သုည

manwai(31)
Published in
#esteem
Words
52
Reading
1 min
8y
Listen to this post
~1 min

image

သုည

ကမ္ဘာပတ်ဖို့ သူတို့အဖော်စပ်တုန်းက
မလိုက်တော့ပါဘူးလို့
ငါငြင်းလိုက်တယ် ...

လုံလောက်တာထက်အများကြီးပိုတဲ့
ငွေကြေးအပိုင်းအစတစ်ခုက
ငါ့ကိုမကြားတကြား
ကဲ့ရဲ့တယ် ...

ငါခေါင်းငုံ့အသာအယာနေလိုက်ပါတယ် ...
...
ငါ့ကိုယ်ငါတောင်
ကဲ့ရဲ့မိလိုက်သေးတယ် ...

image
.......
ငါဘာလို့
ငြင်းဆန်တာတွေ
ဒီလောက်များခဲ့သလဲ ...
...
...

ငါလိုချင်တာတစ်ခုရဖို့
ငါလိုချင်တာဆယ်ခုကို
စွန့်ခဲ့တယ် ...
...
အဲဒါဘာလို့လဲ
.
.

ငါမင်းကိုပြောမယ် ...
လူတွေဘဝ ဘာလို့ဒီလောက်ရှုပ်ထွေးလဲ ...
သိလား ...
.. ဘာမှမရှိတဲ့အခန်းထဲမှာ
တစ်ယောက်တည်း
ဘာမှမလုပ်ပဲ
မနေနိုင်လို့ ....

Credit မHtet Htet Htun

Photo : facebook

image

သုည | Ecency