ပုဂ္ဂိုလ်၎မျိုး

Words
142
Reading
1 min
Listen
Play
8y

image
crd-org-source
ဘုရားသာသနာတွင်း၌ ပုဂ္ဂို လ်၎မျိုးရှိပါသည်။
၁။ ဥဂ္ဃါဋိတညူ ပုဂ္ဂို လ်
၂။ ဝိပဉ္စတညူ ပုဂ္ဂို လ်
၃။ နေယျေ ပုဂ္ဂို လ်
၎။ ပဒပရမပုဂ္ဂို လ် တို့ဖြစ်ပါတယ်။

၁။ ဥဂ္ဃါဋိတညူ ပုဂ္ဂို လ်
ဘုရားရှင်ဟောကြားသောဝိပသနာတရားအား အကျဉ်းနာယူရုံမျှ ဖြင့် မဂ်ဖိုလ်ကို ရနိုင်သောပုဂ္ဂို လ်အားခေါ်ဆိုပါသည်။ ဥပမာအားဖြင့် ရှင်သာတိပုတ္တရာ ရင်မောက္ကလန်ကိုယ်တော်ကြီးများတို့သည် ဥဂ္ဃါတညူ
ပုဂ္ဂိုလ်တို့ဖြစ်ပါသည်။ ထိုသို့ဘုရားရှင်၏တရားကို အကျဉ်း နာရုံ့ဖြင့် မဂ်ဖိုလ်ရရန် တစ်အသချေ်နဲ့ကမ္ဘာတစ်သိန်းပါရမီဖြည့်ကြရပါတယ်။ သချေ် ဆိုတာ ရေတွက်၍ရခြင်းလို့အဓိပ္ပါယ်ရပါတယ်။ အသချေ်ဆိုတော့ ရေတွက်၍မရနိုင်ခြင်းလို့ မှတ်ယူရပါမယ်။
၂။ဝိပဉ္စတညူ ပုဂ္ဂို လ်
ဤပုဂ္ဂိုလ်များကတော့ မြတ်စွားဘုရားဟောကြားသောဝိပသနာတရားအား အကျယ်နားကြားခြင်းအားဖြင့် မဂ်ဖိုလ်ရနိုင်သူများပါ။ မြတ်စွာဘုရားရှင်လက်ထက်ရာဇဂြိုလ်ပြည်မှာ လူဦးရေ၁၂ကုဍေရှိရာမှာုလောက်က သောတပန်တည်ကြပါတယ်။ အဲဒီလူမျိုးတွေက ဝိပဉ္စတညူ ပုဂ္ဂိုလ်တွေပဲဖြစ်ပါတယ်။ထိုသို့ဘုရားရှင်တရားကို အကျယ်နားကြားပြီး မဂ်ဖိုလ်ရရန် ကမ္ဘာတစ်သိန်းပါရမီဖြည့်ကြရပါတယ်။ ဤအထက်ပါပုဂ္ဂိုလ်နှစ်မျိုးဟာ မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါ၌
သာ ပေါ်ထွန်းပါသည်။
image
crd-org-source
၎။ နေယျပုဂ္ဂို လ်
မြတ်စွာဘုရားရှင်၏တရားတော်များအားအကြိမ်ကြိမ်နာယူပြီး ပြင်းထန်စွာကျင့်ကြံအားထုတ်မှသာ မဂ်ဖိုလ်အားရနိုင်သည့်ပဂ္ဂို လ်အား နေယျ ပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။ ယနေ့ခေတ်ကာလလူပုဂ္ဂိုလ်အားလုံးတို့ဟာနေယျ ပုဂ္ဂို လ်များဖြစ်ကြပါတယ်။ ဒီခေတ်မှာ လူလာဖြစ်ပြီး မြတ်စွာဘုရားသာသနာနဲ့ လာကြုံတယ်ဆိုတာဟာ ရှေးဘဝအဆက်ဆက်က ပါရမီဖြည့်ဆည်းခံကြလိုပါ။ ဒွာရခြောက်ပေါက်ကို အပြည့်အဝခံစားနိုင်သူများအားလုံးဟာ ပါရမီဖြည့်ထားခဲ့ကြသူများပါ။ ဝိပသနာတရားကို တကယ်လုပ်ချင်စိတ်နဲ့ ပြင်းပြင်ပြပြလုပ်ဖို့ပဲလိုပါတယ်။ တချို့ က အပေါ်ရံလုပ်ပြီး ဖြစ်ပျက်မမြင်တော့ ငါဒီဘဝတရားမရနိုင်ဘူး ပါရမီဖြည်ဖို့လိုသေးတယ်နဲ့တူတယ်ဆိုပြီးလက်လျော့သွားတတ်ကြပါတယ်။ အဲဒီလိုဖြစ်မှာစိုးလို့ နာကြားဖူးတဲ့တရားတော်များထဲက တချို့ ကိုကောက်နုတ်တင်ပြတိုက်တွန်းရခြင်းဖြစ်ပါတယ်။
၎။ ပဒပရမပုဂ္ဂို လ်
မြတ်စွာဘုရားရဲ့ သာသနာနဲ့တွေကြုံပေမဲ့ မဂ်ဖိုလ်မရနိုင်တဲ့ပုဂ္ဂိုလ်မျိုးကို ခေါ်ဆိုပါတယ်။ တရားသံကြားပေမယ် စိတ်မဝင်စားဘူး။ပြောလည်းနားမလည်ဘူး။ ဘယ်လိုပဲ တိုက်တွန်းတိုက်တွန်း စိတ်မဝင်စားဘူး။ဒီလိုလူမျိုး တွေနဲ့ ဒွာရခြောက်ပေါက်ထဲက တစ်ခုခုချို့ ယွင်းနေတဲ့သူမျိုး တွေကတော့ ဒီဘဝမှာ ဘယ်လိုမတရားမရနိုင်ပါဘူး။
image
crd-org-source
ကျွန်တော်တို့steemitအဖွဲ့သားတွေ အားလုံးဟာ နေယျ ပုဂ္ဂိုလ်တွေထဲမှာပါကြသူများပါ။ တရားထူးတရားမြတ်ကိုရနိုင်သူတွေကြီးပါပဲ။ အဲဒါကြောင့် အသေမဦးခင် ဥာဏ်ဦးပြီး အပယ်လွတ်နိုင်ကြပါစေလို့ဆန္ဒပြုရင်း နိဂုံးချုပ်ပါတယ်။
MSC-251
writer mgmglattt@mgmglattt

ပုဂ္ဂိုလ်၎မျိုး | Ecency