းပသည့် ဘောလုံးပြိုင်ပွဲဖြစ်သည့်အပြင် ကမ္ဘာ့အကောင်းဆုံးအသင်းများမှ ဖိုင်နယ်တက်လာသည့် ဘောလုံးအသင်းနှစ်သင်း ယှဉ်ပြိုင်မှုကို ဧကန် စောင့်ကြည့်သင့်ပါသည်။
အရေးကြီးဆုံးဖြစ်သော ဤဖိုင်နယ်ပွဲတွင် နိုင်သည့်အသင်းသည့် ကမ္ဘာ့ဖလား ရုပ်တုကို ရယူနိုင်မည်ဖြစ်သကဲ့သို့ ကမ္ဘာ့ အလယ်တွင်ပါ လက်မထောင်နိုင်မည်ဖြစ်ပေသည်။ ထို့ကြောင့် နှစ်ဘက်အသင်းများ၏ ပရိသတ်များ၊ကစားသမားများသည် နောက်ဆုံး မိနစ်များထိ ရင်ခုန်စွာ၊စိတ်လှုပ်ရှားစွာဖြင့် အနိုင်ရရှိရန် အားသွန်ခွန်စိုက် ကြိုးပမ်းကြမည်ဖြစ်သောကြောင့် ဗိုလ်လုပွဲအတွက် ကြိုတင်ရင်ခုန်မိပါသည်။
written by @mgtoetat
photos from google
MSC-073
post on busy