နာသလား

manwai(31)
Published in
#esteem
Words
72
Reading
1 min
8y
Listen to this post
~1 min

image

နာသလား

လူတစ်ယောက်ပေါ့ ဆရာဝန်ဆီရောက်လာတယ်

“ဆရာ ကျွန်တော် ဘယ်နေရာကို ထိလိုက် ထိလိုက် နာနေပါတယ်ခင်ဗျာ … ကယ်ပါဦး”

ဆရာဝန်က သူ့ကိုကြည့်လိုက်တယ်

“ခင်ဗျားထိပြစမ်းပါ ကြည့်ရအောင် … ကဲ လက်ညှိုးလေးနဲ့ ဒူးခေါင်းကို ထိကြည့်”

“အား နာတယ်”

“ဟုတ်ပြီ … မေးစိကို ထိကြည့်”

“နာတယ်”

“နှာခေါင်းကိုထိကြည့်”

“နာတယ်”

“ပါးစပ်”

“နာပါတယ်ဆိုမှ”

“ဆံပင်”

“အား နာတယ်”

“ဆံပင်ကိုထိတာ နာတယ် … ဟုတ်လား”

image

“ဟုတ်ကဲ့ ဘာကိုပဲ ထိလိုက် ထိလိုက် နာနေတာပါပဲခင်ဗျာ”

“ကျွန်တော် အဖြေသိပြီ”

ဆရာဝန်က သူ့လက်ညှိုးကို ကိုင်လိုက်တယ်

“အား နာလိုက်တာ”

“ခင်ဗျား နာနေတာ လက်ညှိုးပဲ။ လက်ညှိုးက ကျိုးနေတော့ နာနေတာပေါ့”

ကိုယ့်ဘာသာကိုယ် ဘာဖြစ်လာသလဲဆိုတာ သိအောင်လုပ်ကြပါ

လက်ညှိုးနဲ့ ထိုးတိုင်း နာနေတာ လက်ကျိုးလို့ ကျိုးမှန်းမသိတဲ့သူလို ဖြစ်နေပါ့မယ်

(မြန်မာ့ငနာကြီးများကို ရည်ညွှန်းပါတယ်)

တင်ညွန့်

photo : facebook

image

နာသလား | Ecency