Sagaing Fruit (Part-1)

Words
146
Reading
1 min
Listen
Play
8y

စစ်ကိုင်းသီး (or) တရုတ်ဇီးသီး အကြောင်း ( အပိုင်း-၁)

Hello , all steemit member .

အရသာ ရှိလှတဲ့ စစ်ကိုင်းသီး ခေါ် တရုတ်ဇီသီး ပင်များ၌ တရုတ်ဇီသီးများ
အခိုင်လိုက် ညွှတ်နေအောင် သီးနေကြပြီ ဖြစ်ပါတယ်

ကျမတို့ အိမ်ခြံဝင်းအတွင်း မှာရှိသော တရုတ်ဇီသီးပင် ၃ပင်စလုံးတို့တွင်
လည်း တရုတ်ဇီးသီး များ ရင့်မှည့် ရရှိနေပြီ ဖြစ်ပါသည်

image

စစ်ကိုင်းသီး ခေါ် တရုတ်ဇီးသီးသည် တစ်နှစ် မှာ တစ်ခါသာ အသီးသော
အပင် ဖြစ်ပါသည်

တရုတ်ဇီးသီး ပင်သည် အပင်ကြီး အမျိုးအစား ဖြစ်ပြီး နှစ်ရှည်ပင် ဖြစ်ပါသည်

အပင်အနည်းငယ် ကြီး ပြီး ၁၀နှစ်သက်တန်း ဝန်ကျင် ဆိုလျင် အသီးစတင်
သီးလေ့ ရှိပါသည်

စစ်ကိုင်းမြို့ ပတ်ဝန်းကျင် တွင် တရုတ်ဇီးသီးပင်များအား နေရာအနှံ့ မြင်တွေ့ရပြီး ရေမြေကောင်းပြီး ဂရုစိုက်နိုင်ပါက အသီးဖြစ်ထွန်အောင်မြင် ပြီး
တစ်နှစ်တစ်ရာသီ အတွက် ဝင်ငွေ ရရှိ နိုင်စေပါသည်

တရုတ်ဇီးသီး၏ ပုံသဏ္ဌာန် နှင့် အရွယ်အစားမှာ အသီးသည် လုံးဝန်း ၍ အပေါ်ယံတွင်အခွံပါးဖြင့် ဖုံအုပ်ထားပါသည်

အရွယ်အစားမှာ လောက်စာလုံးခန့် ရှိပါသည် အတွင်မှအစေ့သည် အနက်ရောင် ရှိကာ အသားထူ ပြီး အရည်ရွမ်းပါသည် အရသာမှာ ချိုပြီး ထူးခြားသည့် အရသာ ရှိပါသည်

ထိုအသီးခိုင်များအား တရုတ်ဇီးသီးဟု ခေါ်လာရခြင်ူမှာ တရုတ်လူမျိုးများ
အင်မတန် ကြိုက်နှစ်သက်ကြသောကြောင့် စစ်ကိုင်းမြို့ တစ်ခွင် သီးလေ့ရှိသော အသီးလေးများ အား တရုတ်ဇီးသီးဟု သုံးနှုံး ခေါ်ရာမှ တရုတ်ဇီးသီးဟု
အမည်တွင်လာခဲ့ခြင့်း ဖြစ်ပါသည်

လွန်ခဲ့သော နှစ် ၂၀, ၃၀ ဝန်းကျင်လောက်မှစတင်ကာ မန္တလေး မှ
တရုတ်လူမျိုး များသိရှိသွားကြပြီး တရုတ်ဇီးသီး သီးချိန်ရာက်ပါက တရုတ်လူမျိုးများ သည် စစ်ကိုင်းမြို့ ရှိ တစ်ရုတ်ဇီးသီပင်များ ရှိ တရုတ်ဇီသီးများအား အပင်
ပြတ် ဝယ်ယူ ၍ တရုတ်ပြည်ထိ တင်ပို့ရောင်းချ ခဲ့ကြရာမှ တရုတ်ဇီးသီး ဈေးကွက်လည်း ပေါ်ပေါက်လာခဲ့ပါတော့သည်

… ဆက်ရန်…

mamamyanmar@mamamyanmar

Sagaing Fruit (Part-1) | Ecency