သင်တန်းများတက်ရင်ခြင်းအကျိုးကျေးဇူး

mgloki(26)
Published in
#myanmar
Words
140
Reading
1 min
Listen
Play
9y

ဒီနေ့ သင်တန်းတွေ ဆက်တိုက်တက်ရတဲ့ အကြောင်းလေး နည်းနည်းရေးမယ်ဗျာ...။

-တိုးတက်နေတဲ့ခေတ်ရေစီးကြောင်းအရ လူတွေလဲ လိုက်ပါစီးမျောရတဲ့ အတွက် ယနေ့ခေတ် လူတော်တော်များဟာ သင်တန်းတွေ ရည်ရွက်ချက် ကိုယ်စီနဲ့ တက်ရင်း ဘဝဝမ်းစာ ဖြည့်ကြရတယ်...။

-တချို့ကျတော့လဲ ပိုက်ဆံပေါလို့၊ သိချင်တာတွေ များလို့ စသဖြင့် တက်ကြတယ်။

  • ကျွန်တော့် ရည်ရွယ်ချက်ကတော့ (၃) ချက်ဘဲ ရှိပါတယ်။
    (၁) Life Career အတွက်
    (၂) Network အတွက်
    (၃) ဆရာသမားတွေထံမှ အတွေ့အကြုံကောင်းတွေ နည်းနာနိတ်သရတွေ ရဖို့အတွက်။

(၁) Life Career အတွက်ကတော့ ဆက်တိုက်တက်နေရဦးမှာဘဲဗျာ...။ စီးပွားရေးအမြင်နဲ့ ပြောရရင် ကိုယ့်ကိုကို Investment လုပ်ခြင်းပေါ့ဗျာ...။ ကိုယ့်ဘဝဝမ်းစာ ပြည့်လာလေလေ ကိုယ့်အတွက် Income များများ ဖြစ်လာလေလေပေါ့ဗျာ..။

(၂) Network ရယူဖို့ကျတော့် ကျွန်တော်တို့ဟာ လုပ်ငန်းခွင်ထဲ ရောက်သွားပြီ ဆိုတော့ State School တုံးကလို့ (သို့) University တုံးကလို လူတွေအများကြီး တွေ့ဖို့က ခဲယဉ်းသွားပြီ။ နောက်ပြီး ကိုယ့်နဲ့ အစပ်အဟတ် တည့်တဲ့ နေရာရောက်ဖို့လဲ ခဲယဉ်းသွားပြီး။ အဲ့ဒါကြောင့် သင်တန်းတွေ တက်ခြင်းဖြင့် ပတ်ဝန်းကျင်အသစ်တွေ တွေ့စေတယ်။ တစ်ခါတလေ တကယ့်ကို ကူညီပေးနိုင်မယ့် လူတွေနဲ့ဆုံစေတယ်။ နောက်အကျိုးကျေးဇူးတော်တော်များရပါတယ်။

(၃) ဒီအချက်ကတော့ ဆရာသမားတွေထံက နည်းနာနိတ်သရတွေ ရဖို့က အလုပ်အလုပ်နေရင်းနဲ့လဲ ရနိုင်ပေမဲ့ ကိုယ့်အထက်က လူက ကိုယ့်ကို ကောင်းကောင်း Mentoring မလုပ်ပေးနိုင်ရင်လဲ မရနိုင်ပါဘူး။ သင်တန်းတွေဘာတွေက ဆရာသမားတွေရဲ့ Experiences တွေကလဲ ကိုယ့် life career အတွက် ကေင်းကောင်း အသုံးဝင်နိုင်ပါတယ်။
(တစ်ခါတလေတောင် ကိုယ့်ရဲ့ ပိတ်ဆို့နေတဲ့ အသိဥာဏ်တွေတောင် ဖွင့်ထုတ်ပေးနိုင်စွမ်းရှိပါတယ်။)

အဲ့ဒါကြောင့် ကိုယ့်ဘဝအတွက် ကိုယ်ဖြည့်ပါ။ သင်တန်းတွေ မတက်ဘဲ စာအုပ်တွေကျည့်ဖတ်လဲ မရဘူးလား ဆိုတော့ ရပါတယ်ဗျာ...။ စာအုပ်ဖတ်တဲ့ လူနဲ့ သင်တန်းတက်တဲ့လူနဲ့ ယှဉ်ရင်တော့ သင်တန်းတက်တဲ့ လူတွေ အများကြီးသာပါတယ်ဗျာ...။ ကျနော် အထက်မှာ ပြောခဲ့တဲ့ အကျိုးကျေးဇူးတွေ အများကြီး ရနိုင်ပါတယ်။
#Mg_loki

သင်တန်းများတက်ရင်ခြင်းအကျိုးကျေးဇူး | Ecency