အစုန် အဆန်

Words
117
Reading
1 min
Listen
Play
8y

image
crd-org-source
အစုန်အဆန်လို့မြင်လိုက်ပြီဆိုရင် လူတိုင်းလိုလိုနားလည်ကြတာက အစုန်ဆိုရင်သက်သာမယ်။ အဆန်ဆိုရင် ခက်ခဲပင်ပန်းမယ်။ မေတ္တာမှာအစုန်အဆန်ရှိသလို တရားမှာလည်းအစုန်အဆန်ရှိပါတယ်။ အနာခံမှအသာစံရမယ်ဆိုတဲ့ ဆိုရိုးစကားနဲ့နီးစပ်တဲ့စကားစုတစ်ခုလို့ပြောလို့ရပါတယ်။ ပေးဆပ်ခြင်းမေတ္တာဟာ စုန်ရေနဲ့တူသလို ရယူခြင်းဟာ ဆန်ရေနဲ့တူပါတယ်။မိဘမေတ္တာဆိုရင်စုန်ရေပေါ့။ မိဘတွေတော်တော်များများဟာ သားသမီးတွေအတွက် အချိန်တွေငွေတွေ ခွန်အားတွေပေးဆပ်ကြပေမဲ့ နောင်အသက်ကြီးလာလို့ ကိုယ့်အပေါ်သားသမီးတွေက ပြန်သိတတ်ပြီး ကျွေးမွေးပြုစုစောင့်ရှောက်ခံရဖို့ဆိုတာ မသေချာပါဘူး။ဒါပေမဲ့လည်း မိဘတာဝန် မိဘမေတ္တာဆိုတဲ့ အသိတစ်ခုနဲ့ နှစ်ပေါင်း၂၅နှစ်နီးပါး ကျွေးမွေးစောင့်ရှောက်ခဲ့ကြပါတယ်။တချို့ သားသမီးတွေဆိုရင် ပညာစုံ ကြင်ရာစုံပြီး အလုပ်ကိုင်
ရှိနေရဲ့သားနဲ့ မိဘဆီကလိုချင်နေသေးတာကို ကျွန်တော်တို့ပတ်ဝန်းကျင်တဝှုက်မှာတွေ့နေရတယ်။မိဘရဲ့တန်ဖိုးကိုနားမလည်ကြဘူး။ မိဘနဲ့ပက်သက်ပြီးကျွန်တော်အကြံပြုချင်တာကတော့
[ လူလွတ်တွေနဲ့အတူနေအိမ်ထောင်သည်တွေကိုပါ]
စိတ်ပါလက်ပါနဲ့ပြုစုပါ။လုပ်ကျွေးပါ။ လုံးဝမငြိုငြင်ပါနဲ့။အဲဒီလိုသားသမီးမျိုးဟာ လက်ရှိဘဝကော နောင်ဘဝဆက်တိုင်းကော လူ့အထက်တန်းစားတွေဖြစ်လာပါလိမ့်မယ်။
image
crd-org-source
အစုန်အဆန်နဲ့ပက်သက်ပြီးရေးမယ်ဆိုရင် အကြောင်းအရာတွေက အများကြီးပါ။ကျွန်တော်အဓိကရေးချင်တာက လူတိုင်းသတိမပြုမိတဲ့
တရားနဲ့ပက်သက်တဲ့အစုန်အဆန်အကြောင်းပါ။ တချို့ တရားနာတာတို့တရားစာပေတွေဖတ်သူများကတော့ အခုတင်ပြမဲ့အကြောင်းကို သိကြမှာပါ။ ကျွန်တော်တို့နေ့စဉ်ပုံမှန်သွားလာလှုပ်ရှားနေတာဟာ အစုန်လမ်းကိုသွားနေတာနဲ့တူပါတယ်။ ရုပ်နာမ်အကြောင်းမသိ ခံန္ဓာ
ငါးပါးဆိုတာဘာမှန်းမသိ ဖြစ်ပျက်ဆိုတာဘာမှန်းမသိပဲဒီလိုပဲ အလုပ်လုပ်လိုက် စားလိုက်အိပ်လိုက် မိသားစုတွေနဲ့ ပျော်ရွင်လိုက်နဲ့နေနေကြတာဟာ သံသရာရှည်ကြောင်းအပြုအမူတွေပါပဲ။ အရင်post
မှာလည်းဖေါ်ပြခဲ့ပြီးပါပြီ။ သံသရာထဲမှာလည်နေသရွှေ့ သုကတိဘုံထက် ဒုက္ခတိဘုံမှာနေရတာကပိုများပါတယ်လို့ဖေါ်ပြခဲ့ပါတယ်။
ဒီအချက်မသိပဲကိုယ်နေချင်သလိုနေမယ်ဆိုရင်တော့သံသရာရှည်ဦးမှာပါပဲ။ သံသရာရှည်ထဲမှာ နေနေချင်သေးတယ်ဆိုရင်တော့ ဘာမှအားထည့်စရာမလိုပါဘူး။ ဘိုနေမြဲကျားနေမြဲနေသွားရုံပါပဲ။ ရေစုန်လမ်းမှာ လှေလှော်ရသလိုမျိုးနေသွားရုံ့ပါပဲ။
image
crd-org-source
သံသရာကလွတ်ချင်တယ်ဆိုရင်တော့ ဒီအတိုင်းနေလို့မရပါဘူး။ ခက်ခဲမယ် ပင်ပန်းမယ်
တစိုက်မတ်မတ်ကြိုးစားနေဖို့လိုပါလိမ့်မယ်။ သံသရာလွတ်ချင်တယ်ဆိုရင်တော့ "ဝိဇ္ဇာစရဏ သမ္မန္ဓော"အသိနဲ့အကျင့်နှစ်မျိုးလုံး ပြည့်စုံရမှာဖြစ်ပါတယ်။ ဝိပသနာတရားတွေကို မထမဦးစွာသိအောင် တရားနာခြင်း တရားစာပေများဖတ်ခြင်းတို့ကိုလုပ်ဆောင်ရပါမယ်။
သိပြီဆိုတော့မှ တရားပတ်ဝင်ပြီးဆရာများရဲ့လမ်းညွှန်မှုအရ ခန္ဓာဥာဏ်ရောက်တရားများအတိုင်း နေ့စဉ်မပျက် လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်နေရင်းတရားရပြီဆိုလျင် သံသရာကလွတ်ပြီပေါ့။ တရားရမရက ကိုယ့်ကိုကိုယ်သိပါတယ်။ မိမိရဲ့အဆိုးဆုံးအကျင့်တစ်ပျောက်သွားပြီ ဘယ်အချိန်မှာမှ မပေါ်လာတော့ဘူးဆိုရင် အဲဒါတရားရတာပါပဲ။ သံသရာကလွတ်ဖို့ဆိုရင် ရေအဆန်လမ်းအား လှေလှော်ရသလို ခက်ခဲပါလိမ့်မယ်။ ကြိုးစားရင်တော့ဖြစ်ပါတယ်။အဲဒီတော့ steemitအဖွဲ့ကြီးအားကျွန်တော်မေးချင်တာလေးက
ကျန်ရှိနေတဲ့အချိန်အား စုန်ဆင်းမလား ဆန်တက်မလားမေးရင်းနိဂုံးချုပ်ပါတယ်ခင်ဗျာ။
MSC-251
mgmglattt@mgmglattt

အစုန် အဆန် | Ecency