ဘဝဖြူစင်

Words
186
Reading
1 min
8y
Listen to this post
~1 min

image

ဘဝ ဖြူစင်

တစ်နေ့တော့ တောထဲမှာ ဝက်နဲ့ခြင်္သေ့ လမ်းပေါ်မှာ တွေ့ကြတယ်တဲ့။ ဝက်က ခြင်္သေ့ကို စိမ်ခေါ်တယ် .. ခြင်္သေ့ သတ္တိရှိရင် ငါနဲ့ ဖိုက်မလား တဲ့။ ခြင်္သေ့ကလည်း အော် ဒီဝက်က ငါ့ကိုစိမ်ခေါ်နေတယ် .. လာလေ့ ဖိုက်တာပေါ့ တဲ့။ 
 အဲဒီတော့ ဝက်က ခဏနေအုံးဆိုပြီး ..အနားက မစင်တွင်းထဲ ဆင်းပြီး အားရပါးရလူးတယ်တဲ့ .. ပြီးတော့ ပြန်တက်လာတယ်။ ပြီးမှ ခြင်္သေ့ လာ ဖိုက်မယ် တဲ့။
 ခြင်္သေ့က မစင်တွေနဲ့ နံစော်နေတဲ့ ဒီရွံ့စရာဝက်ကို မသတီတဲ့အကြည့်နဲ့ ကြည့်ပြီး တော်ပါပြီကွာ ဆိုပြီး လှည့်ထွက်သွားတော့တယ် တဲ့။

ဝက်က နောက်ကနေ ဟေ့ကောင်ခြင်္သေ့ မင်းငါ့ကို ကြောက်သွားပြီမလား .. လို့ အော်ပြောနေတယ်တဲ့။ ခြင်္သေ့ကတော့ လှည့်တောင် မကြည့်တော့ပါဘူး တဲ့။

အဲလိုပဲ ကိုယ့်ဘဝမှာလည်း အဲလို မစင်တွေလူးထားတဲ့ ဝက်လိုလူနဲ့ ကြုံရတတ်တယ် ဆုံရတတ်တယ်နော်။ ရှောင်လို့ရတဲ့ ကိစ္စတော့ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ မစင်တွေလူးထားတဲ့ ဝက်လိုလူတွေ လောကမှာ အများကြီး။ သူတို့လိုလူက လူများစု။

လူတွေကတော့ ဆုတောင်းကြတယ်။ အဲဒီမစင်တွေလူးထားတဲ့ ဝက်လိုလူနဲ့ မတွေ့ပါရစေနဲ့ .. အဲဒီဝက်လိုလူတွေနဲ့ ဘဝဆက်တိုင်းဆက်တိုင်း မဆုံပါရပါစေနဲ့ ဆုတောင်းကြတယ်။
အဲဒီဆုတောင်းကတော့ ပြည့်ဖို့ သိပ်မလွယ်ဘူး ထင်တာပဲ။
အဲဒီဝက်လိုလူနဲ့ ဘယ်ဘဝရောက်ရောက် မတွေ့ဖို့ကတော့ ဖြစ်နိုင်ဖို့ ခဲယဉ်းလိမ့်မယ်။ ဘုရားတောင် တွေ့ရသေးတာနော်။ ကိုယ်က ဘာမို့လို့လဲ။
အဲဒီတော့ ကိုယ့်ဆုတောင်းကိုယ်ပဲ ပြင်မှပဲ ရတော့မယ်နော်။
image
ဒီလိုလေး ပြင်ပြီး ဆုတောင်းရအောင် ...
မစင်တွေလူးထားတဲ့ဝက်လိုလူစားမျိုးနဲ့ ကြုံတွေ့ရတဲ့အခါ...
သူနဲ့ဖက်ပြိုင်ပြီး သူလို အောက်တန်းကျသွားရတဲ့သူ မဖြစ်ပါရစေနဲ့။
သူဆိုးသလို မဆိုးတဲ့သူ ဖြစ်ရပါလို၏။
ကိုယ့်အတွင်းစိတ်ဓာတ်ကို ပိုကောင်းအောင် လုပ်နိုင်တဲ့သူ ဖြစ်ရပါလို၏...
မိမိရဲ့ သန့်ရှင်းမှု မြင့်မြတ်မှုကို အထိခိုက် အပျက်ဆီး မခံတဲ့ စိတ်အင်အား ကြီးသူ ဖြစ်ရပါလို၏.
ဘဝအဆက်ဆက် ဥာဏ်ပညာ ကြီးသူသာ ဖြစ်ပါရစေ..
ဘဝအဆက်ဆက် ကိုယ့်ဘဝလေးကိုယ် သန့်သန့်စင်စင် ဖြူဖြူစင်စင် ဖြစ်အောင် စောင့်ရှေက်နိုင်တဲ့သူသာ ဖြစ်ပါရစေ ...

ဘဝဆိုတာ ..အသက်တစ်ရာမနေရ.. အမှုတစ်ရာကြုံရ..

တဲ့ ..။
အသက်တစ်ရာသာ မနေရရင် ရှိမယ် .. အမှုတော့ တစ်ရာကြုံရမယ့် ဘဝမှာ ..
ယုတ်မာတဲ့သူတွေ ညစ်ပတ်တဲ့သူတွေနဲ့ ပြဿနာ မဖြေရှင်းရအောင် ကြိုတွေးပြီး ကြိုရှောင်နိုင်သမျှ ရှောင်ပါ...
ရေရှည်ကိုမြင်ပြီး ဥာဏ်အမြော်အမြင်ရှိရှိ နေထိုင်ပါ...
ကြုံလာခဲ့ရင် ခြင်္သေ့စိတ်ဓာတ်အပြည့်နဲ့ လှည့်ထွက်ခဲ့ပါ။
ဘယ်သူတွေ ဘာပြောပြော လှည့်မကြည့်နဲ့။ ဂရုမစိုက် မနေပါနဲ့။ ကိုယ့်မာနတွေကိုလည်း ရှေတန်းတင်မနေပါနဲ့။

ကိုယ့်အလိုချင်ဆုံးက သန့်ရှင်းဖြူစင်တဲ့ဘဝ ဖြစ်ပါတယ်...
သန့်ရှင်းဖြူစင်တဲ့ဘဝကို အညစ်အပေ မခံတဲ့သူပဲ ဖြစ်ပါရစေ ...

photo: facebook

image