Pin Mashroom Salad

Words
159
Reading
1 min
Listen
Play
8y

အပ်မှို သုပ်

Hello , all steemit member .

မိုးအကုန် ဆောင်းဝင်ကာစ အချိန် ဖြစ်တာကြောင့် ရာသီဥတုကလည်းမှိုင်း လူကလည်း သွက်သွက်လက်လက် မရှိ လေးလံထိုင်မှိုင်း လျက် ရှိပါသည်
ထို့ကြောင့် အစားအသောက်ကိုလည်း ချဉ်ချဉ်ငံငံစပ်စပ် အရသာရှိသော အစားအစာ များကို ရွေးချယ်စားသောက် ရာတွင် အရသာလည်းရှိ သည့် ချဉ်ငံစပ် အပ်မှို သုပ် ပြုလုပ်စားသောက်ရင်း အပ်မှိုသုပ် ပြုလုပ်နည်း အားရေးသားလိုက်ပါသည်

image

ပါဝင်ပစ္စည်းများ

1- အပ်မှို ၁ ထုပ်
2- ပုဇွန်ခြောက် ဟင်းစားဇွန်း ၁ ဇွန်း
3- ငံပြာရည် ဟင်းစားဇွန်း ၁ဇွန်း
4- ခရမ်းချဉ်သီး ၁လုံး
5- ကြက်သွန်နီ ၁လုံး
6- ကြက်သွန်ဖြူ ၃ မွှာ
7- ငရုတ်သီးစိမ်း - ၅တောင့်
8- သုံရာသီး ၁ လုံး
9- အရသာမှုန့် အနည်းငယါ
10- မြေပဲလှော် ဟင်းစားဇွန်း ၁ ဇွန်း
11- ဆီကျက် ဟင်းစားဇွန်း ၁ဇွန်း လိုအပ်ပါတယ်

တို့ လိုအပ်ပါတယ်

ပြုလုပ်နည်း

အရင်ဆုံး အပ်မှို များအား အမြစ်များဖယ်ရှား၍ ရေစင်အောင်ဆေးကြော ပါ
ထို့နောက် ရေနွေးဖျော ရေစစ်ထားပါ

ပုဇွန်ခြောက် မြေပဲလှော် ကြက်သွန် ဖြူ ငရုတ်သီးစိမ်း များအားညက်နေအောင်ထောင်းထားပါ

ကြက်သွန်နီ ပါးပါးလှီး ခရမ်းချဉ်သီး ကြမ်းကြမ်းလီးထားပါ

နယ်မည့်ပုဂံတွင် ရေစစ်ထားသောအပ်မှိုများထည့် အပေါ်မှ ငံပြာရည် လှီးထားသော ကြက်သွန်နီ ခရမ်းချဉ်သီးများထည့် ထောင်းထားသော ငရုတ်စိမ်း မြေပဲ ပုဇွန်ခြောက် အရသာမှုန့် တို့ထည့်နယ် သံပုရာသီးညှစ်ထည့် အရသာအပေါ့အငံ မြည်း၍ စားသုံးနိုင် ပြီး ဖြစ်ပါသည်

image

အပ်မှို တွင် ဗီတာမင် သံဓာတ် သတ္တုဓာတ် များစွာ ပါဝင်သည် အပ်မှိုမှာ ပါဝင် သည့်အမျှင်ဓာတ်သည် ဂေါ်ဖီထုပ်တွင် ပါဝင်သည့် အမျှင်ဓာတ်၏ ၂ဆပိုများ သည်ဟု ဆိုပါသည်

အပ်မှိုသည်သွေးထဲ ရှိသကြားဓာတ်ကို ထိန်းပေးနိုင်တဲ့ အစွမ်းသတ္တိ ရှိသည့်အတွက် ဆီးချို ရောဂါ ရှိသူများ အတွက့် သင့်လျှောပါသည်
ထို့အပြင် အဆီကို လောင်ကျွမ်းစေနိုင်တာကြောင့် ကိုယ်အလေးချိန်ကို လျော့ကျစေသည့်အတွက် အဝလွန်သူများ စားပေးသင့်ပါသည်

လ်ုက်ပါပြုလုပ်စားသောက်ကြစေရန် ရည်ရွယ်လျက်

mamamyanmar@mamamyanmar

Pin Mashroom Salad | Ecency